Myanmar Idol ပြိုင်ပွဲကနေတဆင့် ပရိသတ်အသည်းကျော်တွေဖြစ်လာခဲ့တဲ့ အမျိုးသမီးတေးသံရှင် (၄) ယောက်

တစ်နိုင်ငံလုံးအားပေးကြည့်ရှုခဲ့ကြတဲ့ မြန်မာအိုင်ဒေါလ် ပြိုင်ပွဲကြီးကတော့နှစ်စဉ်နှစ်တိုင်း ရွက်ပုန်းသီးဝါသနာရှင်လေးတွေကို မြေတောင်မြှောက်မွေးထုတ်ပေးခဲ့တာ အခုဆိုရင် Season -4 အထိ ပြီးဆုံးသွားခဲ့ပြီဖြစ်ပြီး ပြိုင်ပွဲဝင်တွေကလည်း အနုပညာလောကမှာ နေရာတစ်နေရာ ရရှိလာပြီး ပရိသတ်အားပေးဝန်းရံမှုနဲ့အတူ အောင်မြင်မှုတွေရရှိလာခဲ့ပါပြီ ။ မြန်မာအိုင်ဒေါလ်ပြိုင်ပွဲဝင်တွေထဲကမှ ပရိသတ်တွေရဲ့အသည်းကျော်ဖြစ်လာခဲ့တဲ့ အမျိုးသမီးတေးသံရှင် (၄) ဦးကို ဖော်ပြပေးလိုက်ပါတယ်နော် ။

ဘီလီလမင်းအေး ( Season-2)

( Season-2) ပြိုင်ပွဲမှာ 1st Runner Up ရရှိခဲ့တဲ့ ဖူးလို့ ပရိသတ်တွေချစ်စနိုးခေါ်ရတဲ့ဘီလီလမင်းအေးကတော့ စီးရီးတစ်ခွေထွက်ရှိထားပြီဖြစ်ပြီး ပြိုင်ပွဲပြီးထဲက အနုပညာလမ်းကြောင်းပေါ်မှာ အားပေးဝန်းရံတဲ့ ပရိသတ်တွေအများအပြားရရှိပြီးအောင်မြင်လာခဲ့တဲ့ သူတစ်ယောက်ဖြစ်သလို ပြိုင်ပွဲဝင်ကာစက ဘီလီနဲ့ လုံးဝကွဲပြားခြားနားစွာ အရမ်းကိုလှပလာတဲ့ သူတစ်ယောက်ပါ ။

ချမ်းမြေ့မောင်ချို ( Season-3)

Season -3 ပြိုင်ပွဲကနေ 1st Runner Up ရရှိခဲ့တာဖြစ်ပြီး အားပေးဝန်းရံတဲ့ ပရိသတ်တွေကတော့ သူမပြိုင်ပွဲဝင်နေစဉ်ကာလထဲက အရမ်းကိုများပြားခဲ့တာပါ ။ ကျန်းမာရေး အခြေနေကြောင့် ပြိုင်ပွဲမှာ အားနည်းခဲ့ပေမယ့် ပရိသတ်ရင်ထဲက Winner ဆုကို ရရှိခဲ့တဲ့ သူလို့တောင် ပြောရမှာပါ ။ သူမ ရဲ့ပထမဆုံးတေးစီးရီးထဲက Lost ဆိုတဲ့သီချင်းကလည်း Joox မှာ နံပါတ် (၁) နေရာမှာရပ်တည်ခဲ့ပါသေးတယ် ။

အက်စတာ ( Season -4)

အက်စတာကတော့ မြန်မာအိုင်ဒေါလ် ပြိုင်ပွဲ တလျှောက်မှာ ပထမဆုံး မိန်းကလေး Winner ဆုရှင် တစ်ယောက် ဖြစ်ခဲ့ပြီး ချင်းအိုင်ဒေါလ်မှာလဲ Winner ရရှိထားတဲ့ အရည်အချင်းပြည့်ဝတဲ့ သူတစ်ယောက်လို့ဆိုရမှာပါ ။ ငယ်စဉ်ထဲက ဆိုကရေးတီး ပြိုင်ပွဲတွေဝင်ခဲ့ပြီး အနုပညာအပေါ်ဝါသနာကြီးသူလေးဖြစ်သလို သူမကိုချစ်ကြတဲ့ပရိသတ်တွေက စုပေါင်းပြီး ကားလက်ဆောင်ပေးခဲ့ကြတဲ့အထိ ချစ်ခင်ကြတာပါ ။

အေးမြဖြူ ( Season-4)

Season-4 မှာ Top -3 ထိ ရောက်ရှိခဲ့ပြီး အသက်အငယ်ဆုံးပြိုင်ပွဲဝင်ဖြစ်ပေမယ့် အရည်အချင်းကတော့ ဒိုင်တွေလက်ဖျားခါရလောက်အောင် ပြည့်မီတဲ့သူတစ်ယောက်ပါ ။ အနုပညာအလုပ်တွေနဲ့မစိမ်းသလို ကလေးသရုပ်ဆောင်အဖြစ်ပါ ဇာတ်ကားတွေရိုက်ဖူးသူလေးပါ ။ ငယ်ငယ်ထဲကနေချစ်ခင်ကြတဲ့ ပရိသတ်တွေနဲ့သူမက အိုင်ဒေါလ်ပြိုင်ပြီးနောက်မှာတော့ တစ်နိုင်ငံလုံးက အချစ်တွေကို သိမ်းကြုံးယူနိုင်ခဲ့တာဖြစ်ပါတယ် ။

Cele Gabar ပရိသတ်ကြီးရော ဘယ်သူ့ကိုအချစ်ဆုံးလဲ မှတ်ချက်ပေးခဲ့ပါဦးနော် ။

Emily (Cele Gabar)

x