ခင်ပွန်းဖြစ်သူ (၁၀)လပြည့်အတွက် လူ(၃၀၀)စာ အာဟာရဒါနလှူဒါန်းခဲ့တဲ့ ဝါဝါဝင်းရွှေ

ပရိသတ်ကြီးရေ ဒီနေ့မှာတော့ ပရိသတ်တွေရဲ့ အချစ်တော်ဝါဝါဝင်းရွှေကတော့ ကွယ်လွန်သွားတာ (၁၀)လပြည့်သွားတဲ့ ခင်ပွန်းဖြစ်သူအတွက် ရည်စူးပြီး အလှူလေးပြုလုပ်ခဲ့ပါတယ်။ ဝါဝါဝင်းရွှေက ခင်ပွန်းဖြစ်သူ ကွယ်လွန်တာ (၁၀)လ (ရက်၃၀၀)ပြည့်အတွက် မြရွှေပင်ဓမ္မရိပ်မှာ Qurantine ဝင်နေကြတဲ့ (၃၀၀)ကို ကြာဇံကြော် အာဟာရဒါန အလှူလေးပြုလုပ်ပေးခဲ့တာပါ။

အာဟာရဒါနအလှူလေးပြုလုပ်ခဲ့တဲ့အကြောင်း အပြင် ခင်ပွန်းဖြစ်သူကို လွမ်းဆွတ်တမ်းတနေတဲ့ အကြောင်းကိုလည်း သူ့ရဲ့ လူမှုကွန်ရက်စာမျက်နှာထက်ကနေပြီးတော့ ဖော်ပြထားပါတယ်။ ခင်ပွန်းဖြစ်သူအတွက် ရည်ရွယ်ပြီး ပြုလုပ်နေတဲ့ အလှူတွေကိုလည်း ခင်ပွန်းဖြစ်သူရောက်ရာဘုံဘဝကနေ သာဓုခေါ်ဆိုဖို့လည်း အမျှဝေထားပါတယ်။

ပရိသတ်တွေနဲ့ အနုပညာရှင်တွေကလည်း ဝါဝါဝင်းရွှေရဲ့ အလှူလေးအတွက်ကို ဝမ်းမြောက်ဝမ်းသာနဲ့ သာဓုခေါ်ဆိုနေခဲ့ကြပါသေးတယ်။CeleGabar ပရိသတ်ကြီးတွေလည်း ဝါဝါဝင်ရွှေရဲ့ မွန်မြတ်လှတဲ့ အလှူလေးအတွက်ကို ဝမ်းသာပီတိဖြစ်လို့ရအောင် မျှဝေဖော်ပြပေးလိုက်ပါတယ်နော်။

Chilli – CeleGabar
Source – Wa Wa Win Shwe

x