ဇာတ်လမ်းဇာတ်အိမ်ကောင်းမွန်တဲ့ဒရမ်မာတွေကတော့ ပရိသတ်တွေကိုနှစ်ခြိုက်စေတာမဆန်းလှပါဘူး။ အပိုင်း(၂)ထုတ်လွှင့်ပြီးနောက်မှာ ပရိသတ်တွေရဲ့အာရုံကိုဖမ်းစားထားနိုင်တာကတော့ tvN ကထုတ်လွှင့်တဲ့ Bulgasal ဇာတ်လမ်းတွဲပါပဲ။ ဒီဇာတ်လမ်းတွဲကတော့ စိတ်ကူးယဉ်ဒရမ်မာဇာတ်လမ်းအမျိုးအစား ဖြစ်ပါတယ်။ ဒီဇာတ်လမ်းမှာတော့ ဒဏ္ဍာရီလာမသေဆုံးနိုင်တဲ့ဘူလ်ဂါဆာရဲ့အကြောင်းကို အခြေခံပြီးရိုက်ကူးထားတာပါ။ ဘူလ်ဂါဆာရဲ့လက်ကနေထွက်ပြေးနေတဲ့အမျိုးသမီးကတော့ ဖြစ်ခဲ့တဲ့ဘဝတွေအားလုံးရဲ့မှတ်ညဏ်တွေရှိပြီး ဘဝပေါင်းများစွာအကြိမ်ကြိမ်လူဝင်စားနေတာပါ။ ဒီဇာတ်လမ်းအစကိုတော့ ဂိုဂူလျောသမိုင်းကြောင်းနဲ့ စတင်ထားပါတယ်။ ဒီဇာတ်လမ်းက လက်စားချေမှုတွေနဲ့အတူ အချစ်ဇာတ်လမ်းလည်းပါဝင်တဲ့ စိတ်ဝင်စားဖွယ်ဒရမ်မာကောင်းတစ်ပုဒ် ဖြစ်ပါတယ်။ ဒီဇာတ်လမ်းတွဲကတော့ နာမည်ကျော်ဒါရိုက်တာ Jang Young Woo အပြင် သရုပ်ဆောင်ပိုင်နိုင်လှတဲ့ Lee Jin-Wook နဲ့ Kwon Na-Ra တို့ အဓိကဇာတ်ဆောင်တွေအဖြစ်ပါဝင်ထားတယ်။ ဒါ့အပြင် ဒီဇာတ်လမ်းတွဲကို ဝမ် (၄၀) ဘီလီယံအကုန်ကျခံကာရိုက်ကူးထားတာကြောင့် (၂၀၂၁) ခုနှစ်ရဲ့ကျော်ကြားလှတဲ့ဒရမ်မာလို့တောင် အမွှန်းတင်ခံနေရပြန်ပါတယ်။
Read More »Noi
ကိုဗစ်-(၁၉) ရောဂါကူးစက်ခံလိုက်ရပြန်တဲ့ BTSအဖွဲ့ဝင် Jin နဲ့ RM
ကိုဗစ်-(၁၉) ရောဂါပိုးကို တောင်ကိုရီးယားအနုပညာရှင်တွေဟာ တစ်ယောက်ပြီးတစ်ယောက်ကူးစက်ခံနေရတဲ့ သတင်းတွေကို မကြာခဏကြားနေရပါတယ်။ နှုတ်ခမ်းနီမလေးတို့ရဲ့အသည်းကျော် BTSအဖွဲ့ဝင် Jin နဲ့ RM တို့နှစ်ဦးဟာ ကိုဗစ်-(၁၉) ကူးစက်ခံနေရကြောင်းကို BIGHIT Music ကနေပြီးတော့ ထုတ်ပြန်လိုက်ပါတယ်။ RM ဟာ ယူအက်စ်မှပြန်လာပြီးနောက်ပိုင်း ဆေးစစ်ကာနက်ဂတစ်ဖြစ်ထားပြီး self-quarantine ဝင်နေခဲ့တာဖြစ်ပါတယ်။ quarantine မှထွက်မယ့်အချိန်မှာ ဆေးစစ်တဲ့အခါမှာတော့ ကိုဗစ်-(၁၉) ရောဂါပိုးကို တွေ့ရှိခဲ့တာပါ။ ဘာရောဂါလက္ခဏာမှ မတွေ့ရှိပါဘူး။ Jin ကတော့ အနည်းငယ်ဖျားခဲ့ပြီး စစ်ဆေးတဲ့အခါမှာတော့ ကိုဗစ်-(၁၉) ရောဂါ ပေါ့စတစ်ဖြစ်နေခဲ့တာပါ။ အရမ်းကြီးမပြင်းထန်ပေမယ့်လည်း လက်ရှိအချိန်မှာတော့ နေအိမ်မှာပဲ ကုသမှုခံယူနေပါတယ်။ သူတို့နှစ်ဦးစလုံးဟာ သြဂုတ်လမှာတင် ကာကွယ်ဆေးထိုးပြီးခဲ့တာ ဖြစ်ပါတယ်။ BTSအဖွဲ့ဝင် Suga ဟာလည်း …
Read More »သန်းပေါင်းများစွာလှူဒါန်းခဲ့တဲ့ တောင်ကိုရီးယားထိပ်တန်းငွေကြယ်ပွင့်လေး IU ရဲ့ ကြည်နူးဖွယ်ရာအလှူ
အခုလိုခရစ္စမတ်နေ့လေးမှာ မင်္ဂလာရှိတဲ့သတင်းကောင်းလေးကတော့ ပရိသတ်တွေဆီကိုရောက်ရှိလာပါပြီ။ တောင်ကိုရီးယားနိုင်ငံရဲ့ထိပ်တန်းငွေကြယ်ပွင့်တစ်ယောက်ဖြစ်တဲ့ IU ကိုတော့ မသိသူမရှိလောက်ပါဘူး။ စိတ်ထားကောင်းတဲ့ IU ကတော့ အလှူတွေပြုလုပ်လေ့ရှိကြတာလည်း ပရိသတ်တွေသိပြီးသားဖြစ်မှာပါ။ အခုလိုအားလပ်ရက်လေးမှာတော့ IU ဟာ ChildFund Korea ကို ကိုရီးယားဝမ်သန်း(၂၀၀)လှူဒါန်းခဲ့တယ်လို့ သိရပါတယ်။ သန်း(၁၀၀)ကတော့ ကင်ဆာရောဂါသည်တွေနဲ့ ဝင်ငွေနည်းပါးတဲ့မသားစုတွေအတွက်ဖြစ်ပါတယ်။ လှူဒါန်းမှုတစ်စိတ်တစ်ပိုင်းကိုတော့ ဝင်ငွေနည်းမိသားစုတွေရဲ့ heating bill နဲ့ ဆောင်းရာသီအတွက်နွေးထွေးတဲ့အဝတ်အထည်တွေအတွက် အသုံးပြုမှာပါ။ ဒါ့အပြင် အဘိုးအဘွားတွေနဲ့ကြီးပြင်းလာတဲ့လူငယ်တွေနဲ့ကလေးတွေအတွက်ပညာသင်ဆုလည်း ပေးအပ်မှာဖြစ်ပါတယ်။ လှူဒါန်းငွေရဲ့အချို့ကိုလည်း Seoul ASAN ဆေးရုံရှိ ကင်ဆာရောဂါခံစားနေရတဲ့ကလေးငယ်တွေနဲ့မိခင်တွေအတွက် လည်းလှူဒါန်းသွားမှာပါ။ များပြားလှတဲ့နေရာတွေမှာ အသုံးပြုလိုက်ရတဲ့ လှူဒါန်းငွေတွေကတော့ တကယ့်ကိုကျေးဇူးတင်စရာပါပဲ။IU ကတော့ “အခုအချိန်ကတော့ လူတိုင်းစိတ်ပင်ပန်းရတဲ့ခက်ခဲတဲ့အချိန်ပါ။ နွေးထွေးမှုနဲ့အကူအညီတွေကို လိုအပ်တဲ့သူတွေကို မျှဝေချင်ပါတယ်။ အိမ်နီးချင်းတွေတစ်ယောက်မကျန် …
Read More »နန်းတွင်းဝတ်စုံမဟုတ်တဲ့အခါ ထူးခြားတဲ့သွင်ပြင်နဲ့တွေ့ရတဲ့ Lee Se-young
