“အထင္ေသးျပီး စပြန္စာလိုလားလာေမးတဲ့သူေတြကို ပညာသားပါပါနဲ႕ဒဲ့ေျပာလိုက္တဲ႕ ျမညိဳေလး “

MRtV-(4) ဇာတ္လမ္းတြဲမင္းသမီးေလး ျမတ္သူသူဇင္ ကေတာ့ “ကၽြန္မကမေဟသီ “ဇာတ္ကားမွာ ျမညိဳဆိုတဲ့ဇာတ္ေကာင္နဲ႔ ပရိသတ္အားေပးမႈ အျပည့္အဝရရွိလာခဲ့တဲ႔ သူေလးပဲ ျဖစ္ၿပီး ရန္ကုန္ပရိသတ္ေတြသာမက နယ္ပရိသတ္ေတြပါ အားေပးခ်စ္ခင္ၾကတဲ့သူေလးလို႕ဆိုႏုိင္ပါတယ္။ ရုိးရုိးယဥ္ယဥ္ေလးနဲ႕ က်ရာဇာတ္ရုပ္ကို ပီျပင္ေအာင္သရုပ္ေဆာင္တတ္သူေလးျဖစ္ၿပီး ပရိသတ္ေတြအေပၚမွာလည္း တေလးတစားဆက္ဆံတတ္သူေလးပဲ ျဖစ္ၿပီး ပရိသတ္ေတြကလည္း ခ်စ္စႏုိးနဲ႕ ” ျမညိဳေလး ” ဆိုၿပီး ေခၚဆုိေလ့ရွိတာပဲ ျဖစ္ပါတယ္။ သူမရဲ႕ အခ်စ္ေရးကိုလည္းပြင့္ပြင့္လင္းလင္းေဖာ္ျပထားတာပဲ ျဖစ္ၿပီး အလြန္ႀကိဳးစားတဲ့ မင္းသမီးတစ္လက္ပဲ ျဖစ္ပါတယ္။

လတ္တေလာမွာေတာ့ ျမညိဳေလးဟာ မသမာတဲ့နည္းနဲ႕မခ်မ္းသာခ်င္တဲ့အျပင္ စပြန္ဆာလဲမလိုဘူးဆိုတဲ့အေၾကာင္းကို ေျပာျပခဲ့ၿပီး အလုပ္လုပ္ေနတဲ့အခ်ိန္ လူမႈကြန္ရက္ကိုလိုင္းဖြင့္ထားေပမယ့္ မသံုးျဖစ္ဘူးလို႕ ရွင္းျပခဲ့ပါတယ္။ အားေပးတာေက်းဇူးတင္ေပမယ့္လည္း အလုပ္လုပ္လို႕မရေအာင္ အေႏွာင့္အယွက္မေပးဖို့ကိုေမတၱာရပ္ခံခဲ့တာပဲ ျဖစ္ၿပီး စကားျပန္မေျပာတာနဲ႕ မာနႀကီးတယ္ အေလးမထားဘူး ဘဝင္ျမင့္တယ္ လို႕မထင္ၾကပါနဲ႕လို႕လည္းေျပာျပခဲ့ပါတယ္။

အထင္ေသးျပီး စပြန္စာလိုလားလာေမးတဲ့သူေတြကို ” လိုင္းသံုးေနတာက လူတကာကိုအသံုးေတာ္ခံစကားထိုင္ေျပာေပးေနဖို႕မဟုတ္ပါဘူး အထင္ေသးၿပီးလည္း ဘာစပြန္ဆာမွလာမေပးပါနဲ႔ မလိုအပ္ပါဘူး။ကိုယ့္ထမင္းတလုတ္အတြက္ေတာ့ ႐ိုး႐ိုးသားသားရွာစားတတ္တဲ့ ေျခေကာင္းလက္ေကာင္းမိန္းမတေယာက္ပါ ။အစထဲက ဒီအေျခအေနထိေရာက္ေအာင္ တေယာက္ထဲ႐ုန္းလာခဲ့တာပါ အခုမွ ဘာစပြန္ဆာမွလည္း ထၿပီးမလိုခ်င္ပါဘူး မ႐ိုးသားတဲ့နည္းနဲ႔မခ်မ္းသာခ်င္ပါဘူး ဒီေလာက္နဲ႕ပဲ ကိုယ့္သိကၡာကိုယ္ထိန္းၿပီးရပ္တန္းကရပ္ပါ ဒါပဲေရးခ်င္ေျပာခ်င္ပါတယ္။ ျမတ္သူဒီေန ႔ေရးတာေဒါသေၾကာင့္အမွားပါခဲ့ရင္ ႐ိုေသရသူတေယာက္ဆီတိုင္းကိုေတာင္းပန္ပါတယ္ ” ျမညိဳေလးက ပညာသားပါပါ တံု႕ျပန္ေျပာဆိုလိုက္တာပဲ ျဖစ္ပါတယ္။CeleGabar ပရိသတ္ႀကီးေရာ ျမညိဳေလးရဲ႕ ခံယူခ်က္ကို သေဘာက်အားေပးရင္မွတ္ခ်က္တစ္ခုခုေပးခဲ့ပါဦးေနာ္။

