အချစ်ဟောင်းကို ကျန်းမာရေးဂရုစိုက်ဖို့ သတိပေးစကားဆိုလိုက်တဲ့ G-fatt နဲ့နန်းဆု

Cele Gabar ပရိသတ်ကြီးရေ လူငယ်ပရိသတ်တွေကြားမှာ ရေပန်းစားအောင်မြင်နေတဲ့ ရပ်ပါတစ်ယောက်ဖြစ်တဲ့ G-fatt ကတော့ မကြာသေးမီကမှ အကြာကြီးတည်ဆောက်ခဲ့တဲ့ မင်းသမီးချောလေး နန်းဆုနဲ့အချစ်ရေးကို အဆုံးသတ်ခဲ့တာပါ ။ သူတို့နှစ်ယောက်လုံးကို အားကျချစ်ခင်ခဲ့ရတဲ့ ချစ်ပရိသတ်တွေက ပြန်အဆင်ပြေစေချင်ကြပေမယ့်လည်း နှစ်ဦးသဘောတူ ကောင်းမွန်စွာ လမ်းခွဲခဲ့ကြပြီး အနုပညာအလုပ်တွေကိုပဲ ကြိုးစားလုပ်ဆောင်နေကြတာဖြစ်ပါတယ် ။

Covid-19 တွေကြောင့်လူတိုင်း Home Stay လုပ်ပြီး ကာကွယ်နေကြတဲ့ ကာလမှာတော့ အနုပညာရှင်တွေလည်း ရှိုးတွေမဆိုဘဲ ရပ်ထားရတာဖြစ်ပါတယ် ။ ဧပြီလ (၄)ရက်နေ့ကတော့ နန်းဆုက ဒီအချိန်မှာ မင်းကိုပဲ စိတ်ပူတယ် ဂရုစိုက်နော် ဆိုတဲ့စာသားလေးကို သူမရဲ့လူမှုကွနန်ရက်စာမျက်နှာထက်မှာ ရေးသားခဲ့ပါတယ် ။ ဧပြီလ (၈) ရက်နေ့မှာတော့ G-fatt က ကျွန်တော်က လွမ်းပါတယ်ခင်ဗျားသာ ကျန်းမာအောင်နေပါ ဆိုတဲ့စာသားလေးကို သူ့ရဲ့ဖေ့ဘုတ်စ်စာမျက်နှာထက်မှာ ပြန်လည်ရေးသားထားတာတွေ့ရပါတယ် ။

ပရိသတ်တွေကြားထဲမှာတော့ G-fatt တစ်ယောက် အချစ်ဟောင်းကို လွမ်းနေတာလား ၊ မမနန်းဆုကို မမေ့နိုင်သေးဘူးလားဆိုတဲ့ မှတ်ချက်လေးတွေနဲ့အတူ တစ်ယောက်ကို တစ်ယောက် တကယ်ပဲ စိတ်ပူနေကြသေးလားဆိုတဲ့ မေးခွန်းလေးတွေထွက်ပေါ်လာခဲ့ပါတယ် ။ Cele Gabar ပရိသတ်ကြီးရော ဘယ်လိုထင်လဲ မှတ်ချက်ပေးခဲ့ပါဦးနော် ။

Source : G-fatt
Emily (Cele Gabar)

x