ပရိသတ်ကြီးရေ အဆိုတော်မိုင်ကတော့ တစ်ခေတ်တစ်ခါက ထိပ်တန်းအဆိုတော်တစ်လက်အနေနဲ့ကို အနုပညာလောကမှာ အဆိုတော်တစ်ယောက်အဖြစ်ရပ်တည်နိုင်ခဲ့တဲ့ ပရိသတ်အချစ်တော်တစ်ယောက်ပဲဖြစ်ပါတယ်။ အဆိုတော်မိုင်ရဲ့ သမီးဖြစ်သူ ရတနာမိုင်ကလည်း မိခင်ကြီးရဲ့ အမွေကို ဆက်ခံပြီး အဆိုတော်တစ်ယောက်အဖြစ်ရပ်တည်နေခဲ့ပါတယ်။ ဒီနေ့ ဇူလိုင်လ (၁၅)ရက်နေ့လေးကတော့ အဆိုတော်မိုင်ရဲ့ မွေးနေ့ကျရောက်တဲ့ နေ့ရက်မြတ်လေးပဲဖြစ်ပါတယ်။ အဆိုတော်မိုင်ရဲ့ မွေးနေ့အတွက်ကို သမီးဖြစ်သူရတနာမိုင်ကတော့ သူ့ရဲ့လူမှုကွန်ရက်စာမျက်နှာကနေ “ချစ်မေမေ Happy Birthday အမေတခုသမီးတခုဘဝမှာမေကြီးအသက်ရှည်ကျန်းမာအောင်နေပေးပါ မေကြီးအသက်ရာကျော်ရှည်ပါစေ ကျန်းမာပါစေ ချမ်းသာပါစေ စိတ်ချမ်းသာပါစေကိုယ်ကျန်းမာပါစေ။ ချစ်တယ်။ ကမ္ဘာပေါ်မှာအချစ်ရဆုံးသူလေး” ဆိုပြီး မိခင်ကြီးအတွက် မွေးနေ့ဆုတောင်းပေးထားခဲ့ပါတယ်။ CeleGabar ပရိသတ်ကြီးတွေလည်း ဒီနေ့မှာကျရောက်တဲ့ အဆိုတော်မိုင်ရဲ့ မွေးနေ့အတွက်ကို မွေးနေ့ဆုမွန်ကောင်းတွေဆုတောင်းပေးခဲ့ကြပါဦးနော်။ Source – Yadanar My Chilli – CeleGabar …
Read More »Chilli
ခုနှစ်ရက်သားသမီးကောင်းမှုအဖြစ် သံဃာတော်များအား(အပတ်စဉ်)အရုဏ်ဆွမ်းလောင်းလှူ ကုသိုလ်ပြုခဲ့တဲ့ ခိုင်နှင်းဝေ
ပရိသတ်ကြီးရေ ခိုင်နှင်းဝေကတော့ ပရဟိတအလုပ်တွေကို သူတတ်အားသလောက်လိုက်လံဆောင်ရွက်နေခဲ့တာကြောင့် ပရိသတ်တွေရဲ့ချစ်ခင်မှုကို အပြည့်အဝရရှိထားတဲ့ သူတစ်ယောက်ပဲဖြစ်ပါတယ်။ အနုပညာအလုပ်တစ်ဖက် ကလေးတွေတစ်ဖက်နဲ့ကိုတောင် အားတဲ့အချိန်မှာ တတ်နိုင်တဲ့ ပရဟိတအလုပ်တွေကို လိုက်လံလုပ်ဆောင်နေခဲ့ပါသေးတယ်။ ဒီနေ့မှာလည်း ခိုင်နှင်းဝေက ခုနှစ်ရက် သားသမီး ကုသိုလ်ရှင်များ ကောင်းမှု အဖြစ် သံဃာတော်များအား (အပတ်စဉ်) အရုဏ်ဆွမ်းလောင်းလှု ကုသိုလ်အဖြစ် သောကြာနေ့တိုင်းလောင်လှူကုသိုလ်လေးကို စတင်လောင်းလှူကုသိုလ်ပြုခဲ့ပါတယ်။ ဆွမ်းလောင်းကုသိုလ်လေးကိုတော့ သီရိအောင်မြေ(ဗဟို)ဓမ္မာရုံ (၃၀)ရပ်ကွက်မှာလောင်လှူခဲ့တာပဲဖြစ်ပါတယ်။ အရုဏ်ဆွမ်းလောင်းလှူတာဖြစ်တဲ့ အတွက် ခိုင်နှင်းယေကသူကိုင်တိုင် မနက်အစောကြီးထပြီး လောင်းလှူခဲ့ပါသေးတယ်။ CeleGabar ပရိသတ်ကြီးရေ ပရိသတ်တွေကတော့ ခိုင်နှင်းဝေရဲ့ ပရဟိတစိတ်ဓာတ်နဲ့ အလှူအတန်းရက်ရောလှပုံကို သာဓု ခေါ်ပြီးရင်းခေါ်ဆိုနေခဲ့ကြပါသေးတယ်။ Source – Khine Hnin Wai Chilli – …
Read More »ဖခင်ကြီးဦးမန်းဝင်းကို လွမ်းဆွတ်တမ်းတသတိရနေကြောင်း ရင်ဖွင့်လာခဲ့တဲ့ ဟေမာမန်းဝင်း
ပရိသတ်ကြီးရေ ဦးမန်းဝင်းကတော့ ရုပ်ရှင်နဲ့ ဗီဒီယိုသရုပ်ဆောင် ဝါရင့်ဟာသလူရွှင်တော်ကြီးတစ်ယောက်ဖြစ်ပြီး ပရိသတ်တွေရဲ့ အချစ်တွေကို အပြည့်အဝသိမ်းပိုက်ထားနိုင်ခဲ့တဲ့ သူတစ်ယောက်ပဲဖြစ်ပါတယ်။ ကွယ်လွန်သွားခဲ့ပြီဆိုပေမဲ့ ယနေ့ထက်တိုင် ပရိသတ်တွေရဲ့ ရင်ထဲမှာ ချစ်ခင်နေကြရစဲဖြစ်တဲ့ အနုပညာရှင်တစ်ယောက်လည်းဖြစ်ပါတယ်။ ဦးမန်းဝင်းကတော့ ပြီးခဲ့တဲ့ (၂၀၂၀)ခုနှစ် ဇူလိုင်လ (၁၃)ရက်နေ့မှာ ကွယ်လွန်သွားခဲ့တာဖြစ်ပြီး လက်ရှိမှာတော့ ကွယ်လွန်သွားတာ (၂)နှစ်ကျော်ရှိနေခဲ့ပြီလည်းဖြစ်ပါတယ်။ ပြည်သူချစ်အနုပညာရှင်ကြီးရဲ့ သမီးဖြစ်သူ သရုပ်ဆောင် ဟေမာမန်းဝင်းကလည်း ဖခင်ကြီးကို လွမ်းဆွတ်တမ်းတသတိရနေကြောင်း ဒီနေ့မနက်အစောပိုင်းကသူ့ရဲ့လူမှုကွန်ရက်စာမျက်နှာကနေ ရင်ဖွင့်လာခဲ့ပါတယ်။ “ဖေဖေသာရှိရင်ဟေမာဈေးရောင်းနေတာကြည့်ပြီလက်ခုပ်လေးတီးပြီအားပေးနေမယ်ဆိုတာသမီးယုံတယ်ငပေါမကြီးဆိုပြီးစနေမှာအခုတော့သမီးတယောက်ထဲရုန်းနေရပြီဖေဖေရေ” ဆိုပြီး ဖခင်ကြီးရှိစဉ်ကရိုက်ကူးထားတဲ့ ပုံလေးနဲ့ သူ့ရဲကလူမှုကွန်ရက်စာမျက်နှာကထက်မှာရေးသားလာခဲ့တာပဲဖြစ်ပါတယ်။ CeleZone ပရိသတ်ကြီးရေ မိသားစုဝင်တွေမပြောနဲ့ ပရိသတ်တွေတောင် ခုချိန်ထိ ဦးမန်းဝင်းကို သတိရတုန်းပါပဲနော်။ Source – Hay Mar Mann Win …
Read More »မိခင်ကြီးရဲ့ မွေးနေ့အတွက်ပျော်ရွှင်ဖွယ်မွေးနေ့လေးဖြစ်စေကြောင်းမွေးနေ့ဆုတောင်းပေးခဲ့တဲ့ ဧငြိမ်းဖြူ
