အချစ်ရေးနဲ့ပတ်သက်ပြီး သူမရဲ့အမြင်လေးတွေကို ဖွင့်ဟလာတဲ့ နန်းစန္ဒာလှထွန်း

နန်းစန္ဒာလှထွန်းကတော့ MRTV-4 မင်းသမီးလေးတွေထဲကမှ ပရိသတ်အချစ်တော်မလေး နန်းစန္ဒာလှထွန်းကတော့ရှမ်းတိုင်းရင်းသူမင်းသမီးချောလေးဖြစ်ပြီး ချစ်စဖွယ်အမူရာလေးတွေနဲ့ ပရိသတ်တွေရဲ့ အချစ်တွေကို အပိုင်သိမ်းထားတဲ့ အနုပညာရှင်တစ်ယောက်ပါ ။ စင်ဂယ်ဘဝနဲ့ အနုပညာအလုပ်တွေကို ကြိုးစားလုပ်ဆောင်နေတဲ့ နန်းတစ်ယောက်ကတော့သူမရဲ့ အချစ်နဲ့ပတ်သက်တဲ့ အမြင်လေးတွေကို ပရိသတ်တွေကိုမျှဝေပေးလာခဲ့ပါတယ် ။


The Right Person အသက်အရွယ်တစ်ခုမှာ right person , wrong person လိုက်ခွဲနေမဲ့အစား ကိုယ်ဘယ်အရာကို passion ဖြစ်လဲ ဘယ်ကိစ္စတွေက ကိုယ့်စိတ်ကို ငြိမ်းချမ်းစေလဲ ကိုယ်က ဘယ်လိုလေး နေချင်တာလဲ ဘဝကို ဘယ်လို ဖြတ်သန်းချင်တာလဲ ဆိုတာ အသေအချာသိသင့်တယ် အဓိက အကျဆုံးအချက်က ချစ်ရဲ့လား ပြီးရင် …..ကိုယ့် dark side တွေကို သည်းခံနားလည် ပေးနိုင်လား နောက်ပြီး ….ကိုယ်နဲ့ taste တူလား ကြီးပြင်းလာခဲ့တဲ့ ပတ်ဝန်းကျင် နဲ့ သူ့ အလုပ်အကိုင် အသိုင်းအဝိုင်း အနေအထား တွေ ချစ်တယ် ထင်လို့တွဲလိုက် ပြတ်လိုက် နဲ့ဆိုရင် right person ဆိုတာ ညာဘက်လူဆိုတာပဲ သိရမယ် ။

Right person ဆိုတာ ဘယ်သူလဲထက် ကိုယ်တိုင် right person ဖြစ်ရမယ် ကိုယ်ဘာကြိုက်တယ် ဘယ်လိုဘဝမျိုးမှာ နေချင်တယ်ဆိုတာ သိရမယ် ကိုယ်သာ right person ဖြစ်နေရင် လိုချင်သူတွေမှ ဝိုင်းနေမှာ တကယ် ဆိုတဲ့စာသားလေးနဲ့အတူ သူမရဲ့ အချစ်နဲ့ပတ်သက်တဲ့ထင်မြင်ချက်တွေကို ဖေ့ဘုတ်စ်စာမျက်နှာထက်ကနေ ရေးသားခဲ့တာဖြစ်ပါတယ် ။ ပရိသတ်ကြီးရေ နန်းစန္ဒာလှထွန်းနဲ့ အမြင်ချင်းတူရဲ့လားမှတ်ချက်ပေးခဲ့ပါဦးနော် ။

Source : Nansandar Hla Tun
Emily (Cele Gabar)

x