မူရင်းတေးသံရှင် ခြူးလေးကိုယ်တိုင်သဘောကျနေခဲ့တဲ့ ကလေးငယ်လေးတွေရဲ့ သီဆိုမှု

ပရိသတ်ကြီးရေ ပရိသတ်တွေရဲ အချစ်တော်ခြူးလေးရဲ့ ပထမဆုံး သီချင်းဖြစ်တဲ့ “နီးနီးလေးပဲ” သီချင်းလေးကတော့ ပရိသတ်တွေရဲ့ အကြိုက်နဲ့ထပ်တူကျခဲ့တဲ့ သီချင်းလေးတစ်ပုဒ်လည်း ဖြစ်ပါတယ်။ ပရိသတ်တွေက သဘာကျနှစ်သက်တာကြောင့် ဒီသီချင်းလေးကို ပြန်လည်သီဆိုကြတာတွေလည်း ရှိနေခဲ့ပါသေးတယ်။

အခုလိုပြန်လည်သီဆိုကြတဲ့ထဲမှာမှ ကလေးငယ်လေးနှစ်ယောက် သီဆိုထားတဲ့ ဗီဒီယိုဖိုင်လေးကတော့ ခြူးလေးကိုယ်တိုင်သဘောကျနေခဲ့ပါတယ်။ ခြူးလေးကိုယ်တိုင်က သဘောကျနှစ်သက်လွန်းတာကြောင့် သူ့ရဲ့ လူမှုကွန်ရက်စာမျက်နှာကနေ “ကမ္ဘာကျော် အဆိုတော်ကြီး (၂) ယောက်နဲ့ တွဲဆိုထားတဲ့ ခြူးလေးရဲ့ “နီးနီးလေးဘဲ” သီချင်းလေး ချစ်စရာလေးတွေ ပါ” ဆိုပြီး ဗီဒီယိုလေးနဲ့ ဖော်ပြလာခဲ့တာပဲဖြစ်ပါတယ်။

ပရိသတ်တွေကလည်း ဒီဗီဒီယိုလေးကို ကြည့်ရှုပြီး ကလေးငယ်လေးတွေရဲ့ သီဆိုပုံကို သဘောကျနှစ်သက်ပြီး ကလေးလေးတွေက ချစ်ဖို့ကောင်းကြကြောင်း မှတ်ချက်ပေးပြောဆိုနေကြပါသေးတယ်။CeleGabar ပရိသတ်ကြီးတွေလည်း ကလေးငယ်လေးတွေရဲ့ သီဆိုမှုကို နားဆင်ခံစားလို့ရအောင် မျှဝေဖော်ပြပေးလိုက်ပါတယ်။

Chilli – CeleGabar
Source – Chue Lay

x