သီဟအောင်နဲ့ဆက်ဆံရေးကို သူငယ်ချင်းတွေက အထင်မကြီးကြဘူးလို့ပြောလာတဲ့ ချယ်ရီသင်း

Cele Zone ပရိသတ်ကြီးရေ အကယ်ဒမီ ဗန်းကိုင်အဖြစ် ပါဝင်ခဲ့တဲ့ သီဟအောင်လေးကတော့ အခုဆိုရင် ပရိသတ်အားပေးမှု အခိုင်အမာရရှိနေပြီပဲ ဖြစ်ပါတယ် ။ မိန်းကလေးပရိသတ်တွေ သည်းသည်းလှုတ်ဝန်းရံနေကြတဲ့ အနုပညာရှင်တစ်ယောက် အဖြစ်ရပ်တည်နေနိုင်ပြီလို့ဆိုရမှာပါ ။ မကြာသေးမီကမှ တေးသံရှင် ချယ်ရီသင်းရဲ့ မလို့ပဲခေါ် ဆိုတဲ့ MTV လေးမှာလည်း ပါဝင်သရုပ်ဆောင်ထားပါသေးတယ် ။

လတ်တလောမှာတော့ သီဟအောင်ရဲ့ မိန်းကလေးပရိသတ်တွေ ရုတ်ရုတ်သဲသဲဖြစ်စေမယ့် ချယ်ရီသင်းနဲ့ သီဟအောင်တို့ရဲ့ ဆက်ဆံရေးကြောင့် ပရိသတ်တွေအားလုံး သို့လော သို့လော ဖြစ်နေကြပါတယ် ။ သူတို့နှစ်ယောက်ရဲ့ စုံတွဲပုံရိပ်တွေနဲ့အတူ သူတို့ရိုက်ကူးတဲ့ MTV မှာလည်း အမှန်တကယ် နမ်းခဲ့ကြတဲ့အတွက် ပရိသတ်တွေနဲ့အတူ ချယ်ရီသင်းရဲ့ သူငယ်ချင်းတွေကလည်း သူတို့ရဲ့ ဆက်ဆံရေးကို စိတ်ဝင်တစားရှိနေကြတာပါ ။

လတ်တလောမှာတော့ ချယ်ရီသင်းက သီဟအောင် နဲ့ သူမရဲ့ ဆက်ဆံရေးကို မေးလာတဲ့သူငယ်ချင်းက အလုပ်သဘောအရပတ်သက်တာမလားလို့ ပြောလာတဲ့အတွက် သူငယ်ချင်းတွေကတောင် သူမကိုအထင်မကြီးကြဘူး ဆိုတဲ့စာသားလေးကို သူမရဲ့မိုင်ဒေးကနေတဆင့် ရေးသားဖော်ပြထားတာတွေ့ရပါတယ် ။ ပရိသတ်ကြီးရော သူမတို့ဆက်ဆံရေးကိုဘယ်လိုမြင်လဲ မှတ်ချက်ပေးခဲ့ပါဦးနော် ။

Source : Cherry Thin
Emily (Cele Gabar)

x