ချစ်စရာကောင်းတဲ့ မော်ဒယ်လ်၊မင်းသမီးချောလေးဆုအိမ့်စံကိုတော့ ပရိသတ်တွေသိကြမှာပါ။ အများအားကျရတဲ့ခန္ဓာကိုယ်ကောက်ကြောင်းအလှတွေကို ပိုင်ဆိုင်ထားသလို မြန်မာဆန်ဆန်ပဲဖြစ်ဖြစ် ခေတ်ဆန်ဆန်ပဲဝတ်ဝတ် လိုက်ဖက်လွန်းတဲ့သူတစ်ယောက်လည်း ဖြစ်ပါတယ်။ ဆုအိမ့်စံကတော့ အနုပညာအလုပ်တွေလည်းလုပ်ကိုင်နေသလို လိုအပ်တဲ့နေရာမှာလှူဖို့ကိုလည်း လက်မနှေးတဲ့သူတစ်ယောက်ပါ။ အခုလည်း သူ့ရဲ့အလှူဒါနလေးတစ်ခုကို ပရိသတ်တွေသိအောင် ပြောပြလိုက်တာပါ။ သူ့ရဲ့ဖေ့ဘွတ်ခ်မှာ ကျောက်စိမ်းဘုရားမှာ ၁၁မီးငြိမ်းအောင်ငွေကျပ်-၁၁၀၀၀၀ တိတိ ကိုလှူဒါန်းခဲ့ပါတယ်…၇ရက်သားသမီးအပေါင်း ကျန်းမာချမ်းသာအေးချမ်းကြပါစေ… ကျောက်စိမ်းမြေမှ ၇ရက်သားသမီးအပေါင်းလည်းသောကအပူမီးငြိမ်းရျ် ကျန်းမာချမ်းသာကြပါစေ…နတ်လူအပေါင်း သာဓုခေါ်စေသော်. ဆိုပြီးတော့ ပြန်လည်မျှဝေထားတာပါ။ ဆုအိမ့်စံကတော့ အချစ်ရေးမှာစိတ်ညစ်စရာတွေနဲ့ကြုံခဲ့ရပေမဲ့ အခုဆိုရင်အကောင်းဆုံးပြန်လည်ရုန်းထပြီး ပျော်ပျော်ရွှင်ရွှင်နဲ့ဘဝကိုဖြတ်သန်းနေတာပဲဖြစ်ပါတယ်။ ပရိသတ်ကြီးလည်း ဆုအိမ့်စံရဲ့အလှူကို ဝမ်းမြောက်သာဓုခေါ်နိုင်ဖို့ပြန်လည်မျှဝေလိုက်ပါတယ်နော်… Source : HsuEaintSan
Read More »ဟင်္သာတမြို့ ခိုလှုံရာ ခိုကိုးရာမဲ့ဘိုးဘွားရိပ်သာမှာ တစ်နေ့တာအာဟာရလှူဒါန်းပေးခဲ့တဲ့ စံရတီမိုးမြင့်
စံရတီမိုးမြင့်ကတော့ ဆွဲဆောင်မှုရှိတဲ့မျက်ဝန်းအိမ်နဲ့ နှုတ်ခမ်းဖူးဖူးလေးတွေကို ပိုင်ဆိုင်ထားတဲ့ မင်းသမီးတစ်လက်ပါ။ သွယ်လျလှပတဲ့ခန္ဓာကိုယ်နဲ့ ချစ်စဖွယ်စကားပြောဟန်တို့ကြောင့် အမျိုးသားပရိသတ်တွေသာမက အမျိုးသမီးပရိသတ်တွေရဲ့ဝန်းရံအားပေးခြင်းကိုပါ ရရှိထားသူတစ်ယောက်ပါ။ မကြာခဏဆိုသလို သူ့ရဲ့တစ်နေ့တာဖြတ်သန်းမှုအချိန်တွေမှာ Facebook Live လွှင့်ကာ ပရိသတ်နဲ့ရင်းရင်းနှီးနှီးစကားပြောဆိုလေ့ရှိတဲ့ မင်းသမီးတစ်လက်လည်း ဖြစ်ပါတယ်။ သဲကတော့ ဒီနေ့မှာလည်း