“ေမြးေန႔မွာ အလွဴအတန္းျပဳလုပ္ေပး၊ေမြးေန႔ဆုေတာင္းေပးတဲ႕ ပရိသတ္ေတြကို ကတိတစ္ခုျပန္ေပးလိုက္တဲ႕ ျဖိဳးျမတ္ေအာင္”

ျဖိဳးျမတ္ေအာင္ကေတာ႕ Myanmar Idol Season (3)ကို၀င္ေရာက္ ယွဥ္ျပိဳင္ခဲ႔ျပီး Winnerဆုၾကီးကို ထိုက္ထိုက္တန္တန္ရရွိခဲ႕တဲ႕ သူပဲျဖစ္ပါတယ္။ဆြဲေဆာင္မႈရွိတဲ႕အသံနဲ႕ သီခ်င္းေတြကို ပိုင္ပိုင္နိုင္နိုင္သီဆိုနိုင္တာေၾကာင္႕ ျပိဳင္ပြဲ၀င္ေနစဥ္ကာလကတည္းက ပရိသတ္အခိုင္အမာရရွိခဲ႔တာျဖစ္ျပီး ဒိုင္ေတြရဲ႕ သတိထားမိတဲ႕ျပိဳင္ပြဲ၀င္တစ္ဦးဆိုလည္းမမွားပါဘူးေနာ္။

လတ္တေလာမွာေတာ႕ ျဖိဳးျမတ္ေအာင္က ေအာင္ျမင္တဲ႕ အဆိုေတာ္တစ္ေယာက္အေနနဲ႕ရပ္တည္နိုင္ဖို႕ သူ၀ါသနာပါတဲ႕ သီခ်င္းေတြကိုၾကိဳးၾကိဳစားစားနဲ႕ သီဆိုျပီး အနုပညာေလာကထဲကို စတင္၀င္ေရာက္ေနျပီပဲျဖစ္ပါတယ္။သူရဲ႕ တစ္ကိုယ္ေတာ္အေခြျဖစ္တဲ႕ “သင္႕အတြက္ မနက္ျဖန္” ဆိုတဲ႕ တစ္ကိုယ္ေတာ္ေတးအယ္ဘမ္ကလည္း ဒီလအတြင္းမွာထြက္ရွိေတာ႔မွာလို႕လည္း သိရပါတယ္။

ျဖိဳးျမတ္ေအာင္ရဲ႕ ပရိသတ္ေတြက သူအသက္(၂၇)နွစ္ျပည္႔ေမြးေန႕မွာ အလွဴအတန္းေတြျပဳလုပ္ျပီးသူ႕အတြက္ေမြးေန႕ဆုေတာင္းေပးခဲ႕ၾကတာပဲျဖစ္ပါတယ္။ျဖိဳးျမတ္ေအာင္ကေတာ႕သူရဲ႕ လူမႈကြန္ရက္စာမ်က္နွာကေန “အားလံုးပဲ မဂၤလာပါခဗ်။ ကြ်န္ေတာ္ ရဲ႕ ( ၂၇ ) ႏွစ္ျပည့္ ေမြးေန႔ ေလးမွာ ျပည္ပက မိသားစုဝင္မ်ား၊ ျမန္မာတစ္ႏိုင္ငံလုံးမွာ ရွိတဲ့ မိသားစုဝင္မ်ား၊ ကြ်န္ေတာ္တို႔ ဧရာဝတီတိုင္းမွ မိသားစု ဝင္မ်ား၊ ေမြးေန႔ အလွဴအတန္း လုပ္ေပးၾကသူမ်ား၊ ေမြးေန႔ ဆုေတာင္း ေပးသူ တစ္ေယာက္စီတိုင္းကို ေက်းဇူးတင္ပါတယ္ခဗ်။ အားလံုးကို ကၽြန္ေတာ္ အရမ္းခ်စ္တယ္ဗ်ာ။”လို႕ ေက်းဇူးတင္စကားဆိုထားျပီး “အသက္ရႈမရပ္တန္႔သမွ် ႀကိဳးစားေနဦးမွာပါ။”လို႕လည္းသူကိုအားေပးခ်စ္ခင္တဲ႕ ပရိသတ္ေတြကို ဂတိေပးထားပါေသးတယ္။CeleGabar ပရိသတ္ၾကီးထဲမွာေရာ ျဖိဳးျမတ္ေအာင္ကို အားေပးခ်စ္ခင္တဲ႕ ပရိသတ္ေတြရွိရင္ မွတ္ခ်က္ေလးေတြေရးေပးခဲ႕ပါဦးေနာ္။

