ပရိသတ်တွေကို ဧပြီလအတွက် သီချင်းတစ်ပုဒ်လက်ဆောင်ပေးလိုက်တဲ့ စိုင်းစိုင်းခမ်းလှိုင်

စိုင်းစိုင်းခမ်းလှိုင်ကတော့ ပရိသတ်တွေရဲ့အချစ်တွေရရှိထားသလို ရာစုနှစ်(၂)နှစ်တိုင်အောင် ထိပ်တန်းအဆိုတော်အနေနဲ့ရပ်တည်နေတာပါ။ ဒိတ်ဒိတ်ကြဲအနုပညာရှင်တစ်ယောက်ဖြစ်သလို ပရိသတ်တွေကိုလည်း အကောင်းဆုံးအနုပညာစွမ်းရည်တွေချပြလေ့ရှိသူပါ။ ဒီနေ့မှာတော့ ဧပြီလတိုင်း သီချင်းဗီဒီယိုလက်ဆောင်ပေးတဲ့အစဉ်အလာကိုမဖျက်ဘဲနဲ့ ပရိသတ်တွေကို သီချင်းတစ်ပုဒ်လက်ဆောင်ပေးထားပါတယ်။

အဲ့ဒီအကြောင်းကိုလည်း “April လတိုင်း သီချင်းဗီဒီယိုသစ်လက်ဆောင်ပေးနေကျမှာ ဒီနှစ်တော့ ပြီးခဲ့သောဇာတ်လမ်းအကျဉ်း Live in national theatre ထဲက ပထမဆုံး Single အဖြစ် အိုကမ္ဘာမြေ သီချင်းကို ဖြန့်ချိလိုက်ပါတယ်”ဆိုပြီး သူ့ရဲ့ဖေ့ဘွတ်ခ်မှာ သီချင်းကိုတင်ပေးခဲ့ပါတယ်။ ပရိသတ်တွေကတော့ သီချင်းဗီဒီယိုလေးကို ကြိုက်နှစ်သက်နေကြတဲ့အကြောင်းကို မှတ်ချက်ပေးခဲ့ကြပါတယ်။

အဲ့ဒီသီချင်းလေးဖန်တီးဖြစ်တဲ့အကြောင်းကိုလည်း “ဒီသီချင်းက 2004 ဆူနာမီအပြီးမှာရေးခဲ့တဲ့ Rap တွေဖြစ်ပြီးတော့ Dream Lover တီးဝိုင်းရယ် ဂီတကဗျာ Orchestraရယ်နဲ့ တွဲဖက်ပြီး တစ်ပုဒ်လုံး ပြန်လည်ဆန်းသစ်ထားတာပါ။ ( ကျနော် Rap အသစ်တွေ မရေးနိုင်ခင်မှာ ဒီသီချင်းလေးကို အရင်ခံစားပေးပါလို့ ပန်ကြားအပ်ပါတယ် )” လို့ ပြန်လည်မျှဝေထားပါသေးတယ်။ဒါ့အပြင် ကပ်ရောဂါကြီးကိုရင်ဆိုင်နေရတဲ့ ကမ္ဘာလောကကြီးအတွက်လည်း “လူတွေအကုန်လုံး နေကောင်းကျန်းမာပြီး အရာရာ အမြန်ဆုံးပြန်လည်အဆင်ပြေပါစေ” လို့ ဆုတောင်းထားပါသေးတယ်။ စိုင်းစိုင်းရဲ့သီချင်းကိုပြန်လည်မျှဝေလိုက်ပါတယ်နော်…

Source:SaiSaiKhamLeng

x