ပရိသတ်ကြီးရေ ဧငြိမ်းဖြူကတော့ ရေဒီယိုဇာတ်လမ်းတွဲတွေကို ပြန်လည်သရုပ်ဆောင်ခဲ့ပြီး ပရိသတ်တွေရဲ့ ချစ်ခင်မှုကို ရရှိထားတဲ့ အနုပညာရှင်တစ်ယောက်ပဲဖြစ်ပါတယ်။ အဆိုတော်ရဲရင့်အောင်ရဲ့ ကောင်မလေးလည်းဖြစ်သလို လိုက်ဖက်ညီလွန်းလှတာကြောင့် အိုင်ဒေါစုံတွဲလို့ သတ်မှတ်ခံထားရသူလည်းဖြစ်ပါတယ်။ ဒီနေ့ ဇူလိုင်လ (၁၄)ရက်နေ့ကတော့ ဧငြိမ်းဖြူရဲ့ မိခင်ကြီးရဲ့ မွေးနေ့ရက်မြတ်ကျရောက်တဲ့ နေ့ရက်မြတ်လေးပဲဖြစ်ပါတယ်။ ဧငြိမ်ဖြူကတော့ သူ့ရဲ့မိခင်ကြီးရဲ့ မွေးနေ့အတွက်ကို သူ့ရဲ့လူမှုကွန်ရက်စာမျက်နှာ My Day ကနေ မွေးနေ့ဆုမွန်ကောင်းတောင်းပေးထားခဲ့ပါသေးတယ်။ “Happy Birthday Omaaaa Love u So much Mwak Mwak” ဆိုပြီးမိခင်ကြီးရဲ့ ပုံလေးနဲ့ ဆုတောင်းထားခဲ့တာပါ။ Happy Birthday ပါ အန်တီရေ ချစ်ရတဲ့ မိသားစုလေးရဲ့ ပျော်ရွှင်မှုတွေပဲရရှိပါစေလို့ CeleGabar ကနေလည်း မွေးနေ့ဆုတောင်းပေးလိုက်ပါတယ်နော်။ …
Read More »“ဦးဝင်းမိဘမဲ့မိသားစု” ဂေဟာမှာ အဟာရဒါနအလှူလေးသွားရောက်ပြုလုပ်ခဲ့တဲ့ မိုးအောင်ရင်
ပရိသတ်ကြီးရေ မိုးအောင်ရင်ကတော့ ဝါရင့်အဆိုတော်ကြီးဖြစ်တဲ့ ဦးအောင်ရင်ရဲ့ သားဖြစ်ပြီး သရုပ်ဆောင်တစ်ယောက်အနေနဲ့ပရိသတ်တွေရဲ့ ချစ်ခင်အားပေးမှုကိုရရှိထားတဲ့ သူတစ်ယောက်ပဲဖြစ်ပါတယ်။ အမာခံပရိသတ်တွေကို ပိုင်ဆိုင်ထားတဲ့အထိအောင်မြင်မှုတွေရရှိနေခဲ့တဲ့သူလည်းဖြစ်ပါတယ်။ လက်ရှိမှတော့ မိုးအောင်ရင်က သရုပ်ဆောင်တစ်ယောက်အဖြစ်ထက် DJ Sai ဆိုတဲ့ နာမည်နဲ့ DJ သမားတစ်ယောက်အဖြစ်နဲ့ လျှောက်လှမ်းနေခဲ့ပါတယ်။ ဒီနေ့ ဇူလိုင်လ (၁၄)ရက်နေ့မှာတော့ မိုးအောင်ရင်က “ဦးဝင်းမိဘမဲ့မိသားစု” ဂေဟာမှာရှိတဲ့ ကလေးငယ်တွေအတွက် တစ်နပ်စာအဟာရဒါနအလှူလေးသွားရောက် လှူဒါန်းပေးခဲ့ပါတယ်။ “အနာဂတ်ရဲ့ ကြယ်ပွင့်လေးများ လင်းလပ်စေဖို့ တစ်ရက်စာ ပါရမီဖြည့်….ခေါ်သွားပေးတဲ့ သူငယ်ချင်းများကိုလဲ ကျေးဇူးတင်ပါတယ်..” ဆိုပြီး သူ့ရဲ့လူမှုကွန်ရက်စာမျက်နှာကနေ မျှဝေဖော်ပြထားခဲ့ပါတယ်။ CeleGabar ပရိသတ်ကြီးရေ မိုးအောင်ရင်ရဲ့ မွန်မြတ်လှတဲ့ကောင်းမှုလေးကို သာဓုခေါ်ဆိုပေးခဲ့ကြပါဦးနော်။ Source – Moe Aung Yin Chilli …
