

 

 


 

 


 



ယူနီကုတ်ဖြင့်ဖတ်ရန်

“ကျိုက်ထီးရိုးတောင်ပေါ်ရှိ စာသင်ကျောင်းလေးကို မြန်မာငွေ(၁၁)သိန်းကျော်ဖိုး စာရေးကိရိယာများ ဝယ်ယူကာသွားရောက်လှူဒါန်းမဲ့ ထူးအယ်လင်း”

အသံပါဝါကောင်းကောင်းနဲ့ သီဆိုနိုင်တဲ့ အတွက် ထူးအယ်လင်းကတော့ ပရိသတ်တွေရဲ့ ရင်ထဲမှာ နေရာအပြည့်ယူနိုင်တာဖြစ်ပါတယ်။ ဇူလိုင်လ(၁၃)ရက်မှာ ကျိုက်ထီးရိုးတောင်ပေါ်အလွန် တောတွင်းရှိ ဝါဆိုသံဃာတော်များအား ဝါတွင်း သုံးလစာ ဆွမ်း ခဲဖွယ် များသွားရောက်လှူဒါန်းမှာ ဖြစ်ပါတယ်။ တလက်စတည်း ကျိုက်ထီးရိုးတောင်ပေါ်ရှိ စာသင်ကျောင်းလေးကို မြန်မာငွေ(၁၁)သိန်းကျော်ဖိုး စာရေးကိရိယာများ ဝယ်ယူကာသွားရောက်လှူဒါန်း ခဲ့တယ်ဆိုတာကို သူ့ရဲ့ လူမှုကွန်ရက်စာမျက်နှာမှာ ဖော်ပြထားပါသေးတယ်နော်။

မွန်ပြည်နယ် ကျိုက်ထိုမြို့ ကျိုက်ထီးရိုးတောင်ပေါ်ရှိ လွမ်းမြ(ဘ/ကကျောင်း) စာသင်ကျောင်းသား/သူ ကလေး (၁၉၀) ယောက်စာနှင့် ရသေ့တောင်ရှိ သီရိရတနာမာန်အောင်(ဘ/ကကျောင်း) စာသင်ကျောင်းသား/သူ ကလေး (၁၂၀) ယောက်စာအတွက် လေးကြောင်းမျဉ်း/နှစ်ကြောင်းမျဉ်း ဗလာစာအုပ် ဒါဇင် (၆၂၀) ၊ ခဲတံ ဒါဇင် (၃၂၀) ၊ခဲဖျက် အလုံး (၃၂၀) ၊ ခဲတံချွန်စက် (၃၂၀) ကာလတန်ဖိုးစုစုပေါင်း (၁,၁၃၀,၀၀၀)(တစ်ဆယ့်တစ်သိန်းသုံးသောင်း) ဖြင့် ကလေးငယ်များအတွက် လှူဒါန်းဖို့ ဝယ်ယူပြီးစီးသွားပြီဆုတာကိုလည်း ပီတိဖြစ်ပြီးတော့ သူ့ရဲ့ လူမှုကွန်ရက် စာမျက်နှာကနေ ဖော်ပြထားခဲ့တာဖြစ်ပါတယ်။

ဆယ်လီကမ္ဘာပရိသတ်ကြီးရေ အမှန်တကယ်လိုအပ်နေတဲ့ ကျောင်းများကို စာရေးကရိယာများသွားရောက်လှူဒါန်းခဲ့တဲ့ ထူးအယ်လင်း အတွက် သာဓုခေါ်ခဲ့ပါဦးနော်။
ချစ်သဲမေ @CeleGabar /Source: Htoo El Lynn