မွေးနေ့မှာ နာရေးကူညီမှုအသင်းရဲ့ ဈာပနကူညီမှုတွေကို ကိုယ်တိုင်ကိုယ်ကျပါဝင်ကူညီခဲ့တဲ့ ထူးအောင်

ပရိသတ်ကြီးရေ မနေ့က ဖေလ (၂၂)ရက်နေ့လေးကတော့ ပရိသတ်တွေရဲ့ အချစ်တော် နှုတ်ခမ်းနီမလေးတွေရဲ့ အသည်းကျော် ထူအောင်ရဲ့ အသက် (၂၇)နှစ်ပြည့်တဲ့ မွေးနေ့ရက်မြတ်လေးပဲဖြစ်ပါတယ်။ ထူးအောင်ကတော့ မေနေ့ကမွေးနေ့ရက်လေးမှာ ပရိသတ်တွေဆီကနေ မွေးနေ့လက်ဆောင်တွေလည်း အများအပြားရရှိခဲ့ပါသေးတယ်။

ထူးအောင်က မွေးနေ့အမှတ်တရ အလှူအနေနဲ့လည်း နာရေးကူညီမှုအသင်း(ရန်ကုန်)မှာ အလှူငွေတွေသွားရောက်လှူဒါန်းခဲ့ပါသေးတယ်။အလှူငွေတွေလှူဒါန်းပေးခဲ့တဲ့ အပြင် ထူးအောင်ကတော့ နာရေးကူညီမှုအသင်း (ရန်ကုန်) ဈာပနကူညီမှုတွင် ကွယ်လွန်သူတွေရဲ့ နောက်ဆုံးခရီးများကိုလည်း လိုက်ပါပို့ဆောင်ပြီး ဖေးမကူညီခဲ့ပါသေးတယ်။

ပရိသတ်ကြီးရေ ထူးအောင်ရဲ့ မွန်မြတ်လှတဲ့ မွေးနေ့ကုသိုလ်လေးကတော့ မွန်မြတ်လွန်းလှတဲ့ ကုသိုလ်လေးပဲဖြစ်ပါတယ်။ CeleGabar ပရိသတ်ကြီးတွေကလည်း ထူးအောင်ရဲ့ မွန်မြတ်လှတဲ့ မွေးနေ့အမှတ်တရအဖြစ် ပြုလုပ်ခဲ့တဲ့ ကုသိုလ်တွေကို ဝမ်းမြောက်ဝမ်းသာ သာဓု ခေါ်ဆိုလို့ရအောင် မျှဝေဖော်ပြပေးလိုက်ပါတယ် ပရိသတ်ကြီးရေ။

Chilli – CeleGabar
Source – Kyaw Thu

x