မွေးနေ့ရက်မြတ်မှာ အလှူအတန်းတွေပြုလုပ်ခဲ့တဲ့ မင်းသမီးချောလေး ခေးဆက်သွင်

ချစ်စရာအပြုံးလေးတွေနဲ့ပရိသတ်အချစ်တွေကို ရရှိထားတဲ့ MRTV-4 မင်းသမီးချောလေးကတော့ခေးဆက်သွင်ပါ။ နှင်းဆီဇာတ်လမ်းနဲ့အတူ ပရိသတ်တွေကြားမှာ လူသိများကာအချစ်တွေရရှိထားတာလည်း ဖြစ်ပါတယ်။ ဒီနေ့ကတော့ မင်းသမီးချောလေးရဲ့မွေးနေ့ရက်မြတ်လေးပါ။


မွေးနေ့ရက်မြတ်လေးမှာလည်း မင်းသမီးလေးကတော့ မွန်မြတ်တဲံ အလှူပြုလုပ်ဖြစ်ခဲ့တာပါ။ ဒါပေမဲ့လည်း ဘယ်လောက်လှူတယ်ဆိုတဲ့အကြောင်းကိုလည်း ထုတ်ဖော်မပြောတတ်သူလေးပါ။ အဲ့ဒီအကြောင်းကိုလည်း “မွေးနေ့အမှတ်တရလေးပါ။ ဘယ်မှာဘယ်လောက်လှူပါတယ်လို့ ဒီနောက်ပိုင်သိပ်မပြောဖြစ်တော့လို့ ပြုခဲ့သမျှ ကောင်းမှုအစုစုကို အမျှပေးဝေပါတယ်…. တစ်နိုင်ငံလုံး အန္တရာယ်ကင်းဘေးရန်ရှင်းကြပါစေ” လို့ သူ့ရဲ့ဖေ့ဘွတ်ခ်မှာရေးသားထားပါတယ်။


ခေးဆက်သွင်ကတော့ မွေးနေ့မှာမွန်မြတ်တဲ့အလှူတွေပြုခဲ့သလို မြန်မာဆန်ဆန်အဖြူရောင်ဝတ်စုံလေးနဲ့ ကျက်သရေရှိရှိလှနေခဲ့တာပါ။ ပရိသတ်တွေကလည်း မင်းသမီးချောလေးကို မွေးနေ့ဆုမွန်ကောင်းတွေ တောင်းပေးခဲ့ကြပါသေးတယ်။ မင်းသမီးချောလေး ခေးဆက်သွင်ရဲ့မွေးနေ့မှစပြီး ဘဝတစ်လျှောက်ပျော်ရွှင်စွာနေထိုင်ကာ အောင်မြင်မှုတွေကိုလည်း ဆွတ်ခူးနိုင်ပါစေ…
Source : KhaySettThwin

x