The Red Sleeve ဇာတ်လမ်းတွဲကတော့ အခုအချိန်မှာလူပြောအများဆုံးဇာတ်လမ်းတွဲတွေထဲကတစ်ခုပါ။ အဓိကဇာတ်ဆောင်မင်းသမီးချောလေး Lee Se-young ကလည်း ပရိသတ်တွေရဲ့အချစ်ကို အခိုင်အမာရရှိနေပါပြီ။ The Red Sleeve ဇာတ်လမ်းတွဲထဲမှာတော့ နန်းတွင်းဝတ်စုံလေးနဲ့ ပရိသတ်တွေမျက်လုံးထဲမှာ စွဲနေမှာပါ။ အခုဆိုရင်တော့ အသွင်ဆန်းနဲ့အမြင်ဆန်းစေမယ့် ပုံရိပ်တွေကို တွေ့ရတော့မှာပါ။ Lee Se-young ကတော့ ကိုရီးယားဖက်ရှင်မဂ္ဂဇင်းဖြစ်တဲ့ Allure Korea အတွက် အမိုက်စားပုံလေးတွေရိုက်ကူးထားပါတယ်။ glitter တွေနဲ့ပြောင်လက်တောက်ပနေတဲ့မိတ်ကပ်အပြင်အဆင်တွေနဲ့အပြင် အမိုက်စားကုတ်အရှည်ကြီးကတော့ အမြင်ဆန်းကာတကယ့်ကို ပြောင်းလဲသွားစေပါတယ်။ သူကတော့ အင်တာဗျူးမှာ ဇာတ်ရုပ်ဖြစ်တဲ့ Deok-im အဖြစ်နဲ့စိတ်နဲ့နှလုံးသားကို အပြည့်အဝနေထိုင်တဲ့ အကြောင်း ပြောသွားခဲ့ပါတယ်။ သမိုင်းမှာတော့ကြေကွဲစရာအမျိုးသမီးလေးရဲ့ဇာတ်လမ်းကို ဒရမ်မာထဲမှာဘယ်လိုပြသသွားမလဲဆိုတဲ့အမေးကိုလည်း ဒရမ်မာဟာပျော်ရွှွှင်ကြည်နူးဖွယ်ရာတွေနဲ့ချည်းပဲမဟုတ်၊ ကြေကွဲစရာတွေပါဝင်ကြောင်း၊ အဆုံးအထိကြည့်ခဲ့ရင်တော့ မျက်ရည်တွေနဲ့ခံစားရမယ့်အကြောင်း ကို …
Read More »Sweet Home ဇာတ်လမ်းတွဲရဲ့ season 2 မှာပါဝင်ဖို့ဆွေးနွေးနေပြီဖြစ်တဲ့ Song Kang
နှုတ်ခမ်းနီမလေးလေးရဲ့အသည်းကျော်တောင်ကိုရီးယားမင်းသားချောလေး Song Kang ကို မသိတဲ့သူ မရှိလောက်ပါဘူးနော်။ ထွက်ရှိထားတဲ့ဒရမ်မာဇာတ်လမ်းတွဲတိုင်းလိုလို အောင်မြင်ခဲ့တာချည်းပါပဲ။ သူကတော့ Love Alarm (2019–21) ၊ Sweet Home (2020) နဲ့ Nevertheless (2021) စတဲ့ဇာတ်လမ်းတွဲတွေနဲ့ လူသိများမှာပါ။ Song Kang ကတော့ နာမည်ကျော်မင်းသမီးချော Park Min-young နဲ့အတူ Office Romance Cruelty ဆိုတဲ့ ဇာတ်လမ်းတွဲကို လက်ရှိအချိန်မှာ ရိုက်ကူးနေတာလည်း ဖြစ်ပါတယ်။ သူကတော့ ထိတ်လန့်သည်းဖိုဇာတ်လမ်းတစ်ခုဖြစ်တဲ့ Sweet Home နဲ့လည်း အောင်မြင်ခဲ့ပြီး ထပ်မံထွက်ရှိလာမယ့် season 2 မှာပါဝင်ဖို့ကိုလည်း ဆွေးနွေးသွားနေတယ်လို့ သိရပါတယ်။ သူ့ရဲ့အေဂျင်စီဖြစ်တဲ့ Namoo …
