



Source : Tyron Bejay
[email protected]
ယူနီကုတ်ဖြင့်ဖတ်ရန်။

“ခေတ်စားနေတဲ့ အမိုက်စား Challenge တစ်ခုကို ပရိသတ်တွေရင်ခုန်အောင် ပြုလုပ်ပြလိုက်တဲ့ တိုင်ရွန်”

တိုင်ရွန်ကတော့ နှုတ်ခမ်းနီးမလေးတွေရဲ့ သည်းသည်းလှုပ်အားပေးမှုကိုရရှိထားတဲ့ မော်ဒယ်မင်းသားချောလေးတစ်ယောက်ပဲဖြစ်ပါတယ်။တိုင်ရွန်ရဲ့ ယောက်ျားပီသတဲ့ ခန္ဓာကိုယ်အချိုးအစားကိုပိုင်ဆိုင်ထားတာကြောင့် မိန်းကလေးပရိသတ်တွေရဲ့ အားပေးချစ်ခင်မှုကိုသာမက ယောက်ျားလေး ပရိသတ်တွေရဲ့ အားကျနှစ်သက်မှုကိုလည်းရရှိထားတဲ့ သူတစ်ယောက်လည်းဖြစ်ပါတယ်။

MRTV-4ကထုတ်လွှင့်ပြသခဲ့တဲ့ “မနေ့ကဖြစ်သည် (၂)”ရုပ်သံဇာတ်လမ်းတွဲမှာ ဇာတ်ရုပ်ကိုပီပြင်စွာသရုပ်ဆောင်နိုင်ခဲ့တာကြောင့် အားပေးသူပရိသတ်ပိုမိုရရှိခဲ့ပါသေးတယ်။မကြာသေးမီကရုံတင်ပြသခဲ့တဲ့ “သတိ အန္တရာယ်ရှိသည်”ရုပ်ရှင်ဇာတ်ကားကြီးမှာလည်း တတ်သစ်စတစ်ဦးအနေနဲ့ ခက်ခဲတဲ့ ဗီလိန်ကာရိုက်တာကိုလည်း ပိုင်ပိုင်နိုင်နိုင်နဲ့ ပါဝင်သရုပ်ဆောင်ခဲ့တာပဲဖြစ်ပါတယ်။

လတ်တလောမှာတော့ တိုင်ရွန်ကို ခါရာက Bottle cap Challengeလုပ်ဖို့ ကို စိန်ခေါ်ခဲ့တာကို လက်ခံပြီး “Challenge accept! ခါရာchallenge ကိုလက်ခံပြီးပါကြောင်း”ဆိုပြီး သူရဲ့ လူမှုကွန်ရက်စာမျက်နှာကနေ Challengeလုပ်ပြထားတဲ့ ဗီဒီယိုလေးကို တင်ပေးထားတာပဲဖြစ်ပါတယ်။” ကဲနောက်တစ်ခါ Htoo Aung သားကြီးကိုခေါ်ပြီ”ဆိုပြီးလည်း ထူးအောင်ကို Challenge ပြန်ခေါ်ခဲ့ပါသေးတယ်။CeleGabarပရိသတ်ကြီးရေ တိုင်ရွန်ရဲ့ Bottle cap Challengeဗီဒီယိုလေးကိုကြည့်ပြီးမှတ်ချက်လေးတွေရေးပေးခဲ့ပါဦးနော်…