Mask ပြိုင်ပွဲအတွက် ပြည်သူတွေအနှစ်သက်ဆုံးဆု (၃)ကိုကြေညာခဲ့တဲ့ ဒေါ်အောင်ဆန်းဆုကြည်

မြန်မာတစ်ပြည်လုံးက ပရိသတ်တွေ လေးစားချစ်ခင်ရတဲ့ အမေစုကတော့ မြန်မာပြည်သူပြည်သားတွေအတွက် Mask တပ်ခြင်းကို ရေရှည်လုပ်ငန်းစဉ်ဖြစ်စေဖို့ အစီအစဉ်လေးတစ်ခုပြုလုပ်ခဲ့ပြီး သူမကိုယ်တိုင်လည်း Mask ကို ကိုယ်တိုင်ချုပ်လုပ်ဝတ်ဆင်ခဲ့ပြီး မြန်မာပြည်သူပြည်သားတွေလည်း ကိုယ်တိုင်ချုပ် Mask လေးတွေအသုံးပြုကြဖို့ တိုက်တွန်းခဲ့တဲ့အပြင် Mask ချုပ်ပြိုင်ပွဲလေးကိုပြုလုပ်ခဲ့ပြီး အနုပညာရှင်တွေလည်း ပါဝင်ယှဉ်ပြိုင်ခဲ့ကြပါတယ် ။

ဒီနေ့မှာတာ့ အမေစုက Maskပြိုင်ပွဲမှာပါဝင်ယှဉ်ပြိုင်ခဲ့သူတွေထဲက ပြည်သူအနှစ်သက်ဆုံး ဆု(၃)ဆုကို သူမရဲ့လူမှုကွန်ရက်စာမျက်နှာထက်ကနေ ပြည်သူတွေကို အသိပေးလာခဲ့ပါတယ် ။ Like အများဆုံးရတဲ့အထဲက ကျန်းမာရေးဝန်ကြီးဌာန စိစစ်မှုအရ လက်ခံနိုင်တဲ့အဆင့်ရှိတဲ့ masks များကိုရွေးချယ်ထားတာဖြစ်တယ်လို့သိရပါတယ် ။ ဆုရရှိသူတွေကတော့ ပထမဆု။ Eric Yang ၊ ဒုတိယဆု။ Myo Minn Soe ၊ တတိယဆု။ Wai Wai နဲ့ အခြားဆုများနဲ့ပတ်သက်လို့ နောက်နေ့မှ ဆက်လက် ပြောပြပါမယ်လို့ ရေးသားဖော်ပြခဲ့တာဖြစ်ပါတယ် ။


ဆုရရှိသူတွေကိုလည်း ဂုဏ်ပြုစကားဆိုပြီး ဘဝမှာ အများအကျိုးဖြစ်စေမဲ့အောင်မြင်မှုများစွာရပါစေ လို့ အမေစုက ဆုမွန်ကောင်းတောင်းပေးထားပါသေးတယ် ။ ဆုရရှိသွာားတဲ့ (၃) ဦးအတွက်လည်း ပြည်သူတွေနဲ့အတူ Cele Gabar က ထပ်တူထပ်မျှဂုဏ်ယူဝမ်းမြောက်ရပါတယ် ။ ပရိသတ်တွေကလည်း ဆုရရှိသူတွေအတွက် ဂုဏ်ပြုစကားလေးတွေပြောပေးခဲ့ပါဦးနော် ..။

Source : Daw Aung San Su Kyi
Emily (Cele Gabar)

x