Read More »Kim Go-eun, Nam Ji-hyun နဲ့ Park Ji-hoo တို့ကို အတူတွဲတွေ့ရမယ့် ဒရမ်မာဇာတ်လမ်းတွဲသစ်
ဒရမ်မာဇာတ်လမ်းတွေကလည်း ဆက်တိုက်ထွက်ရှိနေသလို ပရိသတ်ကြိုက်တဲ့သရုပ်ဆောင်တွေရဲ့ဇာတ်လမ်းတွဲတွေကို မျှော်လင့်နေတဲ့သူလည်း ရှိပါတယ်။ တောင်ကိုရီးယားရဲ့နာမည်ကျော်မင်းသမီးတွေဖြစ်တဲ့ Kim Go-eun နဲ့ Nam Ji-hyun တို့နဲ့အတူ တက်သစ်စမင်းသမီးချော Park Ji-hoo တို့ရဲ့ဇာတ်လမ်းတွဲအသစ်ထွက်ရှိလာဖို့ရှိပါတယ်။ ဇာတ်လမ်းနာမည်ကတော့ “Little Women” ဖြစ်ပြီး ဆင်းရဲတဲ့မိသားစုကပေါက်ဖွားလာပြီး တစ်ယောက်နဲ့တစ်ယောက်ချစ်ခင်ကြတဲ့ ညီအစ်မ(၃)ဦး အကြောင်းကို ရိုက်ကူးထားတာပါ။ သူတို့(၃)ဦးဟာ ကြီးမာတဲ့အဖြစ်အပျက်တစ်ခုကဘဝမှာရိုက်ခတ်ခံခဲ့ရပြီးနောက် သူတို့ဘဝရဲ့ပြသနာကို ငွေနဲ့ ဖြေရှင်းဖို့ကြိုးစားကြတဲ့အကြောင်းကို ရိုက်ကူးထားပါတယ်။Kim Go-eun ကတော့ ငွေနဲ့မိသားစုကိုကာကွယ်ပေးလိုတဲ့ သမီးအကြီးဆုံးနေရာက ပါဝင်ထားပါတယ်။ Nam Ji-hyun ကတော့ ဒုတိယသမီးဖြစ်ပြီး တရားမျှတမှုကိုလိုလားတဲ့ သတင်းထောက်တစ်ယောက်အနေနဲ့ပါဝင်ထားပါတယ်။ Park Ji-hoo ကတော့ အနုပညာစွမ်းရည်အပြည့်ပါတဲ့အငယ်ဆုံးသမီးအဖြစ်ပါဝင်ထားပြီး စိတ်လှုပ်ရှားစရာဇာတ်ရုပ်ဖြစ်ပြီး ဇာတ်ရှိန်ကိုပိုမြင့်စေမယ်လို့ ယူဆရပါတယ်။ စိတ်ဝင်စားစရာဇာတ်လမ်းတွဲလေးတစ်ခုဖြစ်တာကြောင့် …
Read More »ပရိသတ်တွေကိုချပြလိုက်တဲ့ Rain နဲ့ Kim Tae Hee တို့ရဲ့ ကြည်နူးဖွယ်ရာပုံရိပ်တွေ
အနုပညာရှင်စုံတွဲတွေဟာ အောင်မြင်မှုတွေရရှိနေသလို ပရိသတ်တွေရဲ့အချစ်တွေကို ရရှိထားတဲ့အားကျစရာစုံတွဲတွေပါပဲ။ တောင်ကိုရီးယားနိုင်ငံရဲ့ထိပ်တန်းကြယ်ပွင့်တွေဖြစ်သလို ပရိသတ်တွေအားကျရတဲ့စုံတွဲတွေထဲမှာ Rain နဲ့ Kim Tae Hee တို့စုံတွဲလည်း အပါအဝင်ပါပဲ။ သူတို့နှစ်ဦးကတော့ တစ်ယောက်နဲ့တစ်ယောက်လေးစားချစ်ခင်ကြတာကအခြားသူတွေ အားကျရတဲ့အထိပါပဲ။ ဒီနေ့မှာတော့ BODYFRIEND ဆိုတဲ့ ဇိမ်ခံအနှိပ်ကုလားထိုင်အမှတ်တံဆိပ်အတွက် တောက်ပပြီးလှပနေတဲ့ ပျော်ရွှင်ဖွယ်ရာအားလပ်ရက်ပုံရိပ်လေးတွေကို ချပြလိုက်တာပါ။ သူတို့စုံတွဲကတော့BODYFRIENDအမှတ်တံဆိပ်ရဲ့ endorsement modelတွေလည်း ဖြစ်ပါတယ်။ Rainကတော့ စတိုင်ကျတဲ့အနက်ရောင်ဝတ်စုံကိုဝတ်ဆင်ထားပြီး Kim Tae Hee ကတော့ အနီရောင်ဝတ်စုံကိုဝတ်ဆင်ထားကာ ရိုးရှင်းပြီးကျက်သရေရှိနေခဲ့ပါတယ်။ ခရစ္စမတ်သစ်ပင်နောက်ခံထားပြီး သူတို့နှစ်ဦးရဲ့လှပတဲ့ပုံရိပ်တွေကတော့ လိုက်ဖက်နေခဲ့ပါတယ်။ Rain နဲ့ Kim Tae Hee တို့ကတော့ (၂၀၁၇) ခုနှစ်မှာလက်ထပ်ခဲ့တာဖြစ်ပြီး လက်ရှိမှာသမီးနှစ်ယောက်ကို ပိုင်ဆိုင်ထားတာပါ။
Read More »လူကြိုက်အများဆုံးမင်းသမီးနေရာအတွက် Son Ye Jin ကိုရှုံးနိမ့်ခဲ့တဲ့ Song Hye Kyo
တောင်ကိုရီးယားနိုင်ငံရဲ့နာမည်ကျော်ချန်နယ်တစ်ခုဖြစ်တဲ့ THEKKING ကတော့ ဒီဇင်ဘာလရဲ့လူကြိုက်အများဆုံးမင်းသမီးနေရာအတွက် Son Ye Jin က အနိုင်ရခဲ့တယ်လို့ ထုတ်ပြန်ခဲ့ပါတယ်။ ပရိသတ်တော်တော်များများကတော့ Son Ye Jin ဟာ ဒီဇင်လာလမှာသာမက တစ်နှစ်ပတ်လုံးတွင်လည်း “39” ဆိုတဲ့ ဇာတ်လမ်းတွဲရဲ့ကမ်းလှမ်းမှုကလွဲပြီး မီဒီယာတွေမှာ ထွက်ပေါ်လာခြင်းမရှိခဲ့ပေမယ့် အနိုင်ရခဲ့တာအတွက် ဝမ်းသာခဲ့ကြပါတယ်။ ဒါ့အပြင် ဒီဇင်လာလတစ်လလုံး Now, We Are Breaking Up ဇာတ်လမ်းတွဲပြသနေတဲ့အခုလိုအချိန်မှာ Song Hye Kyo ရွေးချယ်မခံရခြင်းကိုတော့ အံ့အားသင့်နေကြတာပါ။ ဒီလိုရွေးချယ်ခံရခြင်းကြောင့် New York Times Square အဆောက်အဦးမှာ Son Ye Jin ရဲ့ပုံကိုပြသသွားမှာဖြစ်တယ်လို့ သိရပါတယ်။ ဒါကတော့ ဇာတ်လမ်းတွဲအသစ်ဖြစ်တဲ့ …
Read More »Spotify ရဲ့သမိုင်းတစ်လျှောက်မှာ သူမတူတဲ့စံချိန်သစ်ကိုရရှိခဲ့ပြန်တဲ့ Lisa
