Covid19 ကမ္ဘာ့ကပ်ဘေးမှာ သင်ခန်းစာတစ်ခုရလိုက်တယ်ဆိုတဲ့ နေခြည်ဦး

အခုဆိုရင် Covid19 ကပ်ရောဂါကြီးကို တစ်ကမ္ဘာလုံးကြောက်ရွံ့တုန်လှုပ်နေရတာပါ။ ဒီလိုအချိန်မှာ လူတိုင်းလိုလိုအိမ်မှာနေနေရတာဖြစ်ပြီး နေခြည်ဦးတို့လို့ အနုပညာရှင်တွေကလည်း အနုပညာအလုပ်တွေရပ်နားထားရကာ အိမ်မှာသာနေနေရတာပါ။ ဒီလိုအချိန်ကာလအတွင်းမှာ ချီချီကတော့ သင်ခန်းစာတစ်ခုရလိုက်တဲ့အကြောင်းကို ပရိသတ်တွေကိုမျှဝေပေးခဲ့ပါတယ်။


သူ့ရဲ့ဖေ့ဘွတ်ခ်မှာ “#Covid19 ကမ္ဘာ့ကပ်ဘေးမှာ ရလိုက်တဲ့သင်ခန်းစာတစ်ခု ဒီကပ်ဘေးမှာ နေခြည်သိလိုက်တာတစ်ခုက ကျန်းမာခြင်းသည် တကယ့်ကို လာဘ်ကြီးတစ်ပါးပါဘဲ။ အခုလို ကူးစင်ရောဂါပျံ့ပွါးနေတဲ့အချိန်မှာတောင် ကိုယ်ခံအားကောင်းတဲ့သူတွေမှာ အားသာချက်တွေရှိနေတယ်။ ဒီကပ်ကြီးပြီးသွားတဲ့အခါ #NewNormal မှာ ကိုယ့်ရဲ့ lifestyle ကို အကောင်းဆုံးစိတ်ကြိုက်ဖန်တီးယူဖို့ အကောင်းဆုံးအချိန်ဘဲလို့နေခြည်မြင်တယ်။ နေခြည်ကတော့ နေ့စဉ် ချက်ပြုတ်စားသောက်တဲ့ diet ကအစ ကိုယ့် skin and body care တွေပါ အသေးစိတ် ပြောင်းလဲနေပြီ။ chillies တို့ရော ??? Sharing is Caring Chillies ချစ်တဲ့နေခြည်” ဆိုပြီးရေးသားထားပါတယ်။


ချီချီကတော့ ကျန်းမာခြင်းကအရေးကြီးကြောင်းကို သူ့အတွေးနဲ့ပတ်သက်ပြီး ပရိသတ်တွေကို ပြန်လည်မျှဝေခဲ့တာပါ။ ပရိသတ်ကြီးထဲမှာ Covid19 ကာလအတွင်းမှာ အတွေးသစ်တွေရပြီး Lifestyle မှာပြောင်းလဲဖို့စိတ်ကူးနေတဲ့သူတွေရှိလားနော်…
Source : beautybynaychi

x