Cele News

အရမ်းဟော့တဲ့ အာရှတိုက်သားလေးလို့ အနောက်နိုင်ငံက မော်ဒယ်လ်တစ်ယောက်ရဲ့ချီးမွမ်းခံလိုက်ရတဲ့ ပိုင်တံခွန်

အရည်လဲ့နေတဲ့မျက်ဝန်းလေးနဲ့ ချစ်စရာအပြုံးချိုချိုလေးတွေကို ပိုင်ဆိုင်ထားသူကတော့ ပိုင်တံခွန်ပါ။ ပိုင်တံခွန်ကတော့ ယောကျာ်းပီသတဲ့ ခန္ဓာကိုယ်ကိုလည်း ပိုင်ဆိုင်ထားတဲ့အပြင် ပရိသတ်တွေကိုလည်း အလေးအနက်ထားဆက်ဆံတတ်သူတစ်ယောက်မို့ နုတ်ခမ်းနီမလေးတွေရဲ့ သည်းသည်းလှုပ်ဝန်းရံအားပေးခြင်းကို ရရှိထားသူတစ်ယောက်ဆိုရင်လည်း မမှားပါဘူး။ ဒါ့အပြင် မြန်မာနိုင်ငံမှာသာမကဘဲ ထိုင်းနိုင်ငံမှာပါ ကြော်ငြာရိုက်ကူးရေးတွေလုပ်လာရတဲ့အထိ ထိုင်းပရိသတ်လည်း အခိုင်အမာရရှိထားသူတစ်ယောက်ပါ။ မနေ့ကတော့ အာရှတဝှမ်းမှာ ပရိသတ်ရရှိနေပြီဖြစ်တဲ့ ပိုင်တံခွန်တစ်ယောက် အနောက်နိုင်ငံကမော်ဒယ်လ်တစ်ယောက်ရဲ့ အရမ်းဟော့တဲ့ အာရှတိုက်သားလေးလို့ ချီးမွမ်းခြင်းကိုရရှိခဲ့တဲ့ဗွီဒီယို လူမှုကွန်ရက်မှာပျံ့နှံ့ခဲ့ပါတယ်။ Instagram နဲ့ Tik Tok မှာပရိသတ်အခိုင်အမာရရှိထားတဲ့ မော်ဒယ်လ်လေးကတော့ ပိုင်တံခွန်ရဲ့ ယောကျ်ားပီသတဲ့ကြွက်သားနဲ့ ခန္ဓာကိုယ်တည်ဆောက်ပုံတွေကိုကြည့်ပြီး အာရှသားတွေကအရမ်းဟော့တာပဲ ဆိုပြီး Tik Tok ဗွီဒီယိုလေးပြုလုပ်ခဲ့တာပဲ ဖြစ်ပါတယ်။ ပရိသတ်ကြီးရေ ပိုင်တံခွန်ကတော့ အနုပညာအလုပ်နဲ့ အောင်မြင်မှုရရှိလာသလို ရရှိလာတဲ့အနုပညာကြေးတွေကိုလည်း အများအပေါ်စိတ်ကောင်းရှိစွာနဲ့ …

Read More »

(၂၄)နာရီအတွင်း ကြည်ရှုသူ သိန်း(၂၀)အထိရှိခဲ့တဲ့ ယုန်လေးရဲ့ စိတ်ကူးသီချင်းလေး

ပရိသတ်ကြီးရေ ပြီးခဲ့တဲ့ ဇွန်လ (၂၇)ရက်နေ့က အဆိုတော်ယုန်လေး၊ A4 ကျော်စွာ နဲ့ Min Zတို့ရဲ့ ဒုတိယမြောက်သီချင်းလေးဖြစ်တဲ့ “စိတ်ကူး” သီချင်းလေးထွက်ရှိလာခဲ့တာ ပရိသတ်တွေနားဆင်ပြီးလောက်မယ်ထင်ပါတယ်။ “စိတ်ကူး” သီချင်းကတော့ ထွက်ရှိလာကတည်းက ပရိသတ်တွေရဲ့ ချီးကျူးမှုကိုခံနေရတဲ့ သီချင်းကောင်းလေးလည်း ဖြစ်ခဲ့ပါတယ်။ ပရိသတ်တွေရဲ့ အားပေးမှုကို အပြည့်အဝရရှိထားတဲ့ “စိတ်ကူး” သီချင်းလေးကတော့ ထွက်ရှိလာခဲ့ပြီး (၂၄)နာရီအတွင်းမှာတင် ကြည့်ရှုအားပေးသူ သိန်း(၂၀)အထိရှိနေခဲ့တဲ့ အထိ မထင်မှတ်ထားလောက်အောင်ကို အောင်မြင်ခဲ့ပါသေးတယ်။ အခုလိုအောင်မြင်မှုရခဲ့တဲ့ အတွက် ယုန်လေးက အခုလို အားပေးကြတဲ့ ပရိသတ်တွေကို ကျေးဇူးတင်ရှိကြောင်း သူ့ရဲ့လူမှုကွန်ရက်စာမျက်နှာကနေ ဖော်ပြထားခဲ့ပါတယ်။ ကျေးဇူးတင်စကားလေးနဲ့ အတူ “စိတ်ကူး” သီချင်းလေးထဲက ပရိသတ်တွေကြိုက်နှစ်သက်တဲ့ စာသားလေးတွေ ကြိုက်တဲ့ ပြကွက် …