Read More »သမီးလေးထရက်ရှာရဲ့ (၃)နှစ်ပြည့်မွေးနေမှာ မိသားစုအမှတ်တရပုံလေးရိုက်ကူးခဲ့တဲ့ မေမေစန္ဒီမြင့်လွင်
ပရိသတ်ကြီးရေ ထရက်ရှာလေးကတော့ ပရိသတ်တွေရဲ့ အချစ်တော်ဖြစ်တဲ့ သရုပ်ဆောင် အဆိုတော စန္ဒီမြင့်လွင်ရဲ့ သမီးချောလေးပဲဖြစ်ပါတယ်။ ချစ်စရာကောင်းပြီး လည်လွန်းတတ်လွန်းလှတဲ့ ကလေးတစ်ယောက်ဖြစ်တာကြောင့် ပရိသတ်အချစ်ပိုနေရတဲ့ ပရိသတ်တွေရဲ့ အချစ်တော်လေးတစ်ယောက်ပဲဖြစ်ပါတယ်။ ထရက်ရှာလေးကတော့ မနေ့ကဇူလိုင်လ (၁၃)ရက်နေ့လေးကတော့ ပရိသတ်တွေရဲ့ အချစ်တော်လေးဖြစ်တဲ့ ထရက်ရှာလေးရဲ့ အသက် (၃)နှစ်ပြည့်မြောက်တဲ့ မွေးနေ့ရက်မြတ်လေးပဲဖြစ်ပါတယ်။ ထရက်ရှာရဲ့ မွေးနေ့လေးမှာတော့ မိသားစု(၃)ယောက်သာ အမှတ်တရလေးတစ်ခုအဖြစ်နဲ့ မိသားစုဓာတ်ပုံလေးရိုက်ကူးခဲ့ကြောင်း မေမေစန္ဒီမြင့်လွင်က သူ့ရဲ့လူမှုကွန်ရက်စာမျက်နှာကနေ အခုလိုပဲမျှဝေဖော်ပြလာခဲ့ပါတယ်။ “Treasure ၃နှစ်ပြည့်မိသားစုအမှတ်တစ်ရပုံရိုက်ကြတယ်။Happy birthday to our princess ” ဆိုပြီး ရိုက်ကူးထားတဲ့ပုံလေးတချို့ကိုလည်း မျှဝေထားခဲ့ပါတယ်။ CeleGabar ပရိသတ်ကြီးရေ လူလည်မလေး မတတ်ပ ထရက်ရှာလေးတောင် (၃)နှစ်ပြည့်သွားပြီတဲ့နော်။ Source – Sandy …
Read More »Golden Heart Animals Rescueက တိလေးတွေအတွက် အဟာရဒါနအလှူလေးပြုလုပ်ခဲ့တဲ့ ယွန်းမြတ်သူ
ပရိသတ်ကြီးရေ ယွန်းမြတ်သူကတော့ ပရိသတ်တွေရဲ့ ချစ်ခင်အားပေးမှုကို အပြည့်အဝရရှိထားတဲ့ ပရိသတ်အချစ်တော် အဆိုတော်တစ်ယောက်ပဲဖြစ်ပါတယ်။ ယွန်းမြတ်သူကတော့ တေးသီချင်းတွေများစွာလည်း ထွက်ရှိထားပြီး သီချင်းတွေက လူငယ်ပရိသတ်တွေရဲ့ အကြိုက်နဲ့ ထပ်တူကျလွန်လှပါတယ်။ ယွန်းမြတ်သူကတေ့ ဒီနေ့ ဝါဆိုလပြည့်နေ့ မွန်မြတ်လှတဲ့ အချိန်အခါကာလသမယမှာ Golden Heart Animals Rescueက တိလေးတွေအတွက် အဟာရဒါနအလှူလေးပြုလုပ်ခဲ့ပါတယ်။ Golden Heart Animals