ပရိသတ်တွေကို Live လွှင့်ပြီး သီဆိုဖျော်ဖြေကြမယ့် ဒိတ်ဒိတ်ကြဲအမျိုးသမီးအဆိုတော်(၂)ဦး

တစ်ခေတ်တစ်ခါကနေ ယနေ့အချိန်အထိ လူကြီးလူငယ်ပရိသတ်တွေရဲ့ အားပေးမှုအခိုင်အမာရရှိထားတဲ့ နိုင်ငံကျော်ဒိတ်ဒိတ်ကြဲအမျိုသမီးအဆိုတော်(၂)ကတော့ ထွန်းအိန္ဒြာဗိုလ်နဲ့ တင်ဇာမော်တို့ပဲဖြစ်ပါတယ်။သူတို့ကတော့ Covid-19 ရောဂါကပ်ဘေးကြီးကြောင့် Stay Home နေရချိန်မှာ ပရိသတ်တွေကို ဖျော်ဖြေတင်ဆက်မှုတစ်ခုအနေနဲ့ Live လွှင့်ပြီး တေးသီချင်းတွေသီဆိုဖျော်ဖြေကြမှာလည်းဖြစ်ပါတယ်။

နိုင်ငံကျော်အဆိုတော် ထွန်းအိန္ဒြာဗိုလ်ကတော့ တေးစီးရီးအယ်ဘမ် (၁၂)စီးရီး ထွက်ရှိအောင်မြင်ထားတာဖြစ်ပြီးတော့ ထွက်သမျှသီချင်းတိုင်းကလည်း ပရိသတ်တွေရင်ထဲကို ရောက်စေနိုင်တဲ့ သီချင်းတွေလို့လည်းဆိုရမှာပါ။တင်ဇာမော်ဟာလည်း လွန်ခဲ့တဲ့ ဆယ်စုနှစ်တစ်ခုကျော်ကတည်းက ပရိသတ်တွေရဲ့ အားပေးချစ်ခင်မှုကို အပြည့်အဝရရှိပိုင်ဆိုင်ထားတဲ့ မြန်မာနိုင်ငံရဲ့ ထိပ်တန်း အဆိုတော်တစ်ယောက်ပဲဖြစ်ပါတယ်။ တေးစီးရီး အယ်ဘမ်ပေါင်းများစွာထွက်ရှိထားတဲ့ အဆိုတော်တစ်ယောက်ဖြစ်ပြီး သူမရဲ့ သီချင်းတွေကလည်း လူကြီးလူငယ်မရွေး ကြိုက်နှစ်သက် အားပေးကြတဲ့ သီချင်းတွေပဲဖြစ်ပါတယ်။ဒိတ်ဒိတ်ကြဲအမျိုသမီးအဆိုတော်ဖြစ်တဲ့ ထွန်းအိန္ဒြာဗိုလ်နဲ့ တင်ဇာမော်တို့Live လွှင့်ပြီး တေးသီချင်းတွေသီဆိုဖျော်ဖြေမယ့်အကြောင်းကိုတော့ “ကျမ နဲ့ တင်ဇာမော် နဲ့ live လွှင့်ပေးဖို့ စီစဉ် နေပါတယ် solo ၆ ပုဒ်စီ နဲ့ duet ၃ ပုဒ်ပါ စုစုပေါင်း ၁၅ ပုဒ်ပေါ့ ၆ ပုဒ် ရဲ့ နာမည် စာရင်းလေး ရွေးချယ်ပေးစေချင်ပါတယ်ရှင့်” လို့ထွန်းအိန္ဒြာဗိုလ်ရဲ့ လူမှုကွန်ရက် စာမျက်နှာမှာဖော်ပြထားပါတယ်။

CeleGabar ပရိသတ်ကြီးရေ ဒိတ်ဒိတ်ကြဲအမျိုသမီးအဆိုတော်ဖြစ်တဲ့ ထွန်းအိန္ဒြာဗိုလ်နဲ့ တင်ဇာမော်တို့ဟာ Covid-19 ရောဂါကပ်ဘေးကြီးကြောင့် Stay Home နေရချိန်မှာ ပရိသတ်တွေကို ဖျော်ဖြေတင်ဆက်မှုတစ်ခုအနေနဲ့ Live လွှင့်ပြီး တေးသီချင်းပေါင်း (၁၅)ပုဒ်ကို သီဆိုဖျော်ဖြေကြမှာတဲ့နော်။ ပရိသတ်ကြီးရေ ထွန်းအိန္ဒြာဗိုလ်ကတော့ တစ်ကိုယ်တော်သီဆိုရမယ့် တေးသီချင်း(၆)ကိုတော့ ပရိသတ်တွေနားထောင်ချင်တဲ့ သီချင်းနာမည်တွေပြောကြဖို့တောင်းဆိုထားပါတယ်။

Source: Htun Aeindar Bo
DarDar-CeleGabar

x