လက်တွေ့ဘဝနဲ့ကွာခြားတဲ့ ဇာတ်ရုပ်ပီပြင်ဖို့ကြိုးစားရင်း (၁၅) ပေါင်တက်ခဲ့ရတဲ့အကြောင်းပြောပြလာတဲ့ ခင်သဇင်

ခင်သဇင်ကိုတော့ စိုင်းစိုင်းရဲ့ Oh Oh ဟော့တယ် ဆိုတဲ့သီချင်းမှာ အမိုက်စားကောင်မလေးအနေနဲ့ ပရိသတ်တွေစတင်သတိထားမိခဲ့ကြတာပါ။ အခုဆိုရင် ရုပ်သံဇာတ်လမ်းတွဲတွေမှာ ပါဝင်သရုပ်ဆောင်လာနေပြီဖြစ်ပြီး ပရိသတ်အားပေးမှုများစွာရရှိလာတာဖြစ်ပါတယ်။ အခုလက်ရှိထုတ်လွှင့်နေတဲ့ အချစ်ဖွဲ့လေညင်း ဇာတ်လမ်းတွဲထဲမှာတော့ ချောကလျာဆိုတဲ့ ဗီလိန်ဇာတ်ရုပ်နဲ့ပါဝင်ထားတာပါ။


အနုပညာရှင်တွေကတော့ ကျရာဇာတ်ရုပ်ကို အကောင်းဆုံးသရုပ်ဆောင်ရတာကြောင့် အပြင်ကလက်တွေ့ဘဝနဲ့ကွာခြားနေတတ်ပါတယ်။ ခင်သဇင်ကလည်း သူ့ရဲ့ဖေ့ဘွတ်ခ်မှာ “ပြောပါဦး ..မိုးကလျာ character က အပြင်က ခင်သဇင် နဲ့ လားလားမှ မဆိုင် .. တကားလုံး စိတ်ပုတ်နိုင်ဖို့ mood တွေ အသေထည့်ပြီး သရုပ်ဆောင်ရတော့ stress တွေများ ပြီး အစားတွေ နင်းကန်စားတာ .. အချစ်ဖွဲ့လေညင်း ရိုက်ရင်း ၁၅ ပေါင် တက်သွားတဲ့ အကြောင်းလေး” ဆိုပြီးတော့ ရေးသားထားတာပါ။


ခင်သဇင်ကတော့ ဗီလိန်ဇာတ်ရုပ်ကို သရုပ်ဆောင်နေရပေမဲ့ လက်တွေ့ဘဝမှာတော့ အခြားသူတွေကိုမကြာခဏကူညီလေ့ရှိတဲ့ ပရဟိတစိတ်ဓာတ်ရှိသူလေးဆိုတာ အားလုံးအသိပဲဖြစ်မှာပါ။ ဒါကြောင့်လည်း ဇာတ်ရုပ်ပီပြင်ဖို့ကြိုးစားရင်း စိတ်ဖိစီးပြီးတော့ အလေးချိန်တွေတက်သွားခဲ့ရပါတယ်တဲ့နော်….
Source : KhinThazin

x