Stay Home နေတာကြာပြီဖြစ်တာကြောင့် အမေများအိမ်ရာကို သွားရောက်လှူဒါန်းခဲ့တဲ့ ခြူးလေး

ခြူးလေးကိုတော့ ရုပ်သံဇာတ်လမ်းတွဲတွေမှာ ပရိသတ်တွေသတိထားမိပြီး ချစ်ခင်ရတဲ့ မင်းသမီးတစ်လက်ပါ။ သရုပ်ဆောင်တစ်ယောက်အနေနဲ့သိကြသလို သီချင်းအသစ်တစ်ပုဒ်ဖြစ်တဲ့ နီးနီးလေးပဲ ဆိုတဲ့ သီချင်းအသစ်ထွက်ရှိတဲ့အခါမှာလည်း ပရိသတ်တွေကအားပေးကြတာပါ။


ခြူးလေးကတော့ အနုပညာမှာထူးချွန်သလို စိတ်ထားကောင်းတဲ့သူတစ်ယောက်လည်း ဖြစ်ပါတယ်။ သူ့ရဲ့ဖေ့ဘွတ်ခ်အကောင့်မှာ “ခြူးလေး ရဲ့ Stay Home ကာလ လေးကလည်း ကြာနေပြီ ဆိုတော့ တစ်ခေတ်တစ်ခါက သရုပ်ဆောင် မင်းသမီးကြီးတွေ ဖြစ်ခဲ့တဲ့ အမေ တွေ ဆီမှာ လေ့ လာစရာတွေ သင်ယူစရာတွေ လေ့လာရင်း ခြူးလေး ရထားတဲ့ အနုပညာကြေးလေးတွေထဲက တတ်နိုင်သလောက် ကို သွားပြီး လှူချင်လာ လို့ ၁၈ ရက်နေ့ ကတည်း က အမေအိမ်ရာ ကို သွားရောက်ခဲ့တဲ့ Video လေး ကို တင်ဆက်ပေးလိုက်ပါတယ်နော်..ချစ်ရတဲ့ ပရိသတ်ကြီးပေးတဲ့ အလှူလေးလည်း ဖြစ်လို့ ခြူးလေး နဲ့ အတူ သာဓု ခေါ်ပေးကြပါနော်” ဆိုပြီးတော့ အလှူလေးကို ပြန်လည်မျှဝေထားတာပါ။


ခြူးလေးကတော့ Stay Home တာ ကြာနေပြီဖြစ်တာကြောင့် အမေများအိမ်ရာကို သွားရောက်လှူဒါန်းခဲ့သလို နောက်ထပ်လည်း ထပ်မံသွားရောက်မယ်လို့လည်း သိရပါတယ်။ စိတ်ထားကောင်းသလို သဒ္ဓါတရားထက်သန်တဲ့ ခြူးလေးတစ်ယောက် အနုပညာလောကမှာ အခုထက်ပိုပြီးအဆပေါင်းများစွာအောင်မြင်ပါစေနော်..

Source : ChueLay

x