ငယ်ဘဝကအမှတ်တရတိုင်း လိုက်ပါစီးမျောပေးတဲ့ ပရိသတ်ကိုကျေးဇူးတင်စကားဆိုလိုက်တဲ့ ရဝေအောင်

တစ်ခေတ်တစ်ခါက ဗီဒီယိုဇာတ်ကားတွေနဲ့ တေးသီချင်းတော်တော်များများမှာ ပါဝင်သရုပ်ဆောင်ခဲ့တဲ့ မင်းသားချော ရဝေအောင်ကတော့ပရိသတ်တွေရဲ့ အားပေးမှုကို အပြည့်အဝရရှိထားခဲ့ပြီး ယခင်အချိန်က နှုတ်ခမ်းနီမလေးတွေရဲ့ အသည်းစွဲ ပျိုတိုင်းကြိုက်တဲ့နှင်းဆီခိုင်မင်းသားတစ်လက် ဖြစ်ခဲ့သူလည်း ဖြစ်ပါတယ်။လက်ရှိမှာတော့ အနုပညာလှုပ်ရှားမှုတွေမရှိတော့ပေမယ့် ငယ်ဘဝက အနုပညာအမှတ်တရပုံရိပ်တွေကို သူ့ရဲ့ လူမှုကွန်ရက် စာမျက်နှာမှာ ပြန်လည်တင်ပေးနေပါတယ်။

မင်းသားချော ရဝေအောင်ကတော့ သူ့ရဲ့ ငယ်ဘဝက အနုပညာအမှတ်တရပုံရိပ်တိုင်း လိုက်ပါစီးမျောပေးတဲ့ ပရိသတ်တွေကို “ကိုယ်ရိုက်ခဲ့တဲ့ ပြက္ခဒိန်လေးတွေ အမှတ်တရတင်လိုက်တဲ့အခါ ပြက္ခဒိန်ပုံလေးတွေကြည့်ပြီး ငယ်ဘဝ ပြန်သတိရတဲ့ သူများ ပုံလေးတွေကြိုက်လိုshareသွားတဲ့သူများ ပုံတွေပြန် Save ပြီး မိမိ FB ကပြန်တင်တဲ့သူများ Cb ကနေလည်းပုံတွေထပ်တင်ပေးဖို့ပြောကြသူများ ငယ်စဉ် အချိန်ကတည်းက ယနေ့တိုင် အားပေးချစ်ခင်ပေးကြလို ဝမ်းသာကြ ည်နှုးပျော်ရွှင်ရပါတယ် ကျေးဇူးလည်း တင်ပါတယ် ယခု ပုံများကိုလည်း သတိတရ အမှတ်တရ အဖြစ်” လို့သူ့ရဲ့ လူမှုကွန်ရက် စာမျက်နှာမှာဖော်ပြထားပါတယ်။

CeleGabar ပရိသတ်ကြီးရေ လက်ရှိမှာတော့ အနုပညာလှုပ်ရှားမှုတွေမရှိတော့ပေမယ့် တစ်ခေတ်တစ်ခါက ဗီဒီယိုဇာတ်ကားတွေနဲ့ တေးသီချင်းတော်တော်များများမှာ ပါဝင်သရုပ်ဆောင်ခဲ့တဲ့မင်းသားချော ရဝေအောင်ရဲ့ ငယ်ဘဝက အနုပညာအမှတ်တရပုံရိပ်တွေကို ပြန်လည်ဝေမျှလိုက်ပါတယ်။ ပရိသတ်ကြီးထဲမှာ မင်းသားချော ရဝေအောင်ရဲ့ ပရိသတ်တွေရှိသေးရင်း အလင်းပြခဲ့ကြဦးနော်။

Source: Yawai Aung
DarDar-CeleGabar

x