ဦးနေဝင်းရဲ့ မွေးနေ့မှာ တန်ဖိုးမဖြတ်နိုင်တဲ့ မွေးနေ့လက်ဆောင်လေး ပေးခဲ့တဲ့ အိမ့်ချစ်ချော

မကြာသေးမီကမှာ ဟိုးလေတစ်ကျော်ကျော်ဖြစ်ခဲ့တဲ့ အဆိုတော် နေဝင်းက ချစ်သူကောင်မလေးကို စင်မြင့်ထက်မှာ လက်ထက်ခွင့်တောင်းခဲ့တဲ့ သတင်းက ပရိသတ်တွေကြားမှာရေပန်းစားခဲ့ပါတယ် ။ မိန်းကလေး ပရိသတ်ထုကြီးရဲ့ အားကျခြင်းကို ခံခဲ့ရသလို အရမ်းကိုလိုက်ဖက်ညီတဲ့ သူတို့စုံတွဲလေးအတွက် ပရိသတ်တွေက ကောင်းချီးတွေပေးခဲ့ကြပါတယ် ။ ဧပြီလလောက်မှာ လက်ထက်ပွဲကျင်းပဖြစ်မယ်လို့ ပြောခဲ့တဲ့ သူတို့စုံတွဲကတော့ Pre-Wedding ပုံတွေရိုက်ပြီး ကြိုတင်ပြင်ဆင်ခဲ့ကြပေမယ့်လည်း Covid-19 ကြောင့် မင်္ဂလာပွဲကို ရက်ရွှေ့ခဲ့ရပါတယ် ။

ဒီနေ့ April 25 ရက်နေ့ကတော့ ဦးနေဝင်းရဲ့ မွေးနေ့ရက်မြတ်လေးဖြစ်ပြီး အိမ့်ချစ်ချောက တန်ဖိုးမဖြတ်နိုင်တဲ့လက်ဆောင်လေးတစ်ခုပေးခဲ့ပါတယ် ။ ဒီနေ့က ဦးနေဝင်းရဲ့ မွေးနေ့ဖြစ်သလို ချောတို့ ၂ ယောက်ရဲ့ အမှတ်တရနေ့လေးလည်းဖြစ်သွားပြီ covid 19 ကြောင့် မင်္ဂလာဆောင်ရက်ရွှေ့လိုက်ရတာကတော့ နောက်နှစ်တွေတိုင်း အသက်ကြီးတဲ့အထိ ပြန်ပြောမိနေမယ့်အမှတ်တရတစ်ခုပဲပေါ့…. အခုချိန်ထိနောင်တမရတဲ့အရာကတော့ ဘိုးတော်ကိုချစ်ခဲ့မိတာပေါ့ သုညကစပြီး အတူတူကြိုးစားခဲ့ရလို့..အဘွားကြီးဖြစ်တဲ့အချိန်ထိ အတူတူတုတ်ကောက်နဲ့လမ်းလျှောက်ချင်ပါသေးတယ်နော်

ဒီနှစ်မွေးနေ့လက်ဆောင်က ချောဘဝကြီးနော် ဒီကပ်ကြီးပြီးရင် ခရီးတွေအများကြီးသွားမယ် သီချင်းတွေအများကြီးဆိုပါ အလုပ်တွေအများကြီးလုပ်ကြမယ် ဆိုတဲ့စာသားလေးနဲ့အတူ ဒီနေ့လေးမှာ မွေးနေ့အမှတ်တရအဖြစ် မင်္ဂလာလက်မှတ်ရေးထိုးခဲ့ကြပြီး ချောတစ်ယောက် သူမရဲ့ ဘဝတစ်ခုလုံးကို နေဝင်းကို လက်ဆောင်ပေးခဲ့ပဲဖြစ်ပါတယ် ပရိသတ်ကြီးရေ ..။

Source : Travel Kueen
Emily (Cele Gabar)

x