သူလုပ်ဖြစ်ခဲ့တဲ့အလှူလေးကို ပရိသတ်တွေသာဓုခေါ်ဆိုနိုင်ဖို့ လူမှုကွန်ရက်စာမျက်နှာထက်မှာ မျှဝေခဲ့ပါတယ်။ ဟင်္သာတမြို့မှာရှိတဲ့ ခိုလှုံရာခိုကိုးရာမဲ့ ဘိုးဘွားရိပ်သာမှာ ဘိုးဘွားများအတွက် တစ်နေ့တာအာဟာရ (မနက်၊နေ့လည်၊ညစာ) အပြင် ညလယ်စာ အဆာပြေပေါက်စီ ကျွေးမွေးလှူဒါန်းခြင်းအတွက် အလှူငွေ( ၂၃၄၀၀၀) ကို လှူဒါန်းပေးခဲ့ပြီး သူ့ရဲ့အလှူလေးအတွက် “ဤ ကုသိုလ် ကောင်းမှု အစုစု တို့အား (၃၁) ဘုံ ကျင်လည်ကုန်သော ဝေနေယျ သတ္တဝါအပေါင်းတို့အား မေတ္တာ …
Read More »မွေးနေ့အလှူအဖြစ် ရှင်ဥပဂုတ္တမထေရ်ကျောင်းဆောင်လှူဒါန်းပေးပြီး ရွှေမိုးငွေမိုးရွာပေးခဲ့တဲ့ ဂျွန်လွင်
လာမယ့် ဇူလိုင်လ(၁၅) ရက်လေးကတော့ မြန်မာနိုင်ငံရဲ့မော်ဒယ်လ်ဖခင်ကြီးဂျွန်လွင်ရဲ့ အသက်(၅၃) နှစ်ပြည့်မွေးနေ့လေးပဲ ဖြစ်ပါတယ်။ ဂျွန်လွင်ကတော့ မကြာသေးခင်ကမှ ဒီနှစ်မွေးနေ့လေးအတွက် မွေးနေ့အကြိုလက်ဆောင်အဖြစ် ဒေါ်လာတစ်သောင်းလက်ဆောင်ရရှိခဲ့ပါသေးတယ်။ (၅၃) နှစ်ပြည့်မွေးနေ့အလှူလေးအဖြစ် ရှင်ဥပဂုတ္တမထေရ်ကျောင်းဆောင်ကြီးကို မိသားစုနဲ့အတူ စုပေါင်းလှူဒါန်းခဲ့ရာမှာ သူ့ရဲ့အလှူအဖြစ် ငွေကျပ်သိန်း(၁၅၀) ကို ပါဝင်လှူဒါန်းခဲ့ပြီး ဒီနေမှာတော့ ကျောင်းဆောင်ရေစက်ချ အလှူမင်္ဂလာပွဲလေးကို ပြုလုပ်ခဲ့ပါတယ်။ ကြွရောက်လာတဲ့ဧည့်သည်တွေအတွက် ရွှေမိုးငွေမိုးရွာသွန်းပေးရာမှာတော့ ဂျွန်လွင်က ငွေသားအပြင် သူ့ရဲ့တန်ဖိုးကြီးစိန်နားကပ်၊စိန်လက်စွပ်နဲ့ ဒေါ်လာတွေပါထည့်သွင်းပြီး ကြဲပေးခဲ့ပါတယ် ပရိသတ်ကြီးရေ… လိုအပ်နေတဲ့နေရာတိုင်းကို လက်မနှေးကူညီကာ အကြင်နာတရားထွန်းကားရေးကို ရှေးရှုပြီးအလှူအတန်းတွေမကြာခဏ ပြုလုပ်နေတဲ့ဂျွန်လွင်ကတော့ ဒီနေ့မှာလည်း (၅၃) နှစ်ပြည့်မွေးနေ့အလှူလေးအဖြစ် ရှင်ဥပဂုတ္တမထေရ်မြတ်ကျောင်းဆောင်ကို လှူဒါန်းပေးခဲ့ကြောင်း မျှဝေပေးခဲ့တာမို့ သာဓုခေါ်ပေးခဲ့ကြပါဦး ပရိသတ်ကြီးရေ.. Source – John Lwin …
