Cele News

သဲကိုးလေးမွေးပြီးမှ ပထမဆုံးရိုက်ကူးဖြစ်ခဲ့တဲ့ ပိုးအိအိခန့်ရဲ့ ပညာပေးဗီဒီယိုလေး

Cele Gabar ပရိသတ်ကြီးရေ သရုပ်ဆောင်မင်းသမီးချောလေး ပိုးအိအိခန့်ကတော့ နိုင်ငံကျော် ဘောလုံးသမား အောင်သူနဲ့ လက်ထပ်ပြီး ချစ်စရာကောင်းတဲ့ သားလေးတစ်ယောက်နဲ့အတူ ပျော်ရွှင်သာယာတဲ့ မိသားစုဘဝလေးကို ပိုင်ဆိုင်ထားတဲ့ အနုပညာရှင်တစ်ယောက်ပဲ ဖြစ်ပါတယ် ။ သားလေး သဲကိုးကို ပြုစုရတာတစ်ဖက်နဲ့ အနုပညာအလုပ်တွေကို ခေတ္တရပ်နားခဲ့ရပေမယ့် ပရိသတ်တွေကတော့ သူမကို ချစ်ခင်အားပေးနေကြဆဲပါပဲ ။ လတ်တလောမှာတော့ ပိုးအိအိခန့်က ကျန်းမာပျော်ရွှင် ပညာသင်၊ ကြိုတင်တားဆီး ကိုဗစ်နိုင်တီး ဆိုတဲ့ ခေါင်းစဉ်လေးနဲ့အတူ ပညာပေး ဇာတ်လမ်းတို လေးတစ်ခုကို ရိုက်ကူးခဲ့ပြီး ပရိသတ်တွေကိုမျှဝေပေးလာခဲ့ပါတယ် ။ Covid-19 နဲ့ပတ်သတ်တဲ့ အသိပညာပေး ဗီဒီယိုလေးဖြစ်ပြီး ပရိသတ်တွေအတွက် အကျိုးရှိစေတဲ့ ပညာပေး ဗီဒီယိုလေးဖြစ်ပြီး သားလေးမွေးပြီး ပထမဦးဆုံး …

Read More »

နေခြည်ရွှန်းလဲ့နဲ့မင်းသွေးခန့်တို့သရုပ်ဆောင်ထားတဲ့ လွမ်းနေဆဲပါ မြကျွန်းညို Music Video

ပရိသတ်ကြီးရေ .. (အိပ်မက်ဆုံရာ)(season-8) မှာ ပါဝင်ခဲ့တဲ့ တေးသံရှင် ဆုထက်လှိုင် နဲ့ တေးသံရှင်ဖြိုးပြည့်စုံတို့ရဲ့ သီချင်းအသစ်လေးကတော့ ပရိသတ်တွေရှေ့ကိုရောက်ရှိလာပါပြီနော် ။ သီချင်းလေးကတော့ လွမ်းစရာကောင်းတဲ့ တက္ကသိုလ် အမှတ်တရတွေထုံမွှမ်းနေတဲ့ လွမ်းနေဆဲပါ မြကျွန်းညိုလို့ အမည်ရတဲ့ သီချင်းလေးတစ်ပုဒ်ပဲဖြစ်ပါတယ် ။ ဒီသီချင်းမှာ လတ်တလော မိန်းကလေး ပရိသတ်တွေကြားမှာ ရေပန်းစားနေတဲ့ နှုတ်ခမ်းနီမလေးတွေရဲ့ အသည်းကျော် မင်းသွေးခန့်နဲ့ MRTV-4 ဇာတ်လမ်းတွဲတွေမှာ ပရိသတ်တွေအကြိုက်တွေ့နေတဲ့ မင်းသမီးချောလေး နေခြည်ရွှန်းလဲ့ တို့က အဓိကပါဝင်သရုပ်ဆောင်ထားတာပဲဖြစ်ပါတယ် ။ ချစ်စရာကောင်းတဲ့ သူတို့နှစ်ယောက်ရဲ့ သရုပ်ဆောင်မှုလေးတွေနဲ့အတူ လွမ်းနေဆဲပါ မြကျွန်းညို ဆိုတဲ့ သီချင်းလေးက အရမ်းကို လိုက်ဖက်ညီလွန်းနေပါတယ် ပရိသတ်ကြီးရေ ..။ နေခြည်ရွှန်းလဲ့ကလည်း မိန်းမသားအရမ်းဆန်နေလို့ …

Read More »

