ရှင်ရေးကူညီမှုအသင်းမှာ PPE, Mask နဲ့လက်အိတ်တွေလှူဒါန်းပေးခဲ့တဲ့ ထွန်းအိန္ဒြာဗိုလ်

ပြည်သူချစ်အနုပညာရှင်တစ်ယောက်ဖြစ်တဲ့ ထွန်းအိန္ဒြာဗိုလ်ကတော့ ဒီနေ့မှာ ဆေးရုံသုံးကာကွယ်ရေးပစ္စည်းတွေကို သွားရောက်လှူဒါန်းပေးခဲ့တဲ့အကြောင်းကို သူ့ရဲ့လူမှုကွန်ရက်စာမျက်နှာထက်မှာ မျှဝေခဲ့ပါတယ်။ ထွန်းအိန္ဒြာဗိုလ်ကတော့ သရုပ်ဆောင်ပိုင်းမှာသာမက ဂီတဘက်မှာပါ ပါရမီရှိသူတစ်ယောက်ပါ။ နှစ်ဘက်စလုံးမှာ ပရိသတ်အားပေးမှုအခိုင်အမာရရှိထားသူဖြစ်ပြီး ဟိုးအရင်အချိန်ကတည်းက အခုထိအောင်မြင်မှုကို ကြာရှည်ထိန်းထားနိုင်တဲ့ အနုပညာရှင်တစ်ယောက်ဆိုရင်လည်း မမှားပါဘူး။

သူကတော့ ကိုရိုနာဗိုင်းရပ်စ်ပိုးစတင်ဖြစ်ပွားလာတဲ့အချိန်ကစပြီး ယနေ့အချိန်ထိ ချစ်ရတဲ့ပရိသတ်တွေအတွက် ဗိုင်းရပ်စ်နဲ့ပတ်သက်တဲ့ ဗဟုသုတတွေကို ဆက်တိုက်ဆိုသလို မျှဝေပေးနေသူတစ်ယောက်ပါ။ ဒီနေ့မှာတော့ Nobel Heart ရှင်သန်ရေးကူညီမှုအသင်းမှာ အသုံးပြုနိုင်ဖို့အတွက် PPE အစုံ(၂၀)၊ ဦးထုပ်(၈၀)၊ မျက်နှာအကာ (၈၀)၊ လက်အိတ်အစုံ(၅၀) တို့ကို လှူဒါန်းပေးခဲ့ပါတယ် ပရိသတ်ကြီးရေ..

အိမ်ထဲမှာနေတာကြာပြီဖြစ်တဲ့မခိုင်ကြီးကတော့ ဒီနေ့မှလှူဖို့ အပြင်ထွက်ဖြစ်တာဖြစ်ပြီး ရန်ကုန်မြို့ကြီးမှာ ကားတွေရှင်းနေတဲ့အကြောင်းကိုလည်း မျှဝေခဲ့ပါသေးတယ်။ ကိုရိုနာဗိုင်းရပ်စ်ကာကွယ်ရေးလုပ်ငန်းတွေမှာ မဖြစ်မနေလိုအပ်တဲ့ ဆေးရုံသုံးကာကွယ်ရေးပစ္စည်းတွေကို လှူဒါန်းပေးခဲ့တဲ့ မခိုင်ကြီးရဲ့အလှူပုံရိပ်လေးတွေကို မျှဝေပေးလိုက်ပါတယ်နော်။


source – Htun Aeindra Bo
Rainbow- Cele Gabar

x