ဆရာတော်ရဝေနွယ်ကျောင်းမှာ သံဃာတော်များကိုဆွမ်းကပ်ပြီး Quarantine ဝင်နေတဲ့သူများကို မုန့်များလှူဒါန်းခဲ့တယ်ဆိုတဲ့ မေတိုးခိုင်

တက်သစ်စမင်းသမီးချောလေးမေတိုးခိုင်ကိုတော့ ပရိသတ်တွေသိကြမှာပါ။ ကြော်ငြာတွေ မဂ္ဂဇင်းတွေမှာ မြင်ဖူးနေကြမှာဖြစ်သလို ရူးအောင်ချစ်ရသူ ဆိုတဲ့ ရုပ်ရှင်ဇာတ်ကားကြီးနဲ့လည်း ပွဲထွက်ခဲ့ပါတယ်။ အခုဆိုရင် ပရိသတ်အခိုင်အမာရနေတဲ့ မင်းသမီးတစ်လက်ဖြစ်နေပါပြီ။


မေတိုးခိုင်ကတော့အခုလိုကပ်ရောဂါကြီး ကိုရင်ဆိုင်နေရတဲ့အခြေအနေမှာ လိုအပ်တဲ့လှူဒါန်းမှုတွေကို တတ်နိုင်သလောက်ပါဝင်လှူဒါန်းခဲ့ပါတယ်။ အဲ့ဒီအကြောင်းကိုလည်း သူ့ရဲ့ဖေ့ဘွတ်ခ်မှာ “ဒီနေ့ ဆရာတော် ရဝေနွယ်ကျောင်း မှာ ဘုန်းဘုန်းများကို နေ့ဆွမ်းကပ်ပြီး Quarantine ဝင်နေတဲ့ သူများကို နေ့လယ်အစာပြေစားဖို့ မုန့်များ ဒီနေ့နဲ့ မနက်ဖန်အတွက် လှူဒန်းဖြစ်” ဆိုပြီးတော့ ရေးသားထားတာပါ။


ကပ်ရောဂါဆိုးကြီးကိုတော့ ကျန်းမာရေးဝန်ထမ်းတွေက ရှေ့ဆုံးကနေပြီး ရင်ဆိုင်နေကြသလို တတ်နိုင်တဲ့သူတွေကလည်း လှူဒါန်းမှုတွေပြုလုပ်နေကြတာပါ။ မေတိုးခိုင်ကတော့ ဘုန်းတော်ကြီးတွေကို ဆွမ်းကပ်ခဲ့သလို Quarantine ဝင်နေတဲ့သူတွေကို တတ်နိုင်သလောက်လှူဒါန်းခဲ့ပါတယ်တဲ့နော်…
Source : MayToeKhine

x