Read More »ကြိုးစားပမ်းစားဆွဲထားတဲ့ပန်းချီလက်ရာလေးကို ပရိသတ်တွေကို မျှဝေလာတဲ့ မေတိုးခိုင်
သွက်သွက်လက်လက်နဲ့ချစ်စရာကောင်းတဲ့ တက်သစ်စမင်းသမီးချောလေးမေတိုးခိုင်ကိုတော့ နာမည်ကြီးမင်းသမီးအိန္ဒြာကျော်ဇင်ရဲ့တူမလေးအဖြစ် ပရိသတ်တွေသတိထားမိကြတာပါ။ အကယ်ဒမီရွှေကြိုအဖြစ်ကနေ အခုဆိုရင် ကြော်ငြာတွေမှာသာမက ရုပ်ရှင်တွေမှာပါမြင်တွေ့လာရတဲ့ မင်းသမီးတစ်လက်ဖြစ်လာတာလည်း ဖြစ်ပါတယ်။ မေတိုးခိုင်ကိုတော့ “ရူးအောင်ချစ်မယ့်လူ” ဆိုတဲ့ဇာတ်ကားကြီးမှာ အဓိကဇာတ်ဆောင်အဖြစ်မြင်တွေ့ခဲ့ရပြီး ပရိသတ်တွေကြိုက်နှစ်သက်ခဲ့တာလည်း ဖြစ်ပါတယ်။ လက်ရှိမှာလည်း အနုပညာအလုပ်တွေကို ဆက်တိုက်လုပ်လာတဲ့ တက်သစ်စအနုပညာရှင်တစ်ယောက်အနေနဲ့လည်း သိကြမှာပါ။ မေတိုးခိုင်ကတော့ သူ့ရဲ့ပန်းချီဆွဲတဲ့အနုပညာအရည်အချင်းကို ပရိသတ်တွေကိုထုတ်ပြလာတာပါ။ သူ့ရဲ့ဖေ့ဘွတ်ခ်မှာ “ဒီနေ့ဆွဲခဲ့တဲ့ ပန်းချီလေးအကြောင်း ‘Ecstacy’ လို့ နာမည်ပေးလိုက်တယ်” ဆိုပြီးတော့ သူ့ရဲ့ပန်းချီလက်ရာလေးကိုထုတ်ပြလာခဲ့ပါတယ်။ မေတိုးခိုင်ကတော့ အခုလိုအနုပညာအလုပ်တွေသိပ်မလုပ်ဖြစ်တဲ့ရက်တွေမှာလည်း ပန်းချီပညာရပ်ကိုလေ့လာနေတဲ့ပုံပါပဲနော်။ မေတိုးခိုင်ရဲ့ပန်းချီလက်ရာလေးကို သဘောကျရဲ့လား ပရိသတ်ကြီးရေ… Source : MayToeKhine
Read More »ကဗျာဆန်ဆန်ညနေခင်းလေးရဲ့Anniversary dinner လေးကိုမျှဝေလာတဲ့ ရွှေထူးနဲ့ရွှေမှုံရတီ
ရွှေထူးနဲ့ရွှေမှုံရတီကတော့ ပရိသတ်တွေချစ်ခင်ရတဲ့အနုပညာရှင်စုံတွဲတစ်တွဲဖြစ်ပြီး အခြားသူတွေအားကျရလောက်အောင်ချစ်တဲ့စုံတွဲလေးလည်း ဖြစ်ပါတယ်။ သူတိုနှစ်ဦးကတော့ အမှတ်တရနေ့တွေမှာ အမှတ်တရအဖြစ်အပျက်လေးတွေနဲ့ အချိန်တွေကိုကုန်ဆုံးတတ်စေတာလည်း ဖြစ်ပါတယ်။ အခုလည်း ကဗျာဆန်ဆန်ညနေခင်းလေးရဲ့Anniversary dinner ကိုမျှဝေလာတာပါ။ ရွှေမှုံရတီကတော့ သူ့ရဲ့ဖေ့ဘွတ်ခ်မှာ “Anniversary dinner လေးက အရမ်းပြီးပြည့်စုံခဲ့တယ်..