Source :Myat Thu Thu Zin
Shwe Poe @CeleGabar
ယူနီကုဒ္ျဖင့္ဖတ္ရန္

“အထင်သေးပြီး စပွန်စာလိုလားလာမေးတဲ့သူတွေကို ပညာသားပါပါနဲ့ဒဲ့ပြောလိုက်တဲ့ မြညိုလေး ”

MRtV-(4) ဇာတ်လမ်းတွဲမင်းသမီးလေး မြတ်သူသူဇင် ကတော့ “ကျွန်မကမဟေသီ “ဇာတ်ကားမှာ မြညိုဆိုတဲ့ဇာတ်ကောင်နဲ့ ပရိသတ်အားပေးမှု အပြည့်အဝရရှိလာခဲ့တဲ့ သူလေးပဲ ဖြစ်ပြီး ရန်ကုန်ပရိသတ်တွေသာမက နယ်ပရိသတ်တွေပါ အားပေးချစ်ခင်ကြတဲ့သူလေးလို့ဆိုနိုင်ပါတယ်။ ရိုးရိုးယဉ်ယဉ်လေးနဲ့ ကျရာဇာတ်ရုပ်ကို ပီပြင်အောင်သရုပ်ဆောင်တတ်သူလေးဖြစ်ပြီး ပရိသတ်တွေအပေါ်မှာလည်း တလေးတစားဆက်ဆံတတ်သူလေးပဲ ဖြစ်ပြီး ပရိသတ်တွေကလည်း ချစ်စနိုးနဲ့ ” မြညိုလေး ” ဆိုပြီး ခေါ်ဆိုလေ့ရှိတာပဲ ဖြစ်ပါတယ်။ သူမရဲ့ အချစ်ရေးကိုလည်းပွင့်ပွင့်လင်းလင်းဖော်ပြထားတာပဲ ဖြစ်ပြီး အလွန်ကြိုးစားတဲ့ မင်းသမီးတစ်လက်ပဲ ဖြစ်ပါတယ်။

လတ်တလောမှာတော့ မြညိုလေးဟာ မသမာတဲ့နည်းနဲ့မချမ်းသာချင်တဲ့အပြင် စပွန်ဆာလဲမလိုဘူးဆိုတဲ့အကြောင်းကို ပြောပြခဲ့ပြီး အလုပ်လုပ်နေတဲ့အချိန် လူမှုကွန်ရက်ကိုလိုင်းဖွင့်ထားပေမယ့် မသုံးဖြစ်ဘူးလို့ ရှင်းပြခဲ့ပါတယ်။ အားပေးတာကျေးဇူးတင်ပေမယ့်လည်း အလုပ်လုပ်လို့မရအောင် အနှောင့်အယှက်မပေးဖို့ကိုမေတ္တာရပ်ခံခဲ့တာပဲ ဖြစ်ပြီး စကားပြန်မပြောတာနဲ့ မာနကြီးတယ် အလေးမထားဘူး ဘဝင်မြင့်တယ် လို့မထင်ကြပါနဲ့လို့လည်းပြောပြခဲ့ပါတယ်။

အထင်သေးပြီး စပွန်စာလိုလားလာမေးတဲ့သူတွေကို ” လိုင်းသုံးနေတာက လူတကာကိုအသုံးတော်ခံစကားထိုင်ပြောပေးနေဖို့မဟုတ်ပါဘူး အထင်သေးပြီးလည်း ဘာစပွန်ဆာမှလာမပေးပါနဲ့ မလိုအပ်ပါဘူး။ကိုယ့်ထမင်းတလုတ်အတွက်တော့ ရိုးရိုးသားသားရှာစားတတ်တဲ့ ခြေကောင်းလက်ကောင်းမိန်းမတယောက်ပါ ။အစထဲက ဒီအခြေအနေထိရောက်အောင် တယောက်ထဲရုန်းလာခဲ့တာပါ အခုမှ ဘာစပွန်ဆာမှလည်း ထပြီးမလိုချင်ပါဘူး မရိုးသားတဲ့နည်းနဲ့မချမ်းသာချင်ပါဘူး ဒီလောက်နဲ့ပဲ ကိုယ့်သိက္ခာကိုယ်ထိန်းပြီးရပ်တန်းကရပ်ပါ ဒါပဲရေးချင်ပြောချင်ပါတယ်။ မြတ်သူဒီနေ့ရေးတာဒေါသကြောင့်အမှားပါခဲ့ရင် ရိုသေရသူတယောက်ဆီတိုင်းကိုတောင်းပန်ပါတယ် ” မြညိုလေးက ပညာသားပါပါ တုံ့ပြန်ပြောဆိုလိုက်တာပဲ ဖြစ်ပါတယ်။CeleGabar ပရိသတ်ကြီးရော မြညိုလေးရဲ့ ခံယူချက်ကို သဘောကျအားပေးရင်မှတ်ချက်တစ်ခုခုပေးခဲ့ပါဦးနော်။

Source :Myat Thu Thu Zin
Shwe Poe @CeleGabar