ခင်ပွန်းရဲ့ မွေးနေ့လေးအတွက် Surprise မွေးနေ့ပွဲလေး ပြုလုပ်ပေးခဲ့တဲ့ ပိုးအိအိခန့်

ပရိသတ်ကြီးရေ ဒီနေ့မေလ (၂၂)ရက်နေ့လေးကတော့ နိုင်ငံလက်ရွှေးစင် နိုင်ငံဂုဏ်ဆောင် ကစားသမားအောင်သူရဲ့ (၂၃)နှစ်ပြည့်မွေးနေ့ရက်မြတ်လေးပဲဖြစ်ပါတယ်။ ဒီနေ့မှာကျရောက်တဲ့ အောင်သူရဲ့ မွေးနေ့ရက်လေးမှာတော့ ဇနီးချောလေး ပိုးအိအိခန့်က Surprise မွေးနေ့ပွဲလေးကို မိသားစုစုံစုံလင်လင်နဲ့ ကျင်းပပြုလုပ်ပေးခဲ့ပါတယ်။

ပိုးအိအိခန့်ကတော့ “Happy Birthdayပါ ယောကျာ်းရေ။ Stay home မှာ date တွေတောင် မေ့နေတဲ့ ယောကျာ်းကို surprise လုပ်ရတာ အရမ်း ကျေနပ်ပါတယ်။ တစ်အိမ်ထဲတူတူနေနေတော့ သူမသိအောင် အဖွဲ့လိုက် ကြံစည်ပြီး စီစဉ်ရတာ ပျော်စရာတော့ကောင်းသား။ စီစဉ်ထားတဲ့အတိုင်းလည်း အားလုံးဖြစ်တော့ အားလုံးလည်းပျော် မွေးနေ့ရှင်လည်း surprise ဖြစ်ပြီးပျော်။ ယောကျာ်းရေ အခု မွေးနေ့ကစပြီး ဖြစ်ချင်တာ လိုချင်တာ တောင့်တတာမှန်သမျှ ဆန္ဒနဲ့ဘဝ တစ်ထပ်တည်းကြပါစေလို့ မိန်းမဆုတောင်းပေးပါတယ်။ ရှေ့ဆက်ရမယ့် ဘဝကြီးကို အေးအတူ ပူအမျှ တူတူရင်ဆိုင်သွားဖို့လည်း မိန်းမက အဆင်သင့်ပါ။ ကိုရယ် ဖောင်းရယ် သားလေးရယ် ဒီမိသားစုဘဝလေးလည်း အစဉ်ထာဝရ ပျော်ရွှင်အေးချမ်းသာယာပါစေလို့ ဖောင်းကို့မွေးနေ့မှာဆန္ဒပြုပါတယ်ရှင့်” ဆိုပြီး Surprise ပြုလုပ်ပေးထားတဲ့ ဗီဒီယိုလေးနဲ့အတူ သူ့ရဲ့ လူမှုကွန်ရက်စာမျက်နှာကနေ ဖော်ပြထားခဲ့တာပဲဖြစ်ပါတယ်။

အောင်သူကလည်း “အရမ်းပျော်ရွှင်ရပါတယ်မိန်းမရေ ကျေးဇူးလည်းများကြီးတင်သလို အရမ်းလည်းချစ်ပါတယ်ဗျာ” ဆိုပြီး ချစ်ဇနီးလေးရဲ့ Surprise ကြောင့် ပျော်ရွှင်နေခဲ့ရကြောင်းကို ပြန်လည်ပြောဆိုထားပါသေးတယ်။CeleGabar ပရိသတ်ကြီးရေ အောင်သူရဲ့ အသက်(၂၃)နှစ်ပြည့်မွေးနေ့လေးအတွက် မွေးနေ့ဆုတောင်းစကားလေးတွေပြောပေးခဲ့ပါဦး။

Chilli – CeleGabar
Source – Poe Ei Ei Khant

x