အချိုပွဲတွေက စားကောင်းလွန်းတယ်… Thx u for everything” ဆိုပြီးတော့ ရေးသားထားပြီး ကြည်နူးစရာကောင်းတဲ့ ပုံရိပ်လေးတွေကိုလည်း ပရိသတ်ကို မျှဝေလာတာပါ။ သူတို့နှစ်ဦးကတော့ Anniversary နေ့လေးမှာလည်း ကြည်နူးစရာညချမ်းလေးကို ကုန်ဆုံးစေခဲ့ပြီး ပရိသတ်တွေကိုလည်း ကြည်နူးအားကျစေခဲ့ပါတယ်။ ဒါ့အပြင်ဒီနေ့မှာလည်း နှစ်ယောက်အတူဖန်တီးထားတဲ့ သီချင်းအသစ်ဖြစ်တဲ့ မိုးစက်များကပြောသော ဆိုတဲ့သီချင်းကိုထွက်ရှိမဲ့အကြောင်းကိုလည်း အသိပေးထားပါသေးတယ်။ ပရိသတ်ကြီးရေ ရွှေထူးနဲ့ရွှေမှုံရတီရဲ့ Anniversary dinner လေးကတော့ အရမ်းပြီးပြည့်စုံခဲ့ပါတယ်တဲ့နော်…. Source …
Read More »မင်းသွေးခန့်ကိုစတင်သတိထားမိခဲ့တဲ့အချိန်ကတည်းက အနုပညာအရည်အသွေးတွေအများကြီးရှိတဲ့သူလို့ထင်ခဲ့တယ်ဆိုတဲ့ Ar-T
Ar-T ကိုတော့ မြူးကြွတဲ့တေးသီချင်းကောင်းတွေနဲ့အတူ ဆန်းသစ်တဲ့ဂီတဖန်တီးမှုတွေကြောင့် ပရိသတ်တွေသတိထားမိကြတာပါ။ Ar-T ကတော့ Silent ဆိုတဲ့သီချင်းတစ်ပုဒ်ကို ထူးခြားတဲ့ပုံစံနဲ့ဖန်တီးခဲ့ပြီး လူငယ်ပရိသတ်တွေကြား အတော်လေးရေပန်းစားခဲ့တာပါ။ ဒီသီချင်းထဲကသရုပ်ဆောင်တစ်ယောက်ဖြစ်တဲ့ မင်းသွေးခန့်နဲ့ပတ်သက်တဲ့ အမှတ်တရတွေကိုလည်း သူကပရိသတ်တွေကို မျှဝေလာခဲ့တာပါ။ မင်းသွေးခန့်ကတော့ အခုနောက်ပိုင်းမှာ မိန်းကလေးပရိသတ်တွေရဲ့အသည်းကျော်ဖြစ်လာတဲ့မော်ဒယ်လ်၊သရုပ်ဆောင်တစ်ယောက်ပါ။ Ar-T ကတော့ သူ့ရဲ့ဖေ့ဘွတ်ခ်မှာ မင်းသွေးခန့်နဲ့စတင်တွေ့ဖြစ်ခဲ့တဲ့အကြောင်းကို “သူ့ကိုစတွေ့တာက TV ဖန်သားပြင်ထက်က ပြိုင်ပွဲတစ်ခုမှာပါ ။ ပြိုင်ပွဲကနေ နှုတ်ထွက်ရတဲ့ Episode ကိုကြည့်ဖြစ်ပါတယ်။ ထွက်ရတဲ့အတွက်လဲ ကျနော့်အတွက်က ထူးဆန်းတယ် မှားတယ်လို့မထင်ခဲ့ပါဘူး ။ ဘာလို့လဲဆိုတော့ မင်းသွေးခန့် Ready မဖြစ်သေးလို့ပါ ။ physically ရော Mentally ရော နောက်ပြီး အစစအရာရာ Ready …