Rescueက တိလေးတွေအတွက် အဟာရဒါန ၁ နပ်စာအလှူ ငါးဟင်းဖြင့် ကုန်ကျငွေ ၁ သိန်းကျပ်အား မွန်မြတ်သော စေတနာ သဒ္ဓါတရားများစွာဖြင့် လှူဒါန်းပေးခဲ့တာပဲဖြစ်ပါတယ်။ အခုလို လှူဒါန်းရတဲ့ အကျိုးကြောင့် သီချင်းကောင်းတွေများစွာထပ်မံထွက်ရှိနိုင်ပြီး ဒီထက်မကအောင်မြင်မှုတွေနဲ့ ပရိသတ်တွေရဲ့ အချစ်တွေကို ရရှိပါစေလို့ ဆုတောင်းပေးလိုက်ပါတယ်နော်။ …
Read More »ဝါဆိုလပြည့်နေ့ကောင်းမှုတွေပြုလုပ်ခဲ့တဲ့ ပုံရိပ်လေးတွေကို မျှဝေဖော်ပြလာခဲ့တဲ့ မင်းဘုန်းမြတ်
ပရိသတ်ကြီးရေ မင်းဘုန်းမြတ်ကတော့ “စေတလုံးမောင်ဘုန်း”ရယ်လို့ ပရိသတ်တွေရဲ့ အားပေးချစ်ခင်မှုကို အပြည့်အဝရရှိထားခဲ့တဲ့ သူတစ်ယောက်ပဲဖြစ်ပါတယ်။ မင်းဘုန်းမြတ်ကတော့ လူငယ်တစ်ယောက်ဖြစ်ပေမဲ့ ဘုရားတရားနဲ့ လူကြီးမိဘတွေကို သိတတ်လွန်းလှတဲ့ သူတစ်ယောက်ပါ။ အမြဲလိုလို ကောင်းမှုကုသိုလ်တွေကို ပြုလုပ်နေပြီး ငွေအားနဲ့သာမက လုပ်အားဒါနတွေနဲ့ပါ ကောင်းမှုတွေပြုလုပ်လေ့ရှိပါသေးတယ်။ ဒီနေ့မှာလည်း ပရိသတ်တွေရဲ့ အချစ်တော်ဖြစ်တဲ့ မင်းဘုန်းမြတ်ကတော့ ဝါဆိုလပြည့် ကောင်းမွန်လှတဲ့ အချိန်အခါသမယမှာ မွန်မြတ်လှတဲ့ ကောင်းမှုတွေကိုပြုလုပ်ပြီး ဖြတ်သန်းခဲ့ပါသေးတယ်။ မင်းဘုန်းမြတ်ကတော့ သူ့ရဲ့လူမှုကွန်ရက်စာမျက်နှာကနေလည်း “ဝါဆိုလပြည့်နေ့” ဆိုပြီး Caption လေးနဲ့အတူ ကောင်းမှုတွေပြုလုပ်နေခဲ့တဲ့ ပုံလေးတွေကို မျှဝေဖော်ပြထားခဲ့ပါသေးတယ်။ CeleGabar ပရိသတ်ကြီးရေ မင်းဘုန်းမြတ်ရဲ့ ဝါဆိုလပြည့်ကောင်းမှုတွေပြုလုပ်ခဲ့တဲ့ ပုံလေးတွေကို မျှဝေဖော်ပြပေးလိုက်ပါတယ်နော်။ Source – MinPhone Myat Chilli – …
Read More »ခြေထောက်တစ်ဖက်မရှိတော့ပေမဲ့ ဘဝကို အရှုံးမပေးဘဲ စက်ဘီးပြင်ကာ ဝမ်းရေးဖြေရှင်းနေတဲ့ အဘိုးကို ကူညီထောက်ပံ့ခဲ့တဲ့ မိုးစက်