Lisa ကတော့ ထိုင်းလူမျိုးကေပေါပ့်အိုင်ဒေါတစ်ယောက်ဖြစ်ပြီး BLACKPINK အဖွဲ့ဝင်တစ်ယောက်အနေနဲ့ ကမ္ဘာတစ်ဝှမ်းလျှမ်းလျှမ်းတောက်အောင်မြင်ကျော်ကြားသူပါ။ အဖွဲ့လိုက်လှုပ်ရှားမှုကလည်းအောင်မြင်သလို တစ်ကိုယ်တော်အနုပညာလှုပ်ရှားမှုတွေကလည်း အောင်မြင်လျှက်ရှိပါတယ်။ Lisa ကတော့ LALISA နဲ့ MONEY သီချင်းနှစ်ပုဒ်အပြင် collaborative single ဖြစ်တဲ့ ‘SG’ လည်း ထွက်ရှိထားတာပါ။ စက်တင်ဘာလမှာ single သီချင်းစတင်ထွက်ရှိခဲ့တဲ့ Lisa ကတော့ ရက်ပေါင်း(၁၀၃)ရက်အတွင်းမှာ စံချိန်သစ်တစ်ခုကို ချိုးခဲ့ပါတယ်။ အဲ့ဒါကတော့ Spotify မှာ နားဆင်သူသန်း(၅၀၀) ကျော် အမြန်ဆုံးရရှိတဲ့ K-Pop soloist ဖြစ်လာခဲ့တာပဲ ဖြစ်ပါတယ်။ ဒါ့အပြင် Global Spotify Chart ထဲမှာ ရက်(၁၀၀) ကျော်နေရာယူထားနိုင်တဲ့ ပထမဆုံး K-Pop soloist လည်း …
Read More »ရုပ်ရှင်ရိုက်ကူးနေတဲ့ခင်ပွန်းဖြစ်သူကို အားပေးကြောင်းပြသခဲ့တဲ့ Kim Tae Hee ရဲ့အပြုအမူ
Rain နဲ့ Kim Tae Hee တို့နှစ်ဦးကတော့ တောင်ကိုရီးယားနိုင်ငံရဲ့ထိပ်တန်းငွေကြယ်ပွင့်စုံတွဲလေးပါ။ အများကအားကျနေရသလို သူတို့နှစ်ဦးကလည်း တစ်ယောက်ကိုတစ်ယောက်ချစ်ခင်ဂရုစိုက်ကြတာ တကယ့်ကိုကြည်နူးစရာပါ။ Rain ကတော့ လက်ရှိမှာ Ghost Doctor ဆိုတဲ့ ဒရမ်မာဇာတ်လမ်းတွဲအသစ်ကိုရိုက်ကူးနေတာပါ။ ရုပ်ရှင်ရိုက်ကွင်းကိုတော့ ဇနီးဖြစ်သူ Kim Tae Hee က ကော်ဖီထရပ်ကားကိုပို့ပြီးတော့ အားပေးခဲ့ပါတယ်။ ခင်ပွန်းဖြစ်သူကိုအားပေးနေတဲ့အကြောင်းကို ဇာတ်ကောင်နာမည်ဖြစ်တဲ့ Cha Young Min ကိုနာမည်တပ်တဲ့ပြီး အခြားသရုပ်ဆောင်တွေနဲ့ရိုက်ကူးရေးအဖွဲ့သားတွေကိုလည်း အားပေးနေကြောင်းရေးသားထားပါတယ်။ ဇနီးဖြစ်သူရဲ့အားပေးမှုကတော့ တကယ့်ကိုချစ်စရာလေးပါပဲ။ Ghost Doctor ဇာတ်လမ်းတွဲကတော့ စိတ်ကူးယဉ်ဒရမ်မာအမျိုးအစားဖြစ်ပြီး မတူညီတဲ့နောက်ခံအခြေအနေတွေရှိတဲ့ ဆရာဝန်နှစ်ဦးရဲ့အကြောင်းကို ရိုက်ကူးထားတာပါ။ သူတို့နှစ်ဦးကတော့ မထင်မှတ်ထားတဲ့အဖြစ်အပျက်တစ်ခုမှာ နှစ်ဦးစလုံးရဲ့ခန္ဓာကိုယ်နဲ့ဝိညာဉ်တွေဟာ ပေါင်းစပ်သွားခဲ့တာပါ။ Rain နဲ့အတူ Kim …
Read More »