ဆရာၾကီး မင္းသိခၤရဲ႕ ဆားပုလင္းနွင္းေမာင္ ဇာတ္ေကာင္ကို အသက္သြင္းပံုေဖာ္ခြင့္ရရွိသြားခဲ့တဲ့ ေဒါင္း

 

 

 

အမ်ိဳးသမီး ပရိသတ္ေတြရဲ႕ အထူးအားေပးခ်စ္ခင္ျခင္းကို ခံရတဲ့ ေဒါင္းဟာ သူ႕ရဲ႕ ဆြဲေဆာင္မႈရွိလြန္းတဲ့ အၾကည္႕ နဲ႕ အျပံဳးေတြ ေၾကာင့္ “ေဒါင္း” ရယ္လို႕ နာမည္တစ္လံုးနဲ႕ အလြန္နာမည္ၾကီးေရပန္းစားလာခဲ့သူလည္းျဖစ္ပါတယ္။ မ်က္နာသစ္ သရုပ္ေဆာင္ မင္းသားတစ္ေယာက္ အေနနဲ႕ နွစ္ကာလ အခ်ိန္တိုေလးအတြင္း ေအာင္ျမင္မႈ ရရွိလာခဲ့တဲ့ ေဒါင္း ရဲ႕ ရုပ္ရွင္ဇာတ္ကားၾကီးျဖစ္တဲ့ “ဒ႑ာရီမိုး” ရုပ္ရွင္ဇာတ္ကားၾကီးမွာလည္း ယေန႕ ဇူလွိဳင္လ(၁၁) ရက္ေန႕မွာ ရံုတင္ျပသခဲ့ျပီျဖစ္ျပီး အခ်စ္ၾကီးျပီး အမ်က္ၾကီးသူ ဒီလွိဳင္းအျဖစ္ နဲ႕ ပရိသတ္ေတြရဲ႕ အခ်စ္ကို ျပန္လည္သိမ္းပိုက္ထားနိုင္သူျဖဖစ္ပါတယ္။

လတ္တေလ ာ အနုပညာလွဳပ္ရွားမႈအေနနဲ႕ ေဒါင္း ဟာ “Golden Hour Film Production ” ထုတ္လုပ္ေရးရဲ႕ ယံုယံုၾကည္ၾကည္ အပ္နံမႈအရ ရုပ္ရွင္ဇာတ္ကားၾကီးအျဖစ္ အသက္သြင္းေတာ့မဲ့ ဆရာၾကီး မင္းသိခၤရဲ႕ ဆားပုလင္း နွင္းေမာင္ နဲ႕ စေနေမာင္ေမာင္ ၀တၳဳေတြမွာ အျခားေသာ ၀ါရင့္သရုပ္ေဆာင္ မင္းသားေတြနဲ႕ အတူ သရုပ္ေဆာင္ဖို႕ အတြက္ ထပ္မံကမ္းလွမ္းခံလိုက္ရတာလည္းျဖစ္ပါတယ္။

 

စာေပေလာကမွာ အလြန္ကို နာမည္ၾကီး လူၾကိဳက္မ်ားလွတဲ့ ဆရာၾကီး မင္းသိခၤရဲ႕ ဆားပုလင္း နွင္းေမာင္ နဲ႕ စေနေမာင္ေမာင္ ၀တၳဳေတြထဲက ဇာတ္ေကာင္ေတြကို တိတိက်က်နဲ႕ပံုေဖာ္သရုပ္ေဆာင္နိုင္ဖို႕ ဟာ အလြန္တာ၀န္ၾကီးသလို “ဆားပုလင္း နွင္းေမာင္” ဆိုတဲ့ ဇာတ္ေကာင္ကို မ်က္နာသစ္ မင္းသားတစ္ေယာက္ အေနနဲ႕ မင္းသား ေဒါင္း ဟာ အခြင့္အေရးေကာင္းတစ္ခု အေနနဲ႕အသက္သြင္း သရုပ္ေဆာင္ခြင့္ရရွိခဲ့တာလည္းျဖစ္ပါတယ္။ ပရိသတ္အေတာ္အမ်ားကလည္း ဒီ ဆားပုလင္းနွင္းေမာင္ ဇာတ္ေကာင္ဟာ ေဒါင္္းနဲ႕ လိုက္ဖက္တယ္လို႕လည္း ဆိုေနၾကသလို ဆယ္လီကမာၻပရိသတ္ၾကီးေကာ ထင္ျမင္ခ်က္ေလးေတြကို မွ်ေ၀သြားပါဦးေနာ္…။

