စားဝတ်နေရေးကျပ်တည်းနေတဲ့ ဆိုက်ကားသမားတွေကို သွားရောက်လှူဒါန်းသွားမယ့် ဝေဠုကျော်ဖောင်ဒေးရှင်း

ပရဟိတမင်းသားလို့ နာမည်တွင်တဲ့ထိ ပရဟိတ အကျိုးပြုအလုပ်တွေကို စွမ်းစွမ်းတမံ ဆောင်ရွက်နေတဲ့ ပရိသတ်အချစ်တော် မင်းသားကြီး ဝေဠုကျော်ကတော့ အရင်အပတ်တွေက သန်လျင်ကျူးနဲ့ လူကြမ်းသရုပ်ဆောင်တွေကို လှူဒါန်းမှုတွေ ပြုလုပ်ခဲ့ပါတယ် ။ ကပ်ရောဂါကာလ ရှည်ကြာလာတာနဲ့အမျှ အချို့ လက်လုပ်လက်စားတွေ စားဝတ်နေရေး ကျပ်တည်းကုန်ကြပြီဖြစ်တဲ့အတွက် ကျူးရပ်ကွက်မျိုးစုံက အလှူခံတွေကလဲ ပတ်လည်ဝိုင်းနေကြပြီလို့သိရပါတယ် ။

ဒီတစ်ခါမှာတော့ နေသာတဲ့နေ့လေးမှာ ဆိုက်ကားသမားတွေကို ဆန်၊ဆီ ၊ရှပ်အကျီ်လေးတွေလှူဒါန်းသွားမှာဖြစ်ကြောင်း ဝေဠုကျော် ဖောင်ဒေးရှင်းက ရေးသားဖော်ပြထားတာတွေ့ရပါတယ် ။ ဆိုက်ကားသမားလေးတွေက သန်လျင်ကျူးတို့ တောင်ဒဂုံကျူးတို့ အဝေးကြီးတွေက ဆိုက်ကား လာနင်းနေကြတာဖြစ်ပြီး ဗိုလ်ချုပ်ရပ်ကွက်နား လာနင်းနေကြတော့ အလှူလဲမရကြဘူးလို့သိရပါတယ် ။ ဆိုက်ကားသမားတွေ ပြီးရင်တော့ ရွှေပြည်သာက ကျူးတွေဆီ သွားလှူဖို့ စဥွ်းစားထားတယ်လို့ ဝေဠုကျော်ဖောင်ဒေးရှင်း Page ကနေတဆင့် ပရိသတ်တွေကို အသိပေးလာခဲ့ပါတယ် ။

ပိုနေသူများကလဲ လိုနေသူများကို ဝိုင်းဝန်းလှူဒါန်းပေးနိုင်ဖို့ ဆန်တစ်လုံးပဲဖြစ်ဖြစ် ၊ဆန်တစ်ပြည်ပဲဖြစ်ဖြစ်ထည့်ဝင်လှူဒါန်းပေးဖို့ ၅၀၀/၁၀၀၀ ကအစ အလှူခံပါရစေလို့လည်း လှူဒါန်းချင်သူတွေအတွက် သတင်းကောင်းပါးထားပါသေးတယ် ။ ပါဝင်လှူဒါန်းချင်သူတွေ အနေနဲ့ ဝေဠုကျော်ဖောင်ဒေးရှင်း 09455500010(K Pay) ၊ 09455500014 ၊ 09776089484(Wave) ကနေတဆင့် ဆက်သွယ်လှူဒါန်းနိုင်ကြောင်း အသိပေးလိုက်ပါတယ်နော် ။

Source : Wai Lu Kyaw Foundation
Emily (Cele Gabar)

x