သီချင်းကောင်းတွေကို ကာဗာပြန်လည်သီဆိုနေတဲ့သူကို ဒဲ့ဝေဖန်လိုက်တဲ့ ရာဝန

ရာဝနကတော့ ကြယ်ကလေး သီချင်းနဲ့အတူ ပရိသတ်တွေ အားပေးမှုအခိုင်အမာရရှိခဲ့တဲ့ တက်သစ်စ လူငယ်တေးသံရှင်တစ်ယောက်ပဲဖြစ်ပါတယ် ။ လတ်တလောမှာတော့ သီချင်းကောင်းတွေကို ကာဗာပြန်ဆိုနေတဲ့ သူတစ်ယောက်နဲ့ပတ်သတ်ပြီး သူ့ရဲ့အမြင်တွေကို ဒဲ့ပြောပြလာခဲ့ပါတယ် ။ ကာဗာသီချင်းတွေသီဆိုနေပေမယ့် ပရိသတ်ဝေဖန်မှုများနေတဲ့ သူတစ်ယောက်ဖြစ်ပြီး ရာဝနကလည်း ပရိသတ်တွေနဲ့ထပ်တူ ဝေဖန်ခဲ့တာဖြစ်ပါတယ် ။ သီချင်းကောင်းတွေကိုလုပ်ချင်တိုင်းတွေလုပ် ဆိုချင်သလိုတွေဆိုပြီးတော့ Cover လို့ခေါင်းစဉ်တပ်တပ်နေတာအဆင်မပြေတော့ဘူးညီလေး အရင်သီချင်းတွေထဲကပြောချင်နေခဲ့တာ ဒီတခါတော့များသွားပြီးသီချင်းကိုဖန်တီးထားတဲ့သူတွေကိုလေးစားပါအုံး Cover ပြန်ဆိုတယ်ဆိုတာကမူရင်းအငွေ့အသက်တွေ မပပျောက်အောင်သီဆိုရမယ်လေကွာ… အခုသီချင်းနှစ်ပုဒ်ကိုပေါင်းပြီးဖျက်ဆီးလိုက်သလိုပါပဲအပျော်သဘောနဲ့သီဆိုချင်ရင်တော့ KTV မှာ အခန်းတံခါးပိတ်ပြီးသွားဆိုလိုက်ပါမင်းရဲ့ပျော်ရွှင်မူအတွက်နဲ့ တော့ သီချင်းကောင်းတွေကို မဖျက်စီးလိုက်ပါနဲ့ညီလေး ဆိုတဲ့စာသားနဲ့အတူ ဒဲ့ဝေဖန်ရေးသားခဲ့တာဖြစ်ပါတယ် ။ တေးသံရှင်ရော်ရွက်ကလည်း မင်းနဲ့ပေါင်းလာတဲ့ သက်တမ်းတလျှောက် မင်းဒီတခါ ပြောတာ ငါအကြိုက်ဆုံးပဲ လို့ မှတ်ချက်ရေးသားထားသလို ပရိသတ်တွေကလည်း …

Read More »

သီချင်းတင်ပြီး (၂၄)နာရီမပြည့်ခင်မှာပဲ ကြည့်ရှုသူ (၁၀) သိန်းကျော်ခဲ့တဲ့ မေလသံစဉ်ရဲ့ သီချင်း

ပရိသတ်ကြီးရေ မေလသံစဉ်ကတော့ မြန်မာသံစဉ် သီချင်းလေးတွေနဲ့ ပရိသတ်ရင်ထဲ ရောက်ရှိလာသူဖြစ်ပြီး ဆိုကရေးတီးမှာလည်း ဆုတံဆိပ်တွေ အများကြီးရရှိထားတဲ့ အနုပညာရှင်တစ်ယောက်ဖြစ်ပါတယ် ။ လတ်တလောမှာတော့ မေလသံစဉ်ရဲ့ ပြန်လည်ဆန်းသစ် နှောင်းတစ်ခေတ်ဆိုတဲ့ ခေါင်းစဉ်လေးနဲ့ သီချင်းတွေ ကိုတင်ဆက်ပေးနေပြီး ပရိသတ်တွေကလည်း တခဲနက် ဝန်းရံအားပေးခဲ့ကြပါတယ် ။ သူမရဲ့ ပြန်လည်ဆန်းသစ်နှောင်းတစ်ခေတ်ဆိုတဲ့ တေးသီချင်းတွေထဲက(၈) ပုဒ်မြောက်သီချင်းလေးအဖြစ် “တစ်လိမ်နှစ်လိမ်”သီချင်းလေးကို တေးသံရှင်ဖြိုးပြည့်စုံ နဲ့ အတူသီဆိုထားတာဖြစ်ပါတယ် ။ ဒီသီချင်းလေးကို သူမရဲ့ Official Page ကနေ Live လွှင့်ပြီး နှစ်ကိုယ်ခွဲအဖြစ် ပရိသတ်တွေကို တင်ဆက်ထားတာဖြစ်ပါတယ် ။ Music Video လေးကိုတော့ ဖြိုးပြည့်စုံနဲ့အတူ သရုပ်ဆောင်ထားပြီး သီချင်းတင်တာ (၂၄) နာရီမပြည့်ခင်မှာပဲ …

