855
Source : Chue Chue
[email protected]
ယူနီကုဒ်ဖြင့်ဖတ်ရန်
” မြင်မြင်ချင်းချစ်မိတယ်ဆိုတဲ့ ခြူးလေး ”
ခြူးလေးကတော့ထာဝရမန္တလေး၊လူရည်ချွန် စတဲ့mrtv-4ရုပ်သံဇာတ်လမ်းတွဲများကတဆင့် အနုပညာလောကထဲထိုးဖေါက်လာသောချစ်စရာ အမူအရာနဲ့သရုပ်ဆောင်ကောင်းတဲ့ရခိုင်တိုင်းရင်းသူလေးပဲ ဖြစ်ပါတယ်။မာန်မာနကင်းပြီး ချစ်စဖွယ်မျက်နှာလေးနဲ့ချိုသာတဲ့စကားလေးတွေအပြင်အေးချမ်းတဲ့မျက်နှာလေးကပရိသတ် ရင်ထဲကို စွဲနေစေခဲ့တာပဲဖြစ်ပါတယ်။ အကြောင်းအမျိုးမျိုးကြောင့်စိတ်ဓာတ်ကျ ပြီးအဆုံးစီရင် ဖို့ကြိုးစားခဲ့တာကြောင့်လည်း သူမရဲ့အမာခံပရိသတ်တွေအတွက် စိုးရိမ်စရာအခြေအနေဖြစ်ခဲ့ပေမယ့် လက်ရှိမှာတော့ ခြူးလေးဟာ အားမာန်အပြည့်နဲ့ အနုပညာအလုပ်တွေကို ဆက်တိုက်လုပ်ဆောင်နေပြီဖြစ်ပါတယ်။
သူမရဲ့လူမှုကွန်ရက်စာမျက်နှာကနေ နေ့စဉ်လှုပ်ရှားမှုနဲ့ အနုပညာလှုပ်ရှားမှုများကို ပရိသတ်တွေကိုဝေမျှလေ့ရှိပါတယ်။ လတ်တလောမှာတော့ဆံပင်စတိုင်ကြောင့် ပရိသတ်တွေက နောက်တစ်ယောက်လိုပြောင်းလဲ သွားတဲ့ ခြူးလေးပုံစံကို အရမ်းကိုအံံသြသဘောကျပြီး မှတ်ချက်ပေးနေကြတာပဲ ဖြစ်ပါတယ်။” မြင်မြင်ချင်းပဲ ချစ်မိတယ် မြင်မြင်ချင်းပဲ ကြိုက်မိတယ်။စေတနာ မောင့် ပေါ်ထားလို့ ပျိုမေ သစ္စာ ရှိလှတယ်။ “ဆိုတဲ့စာသားလေးနဲ့ ပုံလေးတွေတင်ခဲ့ပြီး ပရိသတ်တွေသို့လောသို့လော အတွေးဖြစ်အောင် လုပ်လိုက်ပြန်ပါပြီနော်။ မြင်မြင်ချင်းချစ်မိတယ့်သူများရှိနေလားဆိုတာ စဉ်းစားစရာပါပဲနော်။ အသက်ငယ်တဲ့ မောင်လေးနဲ့များချစ်သူဖြစ်နေတာလားဆိုတာ ပရိသတ်တွေတွေးစရာပါပဲနော်။ စာသားလေးနဲ့အတူ ဓာတ်ပုံလေးတွေကလည်း ဆွဲဆောင်မှုရှိပြီး လှနေတာမို့ မောင်လေးတွေကိုရင်ခုန်အောင်လုပ်လိုက်တာပဲ ဖြစ်မလားမသိပါဘူးနော်။CeleGabarပရိသတ်ကြီးရော ခြူးလေးရဲ့အလှဓာတ်ပုံလေးတွေကိုကြည့်ပြီး မှတ်ချက်တစ်ခုခုပေးခဲ့ပါဦးနော်။
Source : Chue Chue
[email protected]
ယူနီကုဒ်ဖြင့်ဖတ်ရန်