Covid ကာလမှာ နာရေးကူညီမှုအသင်းနဲ့အတူ ဘဝနေဝင်ချိန်များကို ပို့ဆောင်ပေးခဲ့တဲ့ ရွှေပိုးအိမ်

ပရိသတ်ကြီးရေ ပရိသတ်တွေရဲ့ အချစ်တော် ရွှေပိုးအိမ်ကတော့ လတ်တလော Covid ကာလမှာ ကုသိုလ်ကောင်းမှုတွေပြုလုပ်ပြီး ဖြတ်သန်းနေခဲ့ပါတယ်။ ရုပ်လေးကလည်း လှသလို စိတ်ထားလေးလည်း လှတဲ့ ရွှေပိုးအိမ်ကတော့ အမြဲတမ်းလိုလို ကောင်းမှုကုသိုလ်တွေကို ငွေအားလူအားနဲ့ တက်နိုင်သလောက် ပြုလုပ်နေခဲ့တဲ့ သူတစ်ယောက်ပါ။

ရွှေပိုးကအခု Covid ကာလမှာ အနုပညာလှုပ်ရှားမှုတွေရပ်နားထားရချိန်မှာတော့ ဦးကျော်သူ ဥက္ကဋ္ဌအနေနဲ့ ဆောင်ရွက်နေတဲ့ နာရေးကူညီမှုအသင်းရန်ကုန်နဲ့အတူ ဈာပနကူညီမှုတွေမှာ ဘဝနေဝင်ချိန် နောက်ဆုံးခရီးတွေကို အေးချမ်းစွာနဲ့ ပို့ဆောင်ပေးခဲ့တာပဲဖြစ်ပါတယ်။ ရွှေပိုးရဲ့ သက်စေ့ Dead Body (၂၈)လောင်းကို ရွှေပိုးကိုယ်တိုင် လိုက်လံကူညီပို့ဆောင်ပေးခဲ့တာပါ။

ရွှေပိုးကတော့ အခုလို သူပြုလုပ်သမျှကုသိုလ်အစုစုကို ပရိသတ်တွေနဲ့ (၇)ရက်သားသမီးအပေါင်းကို အမျှပေးဝေထားခဲ့ပါသေးတယ်။ CeleGabar ပရိသတ်ကြီးတွေလည်း ရွှေပိုးရဲ့ ပြုပြု သမျှ ကုသိုလ်ကောင်းမှု အားလုံးကို အမျှရ သာဓုခေါ်ဆိုနိုင်ကြစေဖို့ကိုလည်း ပြန်လည်မျှဝေဖော်ပြပေးလိုက်ပါတယ် ပရိသတ်ကြီးရေ။

Chilli – Celegabar
Source – Shwe Poe Eain

x