Read More »

မကြာခင်ထွက်ရှိလာမယ့် ချမ်းချမ်းနဲ့နေနေတို့ညီအစ်မနှစ်ယောက်ရဲ့ သီချင်းအသစ်

ချမ်းချမ်းကတော့ သံစဉ်များနဲ့ကမ္ဘာပြိုင်ပွဲမှာပရိသတ်တွေစတင်သတိထားမိကာ အခုဆိုရင်ပရိသတ်ချစ်ခင်အားပေးမှုကိုရရှိနေတဲ့ နာမည်ကျော်အဆိုတော်တစ်ဦး ဖြစ်နေပါပြီ။ ချမ်းချမ်းရဲ့အစ်မဖြစ်သူနေနေကိုလည်း အဆွေးသီချင်းလေးတွေနဲ့အတူပရိသတ်တွေအားပေးချစ်ခင်ကြတာဖြစ်ပါတယ်။ ညီအစ်မနှစ်ဦးစလုံးကတော့ ဂီတလောကမှာ ပရိသတ်အခိုင်အမာနဲ့ အောင်မြင်မှုတွေ အသီးသီးရရှိထားကြတာပါ။ သီချင်းအေးလေးတွေနဲ့ဖမ်းစားတတ်တဲ့ ချမ်းချမ်းတို့ညီအစ်မနှစ်ဦးကတော့ သီချင်းအသစ်ကို အတူတူဖန်တီးပြီး ပရိသတ်တွေကို ခံစားချက်အသစ်တွေပေးစွမ်းဦးမှာ ဖြစ်ပါတယ်။ ချမ်းချမ်းကတော့ သူ့ရဲ့ဖေ့ဘွတ်ခ်မှာ “ချစ်ပရိတ်သတ်ကြီးရေ..ဒီလ 7ရက်နေ့မှာ ချမ်းချမ်းနဲ့နေနေ ညီအစ်မနှစ်ယောက်ရဲ့ ..(..သိမ်မွေ့သော).သီချင်းလေးကို အရောက်ပို့ပေးတော့မယ်နော်..နားဆင်ဖို့ Ready လား” ဆိုပြီးတော့ ရေးသားကာသူတို့နှစ်ဦးရဲ့ချစ်စရာပုံရိပ်လေးတွေနဲ့အတူအသိပေးလာတာပါ။ အသံချိုချိုအေးအေးလေးတွေနဲ့ ပရိသတ်အကြိုက်သီချင်းများစွာကို သီဆိုခဲ့တဲ့ ချမ်းချမ်းနဲ့နေနေတို့ကတော့ ဒီတစ်ခေါက်မှာလည်း ပရိသတ်အကြိုက်နဲ့ထပ်တူကျဦးမယ့်ပုံပါပဲနော်။ သီချင်းအသစ်လေးကိုနားထောင်ဖို့အတွက် ရင်ခုန်နေကြပြီလား ပရိသတ်ကြီးရေ….

Read More »