Read More »မွေးနေ့မှာ မိသားစုနဲ့အေးအေးချမ်းချမ်းဖြတ်သန်းရတာ ပိုပီတိဖြစ်ပါတယ်ဆိုတဲ့ မိုးယုစံ
မိုးယုစံကတော့ ချောမောလှပတဲ့ရုပ်ရည်ကို ပိုင်ဆိုင်ထားပြီး ပရိသတ်အားပေးမှုအခိုင်အမာရရှိခဲ့တဲ့ မင်းသမီးတစ်လက်ပါ။ အိမ်ထောင်ကျပြီးနောက်ပိုင်းမှာ အနုပညာအလုပ်တွေနဲ့ အလှမ်းကွာဝေးနေပေမယ့်လည်း အမာခံပရိသတ်တွေရဲ့အားပေးမှုကို ယနေ့ထက်တိုင်ရရှိနေစဲပါ။ မနေ့ကတော့ မိုးယုစံရဲ့မွေးနေ့ရက်မြတ်လေးဖြစ်ပြီး မွေးနေ့မှာ နောက်ထပ်ကိုယ်ဝန်လွယ်ထားရပြီဖြစ်ကြောင်း သတင်းကောင်းလေးကို ပရိသတ်ကိုမျှဝေခဲ့ပါသေးတယ်။ ဒါ့အပြင် မိုးယုကတော့ သူ့ရဲ့မွေးနေ့တစ်ရက်တာဖြတ်သန်းမှုလေးကိုလည်း ” မွေးနေ့ တစ်နေ့တာဖြတ်သန်းမှုလေးပါ အသက်ကြီးလာတာနဲ့အမျှ မွေးနေ့ဆိုတာကို မိသားစုနဲ့အေးအေးချမ်းချမ်းလေးဖြတ်သန်းရတာကိုပိုပြီး ပီတိဖြစ်မိပါတယ် ဒီနှစ်မွေးနေ့လေးကတော့ ပိုပီး ပျော်ရပါတယ် ဘာလဲမေးနေတဲ့သူတွေ.. <ရာထူးတိုးသွားလို့ပါ>” ဆိုပြီး မျှဝေဖော်ပြခဲ့ပါတယ်။ ပျော်ရွှင်တဲ့မိသားစုဘဝလေးကို ပိုင်ဆိုင်နေပြီဖြစ်တဲ့မိုးယုစံကတော့ အသက်ငယ်တုန်းကလို မွေးနေ့ကိုပျော်စရာတွေနဲ့ဖြတ်သန်းမယ့်အစား မိသားစုစုံစုံလင်လင်နဲ့ ကုသိုလ်ကောင်းမှုလုပ်ရတာကို ပိုပြီးသဘောကျလာကြောင်း မျှဝေခဲ့တာဖြစ်ပြီး သူ့ရဲ့မွေးနေ့ရက်လေးမှာတော့ သံဃာတော်နဲ့သီလရှင်တွေကို ဆွမ်းကပ်လှူခဲ့တဲ့အပြင် မိသားစုကိုပဲ အချိန်ပေးပြီး မွေးနေ့ရက်လေးကိုဖြတ်သန်းခဲ့ပါတယ်တဲ့ ပရိသတ်ကြီးရေ.. Source – …
Read More »စက်စက်ယိုရွာလေးမှာ ဝါဆိုသင်္ကန်းကပ် အလှူလုပ်ခဲ့တဲ့ တိုင်ရွန်
တိုင်ရွန်ကတော့ အမိုက်စားတက်တူးတွေအပြည့်နဲ့ တောင့်တင်းတဲ့ခန္ဓာကိုယ်ကို ပိုင်ဆိုင်ထားတဲ့မင်းသားတစ်လက်ပါ။ ကျရာဇာတ်ရုပ်ကို ပီပြင်စွာသရုပ်ဆောင်နိုင်တာကြောင့် အချိန်တိုအတွင်းမှာ ပရိသတ်အသိမှတ်ပြုအားပေးခြင်းရရှိပြီး အောင်မြင်လာတဲ့မင်းသားတစ်လက်ဆိုရင်လည်း မမှားပါဘူး။ သူကတော့ သူ့ရဲ့နေ့စဉ်အကြောင်းအရာတွေကို လူမှုကွန်ရက်စာမျက်နှာမှာ မျှဝေလေ့ရှိသူပါ။ ဒီတစ်ခေါက်မှာတော့ ပုဂံညောင်ဦးမြို့နယ်အတွင်းက စက်စက်ယိုကျေးရွာလေးမှာ ဝါဆိုသင်္ကန်းကပ်အလှူတော်ပြုလုပ်ပေးခဲ့ကြောင်း သူ့ရဲ့အလှူလေးကို ဖော်ပြခဲ့ပါတယ်။ စက်စက်ယိုကျေးရွာက ဆရာတော်ဆီမှာ ဝါဆိုသင်္ကန်းကပ်၊ နဝကမ္မအလှူငွေလှူဒါန်းခဲ့တဲ့အပြင် သျှောင်ပေစူးကလေးလေးတွေကိုလည်း မုန့်ဖိုးဝေရင်း ပျော်စရာအချိန်တွေကို ဖန်တီးခဲ့ပါတယ်။ စက်စက်ယိုရွာလေးကတော့ တစ်ရွာလုံးမှာရှိတဲ့ကလေးငယ်တိုင်း ချစ်စရာသျှောင်ပေစူးထားတဲ့ဓလေ့လေးကို မြင်တွေ့ရတာကြောင့် လူမှုကွန်ရက်စာမျက်နှာလည်း နာမည်ကြီးတဲ့ရွာလေးတစ်ရွာပါ။ တိုင်ရွန်ကတော့ ဒီရွာလေးနဲ့ပတ်သက်ပြီးတော့လည်း ” မြန်မာ့ရိုးရာချစ်ဖွယ်ဓလေ့လေးများကို အမြတ်တနိုး ထိန်းသိမ်းထားသော ချစ်စရာရွာလေးတစ်ရွာ” ဆိုပြီးတော့လည်း ညွှန်းဆိုခဲ့ပါတယ်။ ပရိသတ်ကြီးရေ မြန်မာတို့ရဲ့ လမြတ်ဝါဆိုအခါသမယမှာ ဝါဆိုသင်္ကန်းကပ်လှူပေးခဲ့တဲ့တိုင်ရွန်ရဲ့အလှူလေးအတွက် သာဓုခေါ်ပေးခဲ့ကြပါဦး။ Source – …
Read More »ခရီးတွေသွားခဲ့စဉ်က ပရိသတ်တွေမမြင်ဘူးသေးတဲ့ အမိုက်စားပုံလေးတွေ ထုတ်ပြလိုက်တဲ့ နွယ်နွယ်ထွန်း
ချစ်စရာကောင်းတဲ့ မျက်နှာလေးနဲ့ လှပတဲ့ကောက်ကြောင်းကို ပိုင်ဆိုင်ထားတဲ့ မော်ဒယ် နွယ်နွယ်ထွန်းကိုသိကြမယ်ထင်ပါတယ်။သူမရဲ့ ကောက်ကြောင်း အလှဟာဆွဲဆောင်အပြည့်ရှိပြီး ယောင်္ကျားလေး ပရိသတ်အများဆုံး အားပေးမှုကိုလည်းတွေ့ရပါတယ်။သူမရဲ့ဆွဲဆောင်မှုရှိတဲ့ အမိုက်စား ခန္ဓာကိုယ်နဲ့ ကောက်ကြောင်းအလှပုံရိပ်တွေကို အများဆုံး ရိုက်ကူးလေ့ရှိတာကြောင့် ပရိသတ်တွေကြား နာမည်ကျော်ကြားတာတွေ့ရပါတယ်။ သူမရဲ့ အမိုက်စားပုံရိပ်တွေကို လူမှုကွန်ယက်ဖေ့ဘွတ်ပေါ်တွင် အများဆုံးတင်လေ့ရှိတာတွေ့ရပါတယ်။ လတ်တလောမှာလည်း ကြည့်မိသူတိုင်းကြွေသွားရလောက်အောင် ဆွဲဆောင်မှုရှိရှိလှရက်လွန်းနေတဲ့ ခရီးသွား