ပြေတီဦးက ဆေးထိုးကြမ်းပေးမဲ့ ချစ်ဖို့ကောင်းတဲ့ သူငယ်ချင်းပါဆိုတဲ့ ကိုပေါက်

အနုပညာလောကမှာ ထိပ်တန်းသရုပ်ဆောင်တစ်ယောက်အနေနဲ့ အောင်မြင်မှုတွေရရှိထာတဲ့ ပြေတီဦးနဲ့ သရုပ်ဆောင် ဒါရိုက်တာတစ်ယောက်အနေနဲ့ အောြင်မင်နေတဲ့ ကိုပေါက်တို့ နှစ်ယောက်ကတော့ ပြောမနာဆိုမနာ သူငယ်ချင်းတွေဆိုတာပရိသတ်တွေလည်း သိရှိပြီးသားဖြစ်မှာပါ။တစ်ယောက်နဲ့ တစ်ယောက်က အမြဲတမ်းလိုလို စနောက်လေ့ရှိကြပြီး

ဘယ်လို စနောက် ဆေးထိုးပါစေ တစ်ယောက်ကို တစ်ယောက် စိတ်ဆိုးခြင်းမရှိကြတဲ့ သူတွေလည်း ဖြစ်ပါတယ်။ အခုလို ဆေးထိုးစနောက်နေကြပေမဲ့လည်း သူငယ်ချင်းဖြစ်သူ ပြေတီဦးက သူ့အပေါ်မှာ သူငယ်ချင်းကောင်းတစ်ယောက်လို ချစ်ရှာပါတယ်လို့ ကိုပေါက်ကတော့ ဒီနေ့မှာ သူ့ရဲ့လူမှုကွန်ရက်စာမျက်နှာကနေဖော်ပြလာခဲ့ပါတယ်။ သူငယ်ချင်းတွေပေါ်မှာ တွန့်တိုခြင်းမရှိတဲ့ ပြေတီဦးကတော့ ကိုပေါက်လိုချင်နေတဲ့ Golf အိတ်ကိုလည်း လက်ဆောင်ပေးလိုက်ပါသေးတယ်တဲ့။

ပရိသတ်ကြီးရေ ကိုပေါက်နဲ့ ပြေတီဦးတို့နှစ်ယောက်က တစ်ယောက်နဲ့ တစ်ယောက် အားမနာစတမ်းငယ်ကျိုးငယ်နာတွေဖော်ပြီး စနောက်ပြောဆိုနေကြပေမဲ့ စိတ်ရင်းနဲ့ ခင်မင်ပေါင်းသင်းကြတဲ့ သူငယ်ချင်းကောင်းတွေပါပဲနော်။ ပရိသတ်ကြီးတွေရော ကိုပေါက်နဲ့ပြေတီဦးတို့လို ပြောမနာဆိုမနာ သူငယ်ချင်းတွေပိုင်ဆိုင်ထားလား။

Chilli – CeleGabar
Source – Aung Min Naing

x