ကျောင်းသင်ရိုးညွှန်းတမ်းမှာ လိင်ပညာပေး ထည့်သွင်းသင်ကြားမှုကို အပြည့်အဝထောက်ခံလိုက်တဲ့ ဥက္ကာမင်းမောင်

လတ်တလော လူမှုကွန်ရက်စာမျက်နှာမှာ ဂယက်ရိုက်နေတဲ့အကြောင်းအရာတစ်ခုကတော့ ကျောင်းသင်ရိုးညွှန်းတန်းမှာ Sex Education ထည့်သွင်းသင်ကြားမှုနဲ့ပတ်သက်ပြီးတော့ ဖြစ်ပါတယ်။ ဒီကိစ္စကို အပြည့်အဝထောက်ခံသူတွေလည်း ရှိသလို ရာဇဝတ်မှုတစ်ခုလို အပြင်းအထန်ကန့်ကွက်နေကြသူတွေလည်း အများအပြားပါ။ ပရိသတ်ရဲ့အချစ်တော်မင်းသားချော ဥက္ကာမင်းမောင်ကတော့ ဒီကိစ္စကို အပြည့်အဝထောက်ခံကြောင်း သူ့ရဲ့လူမှုကွန်ရက်စာမျက်နှာမှာ ရေးသားခဲ့ပါတယ်။

“Sex Education ကို အချက်အလက်တွေနဲ့ ကန့်ကွက်တယ်ဆိုတဲ့ ကြေငြာစာကို ဖတ်ပြီးသည့်အခိုက် ဘာပြောရမှန်းမသိအောင်ဆွံ့အသွားတယ်.. တကယ့်အပြင်လောကမှာ ဖြစ်ပျက်နေတာတွေနဲ့ အဲ့ဒီပါတီက တင်ပြထားတဲ့ အချက်တွေက ယုတ္တိမရှိ ကွဲလွဲနေတာတော့ အမှန်ပဲ.. ဝင်ပါပြီး ပြောရင်ကောင်းမလား မကောင်းဘူးလား စဉ်းစားရင်း နောက်ဆုံးပါမယ်လို့ ဆုံးဖြတ်လိုက်တယ်.. အမုန်းခံရင်လည်းခံရမယ်.. အဆဲခံရင်လည်း ခံရမယ်ဆိုတာသိပေမယ့် လူတိုင်းလွတ်လပ်စွာသဘောထားကွဲလွဲနိုင်တယ်ဆိုတော့ ပြည်သူတယောက်အနေနဲ့ သဘောထားကို ကျွန်တော်ပြောမယ်.. အတိုချုံးအနေနဲ့ ကျွန်တော်ကတော့ sex education ကို ကျောင်းသင်ရိုးညွှန်းတမ်းမှာ ထည့်သွင်းမယ်ဆိုတာကို အပြည့်အဝထောက်ခံတယ်.. ဘယ်လိုအချက်တွေကြောင့်လဲ ဆိုတာ ကျွန်တော့်တစ်ဦးတစ်ယောက် ရဲ့ အမြင်ကို ရေးချလိုက်တာ စာကရှည်နေလို့.. မနက်ဖြန်မှ ဗီဒီယိုရိုက်ပြီး တင်တော့မယ်” ဆိုပြီးတော့ သူ့ရဲ့အမြင်ကို ထုတ်ဖော်ပြောပြခဲ့ပါတယ်။

ဟီရိသြတ္တပ္ပတရားနဲ့ ဘိုးစဉ်ဘောင်ဆက်နေလာခဲ့တဲ့ မြန်မာနိုင်ငံမှာ လိင်ပညာပေးကို ပေါ်ပေါ်ထင်ထင်သင်ကြားမှာကတော့ ထင်သလိုမလွယ်တဲ့ ကိစ္စတစ်ရပ်ပါပဲ။ ဒါပေမယ့် စစ်တမ်းတွေအရတော့ သက်ငယ်မုဒိမ်းမှုတွေများပြားလွန်းတဲ့ မြန်မာနိုင်ငံမှာ ဒီလိင်ပညာပေးကိစ္စရပ်ကြီးက မဖြစ်မနေလုပ်သင့်တဲ့အရာတစ်ခုပါ။ ပြည်သူတွေကြားမှာ ဂယက်ရိုက်နေတဲ့ ဒီကိစ္စနဲ့ပတ်သက်ပြီး ဆယ်လီကမ္ဘာပရိသတ်ကြီးရဲ့ အမြင်ကရော ဘယ်လိုရှိလဲ မျှဝေပေးခဲ့ပါဦးနော်။


Source – Okka Min Maung
Rainbow- Cele Gabar

x