ပရိသတ်တွေကိုအမြင်ဆန်းစေဖို့ကြိုးစားထားတဲ့ တစ်ကိုယ်တော် Tik Tok တွေကိုထုတ်ပြလိုက်တဲ့ မိုးယုစံ

မိုးယုစံကတော့ နာမည်ကြီးမော်ဒယ်လ်၊သရုပ်ဆောင်အနေနဲ့ အနုပညာလောကမှာ ပရိသတ်အချစ်တွေကို ရရှိထားသူတစ်ယောက်ပါ။ အခုအချိန်မှာတော့ အိမ်ထောင်ပြုသွားခဲ့ပြီး သားလေးတစ်ယောက်ကို မွေးဖွားထားပြီလည်းဖြစ်ပါတယ်။ သာယာပျော်ရွှင်တဲ့ မိသားစုဘဝလေးကိုတည်ဆောက်ထားသလို အနုပညာအလုပ်တွေလည်းကျဲသွားတာပါ။


သူ့ကိုလွမ်းနေတဲ့ပရိသတ်တွေအတွက် နေ့စဉ်လှုပ်ရှားမှုတွေကို ဖေ့ဘွတ်ခ်ကနေပြီး မျှဝေပေးလေ့ရှိပါတယ်။ အခုဆိုရင်လည်း ပရိသတ်တွေအတွက် Tik Tok လေးတွေကို မျှဝေပေးရင်း “တစ်ကိုယ်တော် tiktok ဒါတွေကတစ်ရက်ထဲရိုက်ထားတာနော် မိုးယုနေ့တိုင်းဆော့တယ်။ ဒါနဲ့ပဲအချိန်ကုန်တယ်မထင်ပါနဲ့နော် စိတ်ရှိရင်ကိုယ်တွက်ကအားလုံးလွယ်ပီး အကုန်မေ့သွားတတ်လို့ပါ။ မိုးယုကိုအမြဲချစ်ခင်အားပေးသူတွေ ကိုယ့်wallကြည့်ရင် မပျင်းရအောင် အပင်ပန်းခံပီး လုပ်ထားတာပါ။ အမြဲချစ်ခင်ပေးနော်။ အမြဲလည်းအသစ်ဆန်းလေးတွေ ကြိုးစားတင်ပေးပါမယ်။” လို့ ရေးသားထားတာပါ။


မိုးယုစံကတော့ အနုပညာအလုပ်တွေသိပ်မလုပ်တော့ပေမဲ့ အရင်တစ်ချိန်ကလိုပဲ ပရိသတ်တွေရဲ့အချစ်တွေကိုရရှိထားတာပါ။ အခုဆိုရင်လည်း ပရိသတ်တွေကတော့ Tik Tok တွေကတော့ အလွမ်းပြေစေမှာအမှန်ပါပဲနော်…



Source : MoeYuSan

x