ဂီတလောကထဲမှာစတင်ရောက်လာဖြစ်ခဲ့တဲ့ မှတ်တိုင်လေးတစ်ခုကို သတိတရပြောပြလာတဲ့ အောင်ထက်

တေးသီချင်းကောင်းများစွာနဲ့ပရိသတ်တွေရဲ့ရင်ထဲမှာ အခိုင်အမာနေရာယူထားနိုင်တဲ့ နာမည်ကျော်အဆိုတော်တွေထဲမှာ အောင်ထက်တစ်ယောက်လည်း အပါအဝင်ပါ။ ပရိသတ်တွေချစ်ခင်အားပေးမှုကိုရရှိလာတာနှစ်တွေကြာနေပြီဆိုပေမဲ့ ပရိသတ်တွေရင်ထဲစတင်ဝင်ရောက်လာခဲ့တဲ့ အဖြစ်အပျက်လေးကိုတော့ သတိတရနဲ့ ပြန်လည်ဝေမျှလာတာပါ။ အောင်ထက်ကတော့ “ဒီနေ့ဟာ ကျွန်တော် အိပ်မက်ဆုံရာ-ရာသက်ပန် သီချင်းဆိုပြိုင်ပွဲမှာ ဆုရခဲ့တာ ၅ နှစ်ပြည့်တဲ့နေ့ဖြစ်ပါတယ်..5-7-2015 ကစပြီး ဒီနေ့အထိဂီတလောကထဲမှာ ကောင်းကောင်းမွန်မွန်အလုပ်လုပ်ခွင့်ရခဲ့ပါတယ် သီချင်း Album အသစ်တွေ ထွက်ခွင့်ရတယ် Show တွေအများကြီးလည်း ဆိုခွင့်ဖျော်ဖြေခွင့်ရခဲ့တယ် အဲဒီအတွက် ကျွန်တော့်ရဲ့ကြိုးစားမှုတွေကို အသိအမှတ်ပြုအားပေးကြတဲ့ သီချင်းချစ်သူပရိတ်သတ်များ၊ ဂီတလောကမှ သင်ဆရာ၊မြင်ဆရာ၊ကြားဆရာများနဲ့ ကျွန်တော့်ကို ဂရုစိုက်ပြီးဖေးမချစ်ခင်ပေးကြတဲ့ ဂီတညီအစ်ကိုမောင်နှမများအားလုံးနဲ့ အတူတူလက်တွဲပြီး အလုပ်လုပ်ခွင့်ရခဲ့တဲ့ Company များ၊မီဒီယာများ၊ အဓိကတော့ ကျွန်တော့်ရဲ့သီချင်းတွေကို နားဆင်ခံစားအားပေးကြတဲ့ သီချင်းချစ်သူပရိတ်သတ်များ အားလုံးအားလုံးကို ကျေးဇူးအများကြီးတင်ပါတယ်ခင်ဗျာ… နောက်ထပ်နောက်ထပ်နောက်ထပ်လည်း ဒီထက်ပိုပြီးကြိုးစားဖန်တီးတဲ့သီချင်းတွေကို ဒီထက်ပိုပြီးနားဆင်ခံစားကြပါခင်ဗျာ …

Read More »

ပုရိသတွေရင်ဖိုသွားစေလောက်တဲ့ ဘေဘီမောင်ရဲ့ အိပ်ရာထက်က အမိုက်စားဗွီဒီယိုလေး

ဘေဘီမောင်ကတော့ အမိုက်စားကောက်ကြောင်းတွေနဲ့ ဆွဲဆောင်မှုရှိတဲ့မင်းသမီးတစ်လက်ဖြစ်သလို မြန်မာဆန်ဆန်ရိုးရိုးအေးအေးပုံစံလေးနဲ့လည်း လိုက်ဖက်သူတစ်ယောက်ပါ။ ချစ်တတ်လွန်းတဲ့သားဂန်းနဲ့ ပျော်ရွှင်သာယာတဲ့ အချစ်ရေးကိုတည်ဆောက်ထားပြီး မိန်းကလေးတိုင်းအားကျနေရသူလည်းဖြစ်ပါတယ်။ သူကတော့ လတ်တလောမှာ အနုပညာအလုပ်တွေခဏရပ်ထားပြီး စီးပွားရေးအခြေကျဖို့ ကြိုးစားနေပေမယ့် အားပေးနေတဲ့ပ့ရိသတ်တွေနဲ့ အဆက်သွယ်မပြတ်ရအောင် ဓာတ်ပုံနဲ့ Tik Tok ဗွီဒီယိုလေးတွေ အမြဲမပြတ်မျှဝေနေသူလည်းဖြစ်ပါတယ်။ ဒီတစ်ခေါက်မှာတော့ အလုပ်ကိစ္စနဲ့ပြင်ဦးလွင်ရောက်တုန်း အရမ်းမိုက်တဲ့အိမ်လေးထဲက အမိုက်စားဗွီဒီယိုတစ်ခုကို ပရိသတ်ကြီးအတွက် မျှဝေပေးခဲ့ပါတယ်။ ညဝတ်အင်္ကျီအပါးလေးနဲ့ ဆွဲဆောင်မှုရှိရှိလှပနေတဲ့ ဘေဘီမောင်ရဲ့ဗွီဒီယိုလေးကတော့ ပုရိသတွေကိုသာမကဘဲ မိန်းကလေးချင်းတောင် ကြွေနေရအောင် မိမိုက်နေတာ အမှန်ပါပဲ ပရိသတ်ကြီးရေ… ဆွဲဆောင်မှုရှိတဲ့အလှတရားတွေနဲ့ ဘေဘီမောင်ရဲ့ဗွီဒီယိုလေးကို ပရိသတ်ကြီးအတွက် ပြန်လည်မျှဝေဖော်ပြပေးလိုက်ပါတယ်နော်။ Source – Baby Maung Rainbow- Cele Gabar

