



Source : Wutt Hmone Shwe Yi
[email protected]
ယူနီကုတ်ဖြင့်ဖတ်ရန်။

“အမျိုးသားသုံးဦးရဲ့ သုံးပွင့်ဆိုင်ချစ်ခြင်းတွေနဲ့ ရွေးချယ်ရချက်စေမဲ့ မိန်းမလှလေး မိုးနှောင်း အဖြစ် ပရိသတ်တွေရဲ့ အချစ်ကိုရရှိခဲ့တဲ့ ရွှေကစ်လေး”

ဝတ်မှုန်ရွေရည်ကတော့ အနုပညာလောကမှာ သရုပ်ဆောင်မင်းသမီးတစ်ယောက်အနေနဲ့ ရပ်တည်နေတဲ့ မြန်မာနိုင်ငံရဲ့ ထိပ်တန်းမင်းသမီးတစ်လက်ဖြစ်ပြီး ပရိသတ်တွေကတော့ သူမကို ရွှေကစ်လေးလို့ချစ်စနိုးနဲ့ ခေါ်ဆိုကြတာပဲဖြစ်ပါတယ်။ကိုရီးယားမလေးလို့တောင်ထင်မှတ်ရလောက်အောင် ဖြူဖွေးလှပတဲ့အသားအရေကိုပိုင်ဆိုင်ထားပြီး မိန်းကလေးတွေအားကျရလောက်တဲ့အထိလှပသူတစ်ယောက်ဆိုလည်းမမှားပါဘူးနော်။

ရွှေကစ်လေးကတော့ ကိုရီးယားနိုင်ငံ ဘူဆန်မြို့မှာ ကျင်းပပြုလုပ်ခဲ့တဲ့ Asia Model Festival ပွဲမှာလည်း Asia Special Awardဆုကြီးကို ရရှိခဲ့တဲ့ သူလည်းဖြစ်ပါတယ်။သူမကကျရာဇာတ်ရုပ်ကို ပီပြင်စွာသရုပ်ဆောင်နိုင်တဲ့ သူတစ်ဦးဖြစ်ပြီး အကယ်ဒမီဆုကြီးကိုလည်း (၂)ဆုတိတိ ရရှိပိုင်ဆိုင်ထားပါသေးတယ်။

ဒီနေ့မှာလည်း ရွှေကစ်လေးပါဝင်သရုပ်ဆောင်ထားတဲ့ “ဒဏ္ဍာရီမိုး”ရုပ်ရှင်ဇာတ်ကားကြီးက စတင်ပြီး ရုံတင်ပြသတာဖြစ်ပါတယ်။ရွှေကစ်လေးက ဒီဇာတ်ကားကြီးမှာ အမျိုးသားသုံးဦးရဲ့ သုံးပွင့်ဆိုင်ချစ်ခြင်းတွေနဲ့ ရွေးချယ်ရချက်စေမဲ့ မိန်းမလှလေး “မိုးနှောင်း” အဖြစ် ပါဝင်ခဲ့တာဖြစ်တာကြောင့် ပရိသတ်တွေကို လာရောက်ကြည့်ရှု့ပြီး သူမရဲ့သရုပ်ဆောင်မှုကို ဝေဖန်ပေးဖို့အတွက် ဗီဒီယိုလေးတစ်ခုနဲ့ သူမရဲ့ လူမှုကွန်ရက်စာမျက်နှာကနေဖိတ်ခေါ်ခဲ့တာပဲဖြစ်ပါတယ် ။CeleGabarပရိသတ်ကြီးထဲမှာ ရွှေကစ်လေးကို အားပေးတဲ့သူတွေရှိလား ဖြေခဲ့ပေးပါဦးနော်။