အချစ်ရေးနဲ့ပတ်သက်ပြီးခံစားနေရတယ်လို့ယူဆရတဲ့ ပို့စ်တွေကြောင့် မေးခွန်းထုတ်စရာဖြစ်လာတဲ့ အိစိကွေး

ပရိသတ်တွေကလေးဘဝထဲက ချစ်ခဲ့ရတဲ့ အိစိကွေးလေးကတော့ အခုဆို တက္ကသိုလ်ကျောင်းသားကြီး ဖြစ်နေပြီဖြစ်ပြီး ဇာတ်လမ်းတွဲတွေ ကိုရိုက်ကူးနေပြီဖြစ်ပါတယ် ။ ကလေးဘဝထဲက သရုပ်ဆောင်ကောင်းတဲ့ အိစိက အခုချိန်ထိ သူ့ရဲ့ သရုပ်ဆောင်စကေးတွေက လုံးဝမလျော့သေးသလို အားပေးတဲ့ မိန်းကလေးပရိသတ်တွေလည်း အများအပြားပါပဲ ။ ပရိသတ်အချစ်တော် အိစိလေးကတော့ တခုခုဆိုခံစားလွယ်ပြီး အမြဲ Feel တတ်တယ်ဆိုတာကိုတော့ ပရိသတ်တွေသိပြီးဖြစ်မှာပါ ။

မကြာခဏ ဆိုသလို သူ့ရဲ့ လူမှုရေး ခံစားချက်တွေကို လူမှုကွန်ရက်စာမျက်နှာမှာ ရေးသားတတ်ပြီး လတ်တလောမှာတော့ ငယ်ငယ်ထဲက မပိုင်ဆိုင်ရလည်းဖြစ်တယ် အနစ်နာခံမယ်ဆိုတဲ့ရုပ်ဆိုတဲ့ စာသားလေးနဲ့အတူ သူ့ရဲ့ငယ်ဘဝပုံရိပ်လေးတွေကိုမိုင်ဒေးမှာ တင်ထားတာတွေ့ရပါတယ် ။ ဒါအပြင် သူ့ရဲ့ ခံစားချက်အချို့ကိုလည်း မိုင်ဒေးမှာရေးသားထားပြီး အချစ်ရေးနဲ့ပတ်သက်လို့ တခုခုခံစားနေရတယ်လို့ ယူဆရတဲ့အတွက် ပရိသတ်တွေက အရမ်းကိုစိတ်ဝင်စားနေကြပါတယ် ။

အိစိလေး တစ်ယောက် ဘာတွေများခံစားနေရလည်းဆိုတာကို ပရိသတ်တွေကလည်း သိချင်နေကြပါတယ် ။ အချစ်ရေးနဲ့ပတ်သက်ရင် ကံကောင်းလေ့မရှိတဲ့အိစိလေးကတော့ ဒီတစ်ခါမှာလည်း ခံစားနေရပြန်ပြီထင်ပါတယ် ပရိသတ်ကြီးရေ ..။

Source : Eisi Kway
Emily (Cele Gabar )

x