ပုံလေးတွေကို တင်ထားတာတွေ့ရပါတယ်။အမြဲလို ဖက်ရှင်အလန်းတွေနဲ့ရိုက်ချက်တွေကလည်း ပုရိသတွေကို ကြွေစေခဲ့တာလည်းဖြစ်ပါတယ်။ သူမရဲ့ ခန္ဓာကိုယ်ကောက်ကြောင်း အလှကတော့ မြင်သူတိုင်း ငေးလောက်အောင်ကို ညို့ယူဖမ်းစားနေတာဖြစ်ပြီး လူမှုကွန်ယက် စာမျက်နှာပေါ်တွင်လည်း ရေပန်းစားနေတဲ့ Sexy ကျကျ ပုံရိပ်တွေနဲ့ဗီဒီယိုလေးတွေကို ဖေ့ဘွတ်ပေါ်တွင် မကြာခဏဖော်ပြတာလည်းတွေ့ရပါတယ်။ ပရိသတ်တွေတွက်နွယ်နွယ်ထွန်းရဲ့ ပုံလေးတွေကို မျှဝေပေးလိုက်ပါတယ်။
Read More »အရမ်းလှတဲ့ ရှုခင်းတွေကိုနောက်ခံထားကာ ခရီးသွားခဲ့စဉ်က အမှတ်တရရိုက်ထားတဲ့ ညိမ်းသော်ရဲ့ ဗီဒီယိုဖိုင်လေး
ညိမ်းသော်ကတော့ တောင့်တင်းကျစ်လစ်တဲ့ ခန္ဓာကိုယ်လေးရယ်နဲ့ ချောမောခန့်ညားတဲ့ ရုပ်ရည်စတိုင် အနေအထားတွေကြောင့် မိန်းမပျိုလေးတွေကြားမှာ ရေပန်းစားနေတဲ့ ကိုလူချောလေးပဲ ဖြစ်ပါတယ်။ မော်ဒယ်အဖြစ်သာ အနုပညာအလုပ်တွေကို စတင်လုပ်ကိုင်နေပေမယ့်လည်း သူရဲ့ Tik Tok ဗီဒီယိုအလန်းလေးတွေကြောင့် ပရိသတ်အခိုင်အမာရရှိထားသလို လူသိများနေတဲ့ Cele တစ်ဦးလည်း ဖြစ်ပါတယ်။ ညိမ်းသော်ကတော့ ပရိသတ်တွေကြားမှာ နေရာတစ်ခုနဲ့ ရပ်တည်နေပြီး ရုပ်ရှင်ကားတွေလည်း ရိုက်ကူးနေရတာတွေ့ရပါတယ်။အခုလည်း ခရီးသွားခဲ့စဉ်က အမှတ်တရရိုက်ထားခဲ့တဲ့ ဗီဒီယို အမိုက်စားလေးကိုဖော်ပြထားတာတွေ့ရပါတယ်။ယောက်ကျား ပီသပြီး စမတ်ကျလွန်းနေတာကြောင့် နှုတ်ခမ်းနီမလေးတွေ ကြွေစေမှာ အမှန်ပဲဖြစ်ပါတယ်။ ညိမ်းသော်ကတော့ သူရဲ့ လှုပ်ရှားမှုပုံရိပ်လေးတွေကိုဖေ့ဘွတ်စာမျက်နှာပေါ်တွင် အမြဲဖော်ပြလေ့ရှိတာလည်းတွေ့ရပါတယ် ။သူတို့သူငယ်ချင်းတွေဟာဆိုရင် အမြဲစနောက်ကာ ပျော်ပျော်ရွှင်ရွှင်နေတက်ကြသူတွေလည်းဖြစ်ပါတယ်။ ပရိသတ်ကြီးတွက် ညိမ်းသော်ရဲ့ အမိုက်စား ဗီဒီယိုလေးကို မျှဝေပေးလိုက်ပါတယ်။ https://www.facebook.com/294613551133918/posts/651536922108244/?vh=e&d=n …
Read More »