မူလီလေးတွေကို ကျေးဇူးဆပ်တဲ့ မူးလာရဲ့ပထမဆုံးကိုယ်ပိုင်သီချင်းသစ်လေး

ပရိသတ်အချစ်တော် မူးလာကတော့ သူကိုချစ်ပြီးအားပေးခဲ့တဲ့ မူလီလေးတွေကို ကျေးဇူးဆပ်တဲ့အနေနဲ့ ကိုယ်ပိုင်သီချင်းသစ်လေးတစ်ပုဒ် ထွက်လာပြီဖြစ်တဲ့အကြောင်းကို “ပထမဆုံး သီချင်းလေးကို နားဆင်ခံစားပေးကြပါဦးဗျို့ သင်္ကြန်အပြင်မှာမကဲရပေမယ့် သီချင်းနဲ့ပဲ ကဲကြတာပေါ့ ပထမဆုံး အားပေးသူ မူလီများကို ကျေးဇူးဆပ်တဲ့ သီချင်းလေးပါ အားလုံးကိုကျေးဇူးတင်ပါတယ်ဗျို့ အိမ်တွင်းပုန်းသင်္ကြန်မှာ ဂေါ်ဂေါ်ပဲဝေ့”လို့သူ့ရဲ့ လူမှုကွန်ရက် စာမျက်နှာမှာဖော်ပြထားပါတယ်။

မြန်မာအိုင်ဒေါပြိုင်ပွဲဝင် စောခရစ်မူးလာ ကတော့ ဧရာဝတီတိုင်းကနေပါဝင်ယှဉ်ပြိုင်ခဲ့သူတစ်ယောက်ဖြစ်ပြီး Top-4 အထိတက်လှမ်းနိုင်ခဲ့သူတစ်ယောက်ပါ။ပြိုင်ပွဲကြီးပြီးကတည်းက ဖျော်ဖြေရေးတွေဆက်တိုက်ဖြစ်နေတဲ့ မူးလာကတော့ သူရဲ့အနုပညာတွကို ပထမဆုံးအားပေးခဲ့ မူလီလေးတွေကို ကျေးဇူးဆပ်တဲ့အနေနဲ့ ထွက်ရှိလာတဲ့ ပထမဆုံးသော ကိုယ်ပိုင်သီချင်းလေးကတော့ ဂေါ်သင်္ကြန် ဆိုတဲ့ သင်္ကြန်သီချင်းလေးပဲဖြစ်ပါတယ်။ မူးလာရဲ့ ဂေါ်သင်္ကြန် ဆိုတဲ့ သင်္ကြန်သီချင်းလေးကိုတော့ မြန်မာနိုင်ငံက တေးချစ်သူပရိသတ်တွေအသုံးပြုမှုအများဆုံးဖြစ်တဲ့ JOOX အပလီကေးရှင်းမှာ သွားရောက်နားထောင်လို့လည်းရပါပြီတဲ့နော်။

CeleGabar ပရိသတ်ကြီးရေ မြန်မာအိုင်ဒေါပြိုင်ပွဲဝင်ဟောင်းတစ်ဦးဖြစ်တဲ့ ပရိသတ်အချစ်တော် စောခရစ်မူးလာကတော့ မူလီလေးတွေကို ကျေးဇူးဆပ်တဲ့အနေနဲ့ ကိုယ်ပိုင်သီချင်းသစ်လးတစ်ပုဒ် ထွက်လာပါပြီတဲ့နော်။ သင်္ကြန်သီချင်းလေးဖြစ်တဲ့ ဂေါ်တဲ့သင်္ကြန် သီချင်းလေးကိုတော့ JOOX မှာနားထောင်လို့ရပါပြီတဲ့နော်။

Source: Saw Chris Mooler
DarDar-CeleGabar

x