Source : Phyo Myat Aung
[email protected]
ယူနီကုတ္ျဖင္႕ဖတ္ရန္။

“မွေးနေ့မှာ အလှူအတန်းပြုလုပ်ပေး၊မွေးနေ့ဆုတောင်းပေးတဲ့ ပရိသတ်တွေကို ကတိတစ်ခုပြန်ပေးလိုက်တဲ့ ဖြိုးမြတ်အောင်”

ဖြိုးမြတ်အောင်ကတော့ Myanmar Idol Season (3)ကိုဝင်ရောက် ယှဉ်ပြိုင်ခဲ့ပြီး Winnerဆုကြီးကို ထိုက်ထိုက်တန်တန်ရရှိခဲ့တဲ့ သူပဲဖြစ်ပါတယ်။ဆွဲဆောင်မှုရှိတဲ့အသံနဲ့ သီချင်းတွေကို ပိုင်ပိုင်နိုင်နိုင်သီဆိုနိုင်တာကြောင့် ပြိုင်ပွဲဝင်နေစဉ်ကာလကတည်းက ပရိသတ်အခိုင်အမာရရှိခဲ့တာဖြစ်ပြီး ဒိုင်တွေရဲ့ သတိထားမိတဲ့ပြိုင်ပွဲဝင်တစ်ဦးဆိုလည်းမမှားပါဘူးနော်။

လတ်တလောမှာတော့ ဖြိုးမြတ်အောင်က အောင်မြင်တဲ့ အဆိုတော်တစ်ယောက်အနေနဲ့ရပ်တည်နိုင်ဖို့ သူဝါသနာပါတဲ့ သီချင်းတွေကိုကြိုးကြိုစားစားနဲ့ သီဆိုပြီး အနုပညာလောကထဲကို စတင်ဝင်ရောက်နေပြီပဲဖြစ်ပါတယ်။သူရဲ့ တစ်ကိုယ်တော်အခွေဖြစ်တဲ့ “သင့်အတွက် မနက်ဖြန်” ဆိုတဲ့ တစ်ကိုယ်တော်တေးအယ်ဘမ်ကလည်း ဒီလအတွင်းမှာထွက်ရှိတော့မှာလို့လည်း သိရပါတယ်။

ဖြိုးမြတ်အောင်ရဲ့ ပရိသတ်တွေက သူအသက်(၂၇)နှစ်ပြည့်မွေးနေ့မှာ အလှူအတန်းတွေပြုလုပ်ပြီးသူ့အတွက်မွေးနေ့ဆုတောင်းပေးခဲ့ကြတာပဲဖြစ်ပါတယ်။ဖြိုးမြတ်အောင်ကတော့သူရဲ့ လူမှုကွန်ရက်စာမျက်နှာကနေ “အားလုံးပဲ မင်္ဂလာပါခဗျ။ ကျွန်တော် ရဲ့ ( ၂၇ ) နှစ်ပြည့် မွေးနေ့ လေးမှာ ပြည်ပက မိသားစုဝင်များ၊ မြန်မာတစ်နိုင်ငံလုံးမှာ ရှိတဲ့ မိသားစုဝင်များ၊ ကျွန်တော်တို့ ဧရာဝတီတိုင်းမှ မိသားစု ဝင်များ၊ မွေးနေ့ အလှူအတန်း လုပ်ပေးကြသူများ၊ မွေးနေ့ ဆုတောင်း ပေးသူ တစ်ယောက်စီတိုင်းကို ကျေးဇူးတင်ပါတယ်ခဗျ။ အားလုံးကို ကျွန်တော် အရမ်းချစ်တယ်ဗျာ။”လို့ ကျေးဇူးတင်စကားဆိုထားပြီး “အသက်ရှုမရပ်တန့်သမျှ ကြိုးစားနေဦးမှာပါ။”လို့လည်းသူကိုအားပေးချစ်ခင်တဲ့ ပရိသတ်တွေကို ဂတိပေးထားပါသေးတယ်။CeleGabar ပရိသတ်ကြီးထဲမှာရော ဖြိုးမြတ်အောင်ကို အားပေးချစ်ခင်တဲ့ ပရိသတ်တွေရှိရင် မှတ်ချက်လေးတွေရေးပေးခဲ့ပါဦးနော်။