COVID-19 ကြောင့် တစ်နေ့ထဲတင်သေဆုံးသူ(၂)ဦးဖြစ်သွားတာကြောင့် သတိရှိကြဖို့ပြောလာတဲ့ ကျော်ကျော်ဗိုလ်

အနုပညာလောကမှာ အောင်မြင်ကျော်ကြားတဲ့ မင်းသားတစ်ယောက်အနေနဲ့ ရပ်တည်နေတဲ့ ကျော်ကျော်ဗိုလ်ကတော့ COVID-19 ကြောင့် တစ်နေ့ထဲတင်သေဆုံးသူ(၂)ဦးဖြစ်သွားတာကြောင့် သတိရှိကျဖို့ကို “Case 16 Covid-19 ရောဂါကူးစက်ခံရသူထပ်မံဆုံးပါးသွားပါပြီ။ ဒီနေ့တစ်ရက်အတွင်း (2) ဦးသေဆုံးသွားပါပြီ။ (2) ဦးလုံးဟာ Local Transmission(ပြည်တွင်းကူးစက်မှု) ကြောင့်ရောဂါကူးစက်ခံထားခဲ့ရသူများဖြစ်ပါတယ် #သတိရှိကြပါခင်ဗျာ #StayAtHome” လို့သူ့ရဲ့ လူမှုကွန်ရက် စာမျက်နှာမှာဖော်ပြထားပါတယ်။

ကျော်ကျော်ဗိုလ်ကတော့ သရုပ်ဆောင်အရည်အချင်းမှာသာမက သဘင်လောကနဲ့ မစိမ်းတဲ့အပြင် ဟာသညာဏ်ရွှင်သူ ဖြစ်တာမို့ နှင်းဆီအငြိမ့်များတွင်လည်း ပင်တိုင်လူရွှင်တော်တစ်ယောက် အဖြစ် ပရိသတ်ရဲ့ အားပေးမှုကို အခိုင်အမာ ရရှိထားသူလည်းဖြစ်ပါတယ်။ လက်ရှိ မြန်မာနိုင်ငံမှာတော့ COVID-19 ရောဂါကူးစက်မှုကတော့ ရောဂါပိုးတွေ့ရှိသူ (၂၂)ယောက်အထိရောက်လာပြီး သေဆုံးသူကတော့ (၃)ဦးရှိပြီလည်းဖြစ်ပါတယ်။ မင်းသားချော ကျော်ကျော်ဗိုလ်ကတော့ တစ်နေ့ထဲတင် COVID-19 ရောဂါကြောင့် သေဆုံးသူ(၂)ယောက်ဖြစ်လာတာကြောင့် ပရိသတ်တွေကို သတိရှိကြဖို့ ပြောလာပါတယ်။

CeleGabar ပရိသတ်ကြီးရေ အနုပညာလောကမှာ အောင်မြင်ကျော်ကြားတဲ့ မင်းသားတစ်ယောက်အနေနဲ့ ရပ်တည်နေတဲ့ ကျော်ကျော်ဗိုလ်ကတော့ COVID-19 ကြောင့် တစ်နေ့ထဲတင်သေဆုံးသူ(၂)ဦးဖြစ်သွားတာကြောင့် သတိရှိကြပါတဲ့။

Source: Kyaw Kyaw Bo
DrDar-CeleGabar

x