Read More »

YGWပရဟိတမိဘမဲ့ကျောင်းအတွက် သိန်း(၂၀) ကျော်ဖိုးသွားရောက်လှူဒါန်းပေးခဲ့တဲ့ ယုန်လေး

လိုအပ်တဲ့နေရာတွေကို လက်မနှေးကူညီနေသူယုန်လေးကတော့ ဒီနေ့မှာလည်း အမြန်လမ်း(၈၉) မိုင်မှာရှိတဲ့ YGW ပရဟိတမိဘမဲ့ကလေးကျောင်းမှာ သွားရောက်လှူဒါန်းပေးခဲ့ပါတယ် ပရိသတ်ကြီးရေ.. ယုန်လေးကတော့ ဒီအလှူလေးကို လွန်ခဲ့တဲ့ရက်ပိုင်းကတည်းက သူကိုယ်တိုင်သုံးသိန်း မတည်ထားပြီး မိတ်ဆွေအပေါင်းအသင်းတွေကိုပါ ပါဝင်လှူဒါန်းကြဖို့ဖိတ်ခေါ်ခဲ့ပါသေးတယ်။ ဒီနေ့မှာတော့ နို့စို့ကလေးအရွယ်ကနေစပြီး အသက်(၁၅) နှစ်အရွယ်ထိ အရွယ်စုံ(၆၅၀) လောက်ရှိတဲ့ကလေးအတွက် အလှူငွေအပြင် လိုအပ်တဲ့ပစ္စည်းတွေဖြစ်တဲ့ နို့မှုန့်၊ အာဟာရ၊ စာအုပ်၊ခဲတံ၊ ဘောပင် စုစုပေါင်း ငွေကျပ် နှစ်ဆယ့်တစ်သိန်းကျော်ဖိုး လှူဒါန်းပေးခဲ့တဲ့အပြင် ကလေးတွေအတွက် စိတ်ဓာတ်ခွန်အားပါပေးခဲ့ကြောင်း သူ့ရဲ့လူမှုကွန်ရက်စာမျက်နှာမှာ မျှဝေခဲ့ပါတယ်။ ဒါ့အပြင် ယုန်လေးကတော့ သူ့ရဲ့ကိုယ်ပိုင်ငွေထဲကနေ လိုအပ်နေတဲ့နေရာတွေကို လှူဒါန်းပေးနေရုံမကဘဲ သူ Brand Ambassador အဖြစ်လုပ်ကိုင်ပေးနေတဲ့ Rocker အချိုရည်ကပါ လစဉ်လှူဒါန်းဖို့အတွက် ထောက်ပံ့ပေးသွားမှာမို့ အလှူတွေဆက်တိုက်မြင်နေရမှာဖြစ်ကြောင်း …

Read More »