ပရိသတ်ကြီးရေ မိုးစက်ကတော့ သူ့ရဲ့မွန်မြတ်လှတဲ့ လုပ်ရပ်လေးအတိုင်း အဘိုးတစ်ယောက်ကို ထပ်မံကူညီထောက်ပံ့ခဲ့ပါတယ်။ အဖိုးကတော့ အသက် (၇၈)နှစ်ရှိနေပြီဖြစ်ပြီး လွန်ခဲ့တဲ့ (၇)နှစ်ကတည်းကနေ ဘုရားဖူးသွားရင်း ဇနီးဖြစ်သူနဲ့အတူ ခြေထောက်တစ်ဖက်ကိုပါ ဆုံးရှုံးခဲ့ရတာပဲဖြစ်ပါတယ်။ အဘိုးကတော့ တစ်ယောက်တည်းဘဝကို ရပ်တည်နေပြီး ခြေထောက်တစ်ဖက်မရှိပေမဲ့ ဘဝကို အရှုံးမပေးဘဲ သူတတ်မြောက်တဲ့ပညာရပ်လေးနဲ့ စက်ဘီးပြင်ကာ ဝမ်းရေးဖြေရှင်းနေခဲ့တာဖြစ်ပြီး အဘိုးရဲ့ သမာအာဇီဝကျကျ လုပ်ကိုင်စားသောက်တတ်တဲ့ စိတ်ဓာတ်လေးကို လေးစားတာကြောင့် အလှူငွေ (၂)သိန်းကျပ်ကို ကူညီထောက်ပံ့ပေးခဲ့တာပဲဖြစ်ပါတယ်။ အဘိုးရဲ့ တဲလေးကလည်း မလုံမခြုံဖြစ်နေခဲ့ပြီး မိုးစက်ကတော့ အဖိုးရဲ့ တဲလေးပြုပြင်နိုင်ဖို့နဲ့ ဒီနေ့လပြည့်နေ့မှာ အဘိုးကောင်းမှုတွေပြုလုပ်နိုင်စေခဲ့တာကြောင့် တော်တော်လေးကို ကုသိုလ်တွေရရှိမှာတော့ အသေအချာပါပဲ။CeleGabar ပရိသတ်ကြီးရေ အဘိုးနဲ့ တွေ့ဆုံခဲ့တဲ့ မိုးစက်ရဲ့ ဗီဒီယိုလေးကို ပြန်လည်မျှဝေဖော်ပြလိုက်ပါတယ်နော်။ …
Read More »သမီးနဲ့ သားတို့ကို ရှင်ပြု နားသကာ သာသနာ့ဘောင်ကို သွတ်သွင်းခဲ့တဲ့ ပိုင်ဇေရဲထွန်း
ပရိသတ်ကြီးရေ ပိုင်ဇေရဲထွန်းကတော့ ပရိသတ်တွေရဲ့ အားပေးချစ်ခင်မှုကို အပြည့်အဝရရှိထားတဲ့ အနုပညာရှင်တစ်ယောက်ပဲဖြစ်ပါတယ်။ ဒီနေ့မှာတော့ ပိုင်ဇေရဲထွန်းက သူ့ရဲ့လူမှုကွန်ရက်စာမျက်နှာကနေ သူ့ရဲ့သမီးနဲ့ သားတွေကို ရှင်ပြုနားသပေးခဲ့ကြောင်း မျှဝေဖော်ပြလာခဲ့ပါတယ်။ ပိုင်ဇေရဲထွန်းကတော့ မိဘတို့ ဝတ္တရားနဲ့ အညီ သားတွေနဲ့ သမီးတွေကို ရှင်ပြုနားသပေးခဲ့ပြီး မိဘတွေရဲ့ ဆန္ဒအတိုင်း ရှင်ပြုနားသခံကာ သာသနာ့ဘောင်ကို ဝင်ရောက်ပေးခဲ့ကြတဲ့ အတွက် “သမီးကြီး သားတိုး နဲ့ သားငယ်လေးဆုန် ဖေဖေနဲ့ မေမေ တို့က သားတို့သမီးတို့ကိုကျေးဇူးတင်ပါတယ်။ ဖေဖေ မေမေ ဖိုးဖိုးဖွားဖွား တွေရဲ့ ဆန္ဒတွေကို လိုက်လျောဖြည့်ဆည်းပေးပြီး သာသနာ့ အမွေဆက်ခံနိုင်သူတွေဖြစ်အောင်သာသနာ့ဘောင်မှာ ရှင်ကိုရင်ဝတ်ပေးခဲ့ကြလို့ ကျေးဇူးပါ သားသားမီးမီးတို့ရေ” ဆိုပြီးတော့ မိဘစကားနားထောင်ကာ လိမ္မာကြတဲ့ သားတွေနဲ့ သမီးကိုလည်း …
Read More »