Source:Golden Hour Film Production
Khin Mi [email protected]
ယူနီကုဒ္နဲ႕ ဖတ္ရန္

ဆရာကြီး မင်းသိင်္ခရဲ့ ဆားပုလင်းနှင်းမောင် ဇာတ်ကောင်ကို အသက်သွင်းပုံဖော်ခွင့်ရရှိသွားခဲ့တဲ့ ဒေါင်း

အမျိုးသမီး ပရိသတ်တွေရဲ့ အထူးအားပေးချစ်ခင်ခြင်းကို ခံရတဲ့ ဒေါင်းဟာ သူ့ရဲ့ ဆွဲဆောင်မှုရှိလွန်းတဲ့ အကြည့် နဲ့ အပြုံးတွေ ကြောင့် “ဒေါင်း” ရယ်လို့ နာမည်တစ်လုံးနဲ့ အလွန်နာမည်ကြီးရေပန်းစားလာခဲ့သူလည်းဖြစ်ပါတယ်။ မျက်နာသစ် သရုပ်ဆောင် မင်းသားတစ်ယောက် အနေနဲ့ နှစ်ကာလ အချိန်တိုလေးအတွင်း အောင်မြင်မှု ရရှိလာခဲ့တဲ့ ဒေါင်း ရဲ့ ရုပ်ရှင်ဇာတ်ကားကြီးဖြစ်တဲ့ “ဒဏ္ဍာရီမိုး” ရုပ်ရှင်ဇာတ်ကားကြီးမှာလည်း ယနေ့ ဇူလှိုင်လ(၁၁) ရက်နေ့မှာ ရုံတင်ပြသခဲ့ပြီဖြစ်ပြီး အချစ်ကြီးပြီး အမျက်ကြီးသူ ဒီလှိုင်းအဖြစ် နဲ့ ပရိသတ်တွေရဲ့ အချစ်ကို ပြန်လည်သိမ်းပိုက်ထားနိုင်သူဖြဖစ်ပါတယ်။

လတ်တလော အနုပညာလှုပ်ရှားမှုအနေနဲ့ ဒေါင်း ဟာ “Golden Hour Film Production ” ထုတ်လုပ်ရေးရဲ့ ယုံယုံကြည်ကြည် အပ်နံမှုအရ ရုပ်ရှင်ဇာတ်ကားကြီးအဖြစ် အသက်သွင်းတော့မဲ့ ဆရာကြီး မင်းသိင်္ခရဲ့ ဆားပုလင်း နှင်းမောင် နဲ့ စနေမောင်မောင် ဝတ္ထုတွေမှာ အခြားသော ဝါရင့်သရုပ်ဆောင် မင်းသားတွေနဲ့ အတူ သရုပ်ဆောင်ဖို့ အတွက် ထပ်မံကမ်းလှမ်းခံလိုက်ရတာလည်းဖြစ်ပါတယ်။

စာပေလောကမှာ အလွန်ကို နာမည်ကြီး လူကြိုက်များလှတဲ့ ဆရာကြီး မင်းသိင်္ခရဲ့ ဆားပုလင်း နှင်းမောင် နဲ့ စနေမောင်မောင် ဝတ္ထုတွေထဲက ဇာတ်ကောင်တွေကို တိတိကျကျနဲ့ပုံဖော်သရုပ်ဆောင်နိုင်ဖို့ ဟာ အလွန်တာဝန်ကြီးသလို “ဆားပုလင်း နှင်းမောင်” ဆိုတဲ့ ဇာတ်ကောင်ကို မျက်နာသစ် မင်းသားတစ်ယောက် အနေနဲ့ မင်းသား ဒေါင်း ဟာ အခွင့်အရေးကောင်းတစ်ခု အနေနဲ့အသက်သွင်း သရုပ်ဆောင်ခွင့်ရရှိခဲ့တာလည်းဖြစ်ပါတယ်။ ပရိသတ်အတော်အများကလည်း ဒီ ဆားပုလင်းနှင်းမောင် ဇာတ်ကောင်ဟာ ဒေါင်းနဲ့ လိုက်ဖက်တယ်လို့လည်း ဆိုနေကြသလို ဆယ်လီကမ္ဘာပရိသတ်ကြီးကော ထင်မြင်ချက်လေးတွေကို မျှဝေသွားပါဦးနော်…။