အမိုက်စားဖြစ်အောင် စတိုင်ကျကျဝတ်နည်းတွေကို ကိုယ်တိုင်ဝတ်ဆင်ပြလိုက်တဲ့ မိုးဟေကို

မိုးဟေကိုကတော့ အလှဘုရင်မတစ်ယောက်လို့ တင်စားခံရသူမင်းသမီးတစ်လက်ပါ။ ပြီးပြည့်စုံတဲ့အလှအပြင် နေရာဒေသအလိုက်ပွဲလယ်တင့်အောင် ဖက်ရှင်ကျကျဝတ်ဆင်တတ်လွန်းတာကြောင့်လည်း အများအာရုံစိုက်မှုကိုရရှိထားသူတစ်ယောက်ပါ။ အခုလည်း စတိုင်အမျိုးမျိုးနဲ့ဖက်ရှင်ကျအောင်ဝတ်ဆင်နည်းကို ပရိသတ်ကိုမျှဝေပေးလာတာပါ။ မိုးဟေကိုကတော့ အခုနောက်ပိုင်းမှာ သူ့ရဲ့နေ့စဉ်လှုပ်ရှားမှုလေးတွေကို ပြန်လည်မျှဝေပေးလေ့ရှိတာပါ။ မကြာသေးခင်ကသူ့ရဲ့မွေးနေ့မှာ အလှူအတန်းတွေပြုလုပ်ခဲ့တာကိုလည်း ဗီဒီယိုနဲ့တကွမျှဝေခဲ့သလို အိမ်ရဲ့ဥယျာဉ်လေးကိုစိတ်ကြိုက်ပုံဖော်တဲ့အခါမှာလည်း ပရိသတ်တွေကိုထပ်တူခံစားစေတဲ့ ဗီဒီယိုလေးတွေလုပ်လေ့ရှိတာပါ။ အခုလည်း “Stay Home ကာလမှာ အပြင်မထွက်ရလည်း Fashion ကျကျလေးဝတ်ပြီး ဓာတ်ပုံလေးတွေရိုက်ကြည့်နော်။ မိုးဘယ် Outfit လေးနဲ့ အလိုက်ဆုံးဆိုတာလေးကိုရော ပြောပြသွားပေးပါဦး” ဆိုပြီးတော့ ဗီဒီယိုဖိုင်နဲ့အတူမျှဝေလာတာပါ။ မိုးဟေကိုကတော့ ဘာဝတ်ဝတ်လိုက်ဖက်လွန်းသူတစ်ယောက်ပါ။ အခုလည်း စတိုင်ကျကျဝတ်ပုံလေးတွေကို ပြန်လည်မျှဝေခဲ့တာကြောင့် မိုးဟေကိုလို လိုက်ဝတ်ဖို့အတွက်စိတ်ကူးရသွားတဲ့သူတွေရှိလားနော်…. Source:MoeHayKo

Read More »

အကြီးဆုံးသားဖြစ်သူရဲ့(၁၄) နှစ်ပြည့်မွေးနေ့မှာ ကျေနပ်ကြည်နူးနေတဲ့ ရတနာခင်

တစ်ချိန်ကပရိသတ်အချစ်တွေကို ရယူထားနိုင်တဲ့နာမည်ကျော်မင်းသမီးတွေထဲမှာတော့ ရတနာခင်လည်းအပါအဝင်ပါ။ အခုအချိန်မှာတော့ မိသားစုအတွက်အချိန်ပေးပြီး အနုပညာအလုပ်တွေကို ရပ်တန့်ထားခဲ့ပြီလည်း ဖြစ်ပါတယ်။ ရတနာခင်ကတော့ ပရိသတ်တွေရဲ့ရင်ထဲမှာရှိနေတုန်းဖြစ်ပြီး ချစ်ခင်တဲ့ပရိသတ်တွေအခုအချိန်အထိရှိနေတုန်းပဲ ဖြစ်ပါတယ်။ ရတနာခင်ကတော့ သူ့ရဲ့ဖေ့ဘွတ်မှာ အကြီးဆုံးသားဖြစ်သူရဲ့မွေးနေ့ကို “Happy Birthday Zwe Oo Htet ၁၄ နှစ်ပြည့်သွားပြီနော် မာမားစိတ်ထဲမှာတော့ ကလေးလေးဘဲ ရှိသေးတယ် ချစ်လို့မဝသေးဘူး၊ နမ်းလို့ မဝသေးဘူး၊ သားကြီး ဘဝတလျှောက်လုံး ကိုယ်စိတ်၂ ပါးကျန်းမာချမ်းသာပါစေ ၊ သူတော်ကောင်းများနှင့်သာ ဆုံတွေ့ပြီး သူယုတ်မာတို့၏ရန်မှကင်းဝေးပါစေ ၊ အကိုကြီးအဖအရာ ဆိုတဲ့အတိုင်း မိသားစုမှာသားအကြီးဆုံး မို့လို့ အရာရာကိုဦးဆောင်နိုင်တဲ့သူ, ကာကွယ်စောင့်ရှောက်နိုင်တဲ့သူဖြစ်ပါစေ ” ဆိုပြီးတော့ ဆုမွန်ကောင်းတွေတောင်းထားပါတယ်။ ရတနာခင်ကတော့ သားသုံးယောက်လုံးရဲ့ချစ်စရာပုံရိပ်လေးတွေနဲ့အတူ ကြည်နူးစရာကောင်းတဲ့မွေးနေ့အခိုက်အတန့်လေးကိုလည်း ပရိသတ်တွေကို …

Read More »
x