Read More »

လမ်းဘေးကကလေးတွေကို သနားလို့ တွေ့တိုင်း ပိုက်ဆံလှူပေးဖြစ်တယ်ဆိုတဲ့ ရဲလေးမ

ရဲလေးမကတော့ ဟာသဇာတ်ပို့ဇာတ်ရံတစ်ယောက်အနေနဲ့ ရုပ်ရှင်ဇာတ်ကားတော်တော်များများမှာ ပါဝင်သရုပ်ဆောင်နေရသူတစ်ယောက်ပါ။ မိန်းမလျာကာရိုက်တာနဲ့ အများဆုံးတွေ့မြင်ရလေ့ရှိတဲ့အပြင် ကျရာဇာတ်ရုပ်တိုင်းမှာ ပီပြင်စွာပါဝင်အားဖြည့်လေ့ရှိသူတစ်ယောက်ဆိုရင်လည်း မမှားပါဘူး။သူကတော့ အနုပညာကြေးအနည်းငယ်သာရတဲ့ ဇာတ်ပို့ဇာတ်ရံတစ်ယောက်မို့ မပြေလည်တဲ့စားဝတ်နေရေးကို တစ်ဖက်တစ်လမ်းကနေ မုန့်ဟင်းခါးရောင်းကာ ဖြေရှင်းနေသူဖြစ်ပြီး သူ့ရဲ့မုန့်ဟင်းခါးဆိုင်လေးဟာဆိုရင်လည်း အခုဆိုအတန်အသင့်အောင်မြင်မှုရနေပြီလို့ ဆိုရမှာပါ။ ပိုက်ဆံမချမ်းသာပေမယ့် မွန်မြတ်တဲ့စိတ်ထားလေးနဲ့ဘဝကိုရပ်တည်နေသူ ရဲလေးမကတော့ ဒီနေ့မှာ သူလုပ်နေကြဖြစ်တဲ့အလှူလေးတစ်ခုကို မျှဝေခဲ့ပါတယ်။ “သူတို့လေးတွေလည်းလူထဲကလူပါပဲ…. အနာဂတ်ပျောက်နေတဲ့သူတို့လေးတွေကိုစာနာတယ်… သနားတယ်… ဒါ့ကြောင့်တွေ့တဲ့နေရာရောက်တဲ့နေရာ တတ်နိုင်သလောက်အမြဲလှူတယ်ပေးတယ်… အများကြီးမလှူနိုင်ဘူး… နိုင်သလောက်လှူတယ်… အနာဂါတ်အလင်းတစ်ခုထွန်းလင်းပြီး လမ်းကြောင်းမှန်တဲ့ဘဝ‌လေးတစ်ခုအမြန်ဆုံးပိုင်ဆိုင်ပါစေလို့ ဦးရဲလေးမဆုတောင်းရုံမှတစ်ပါး” ဆိုပြီး လမ်းဘေးက ကလေးတွေကိုလှူဒါန်းပေးနေကြအလှူလေးကို မျှဝေခဲ့ပါတယ်။ ရန်ကုန်မြို့အနှံ့မှာတော့ လမ်းဘေးမှာတောင်းစားနေတဲ့ကလေးတွေ၊ အမှိုက်ကောက်နေရတဲ့ကလေးတွေ များစွာရှိနေပြီး အနာဂတ်မဲ့နေတဲ့သူတို့လေးတွေရဲ့ဘဝကို ရဲလေးမကတော့ စာနာသနားစွာနဲ့ တွေ့တိုင်းကူညီပေးဖြစ်ကြောင်း သူ့ရဲ့အလှူလေးကို မျှဝေခဲ့တာပဲ ဖြစ်ပါတယ် ပရိသတ်ကြီးရေ… …

Read More »

မင်္ဂလာဦးဆွမ်းကျွေးအလှူကို အေးချမ်းအောင်မြင်အုတ်ခွက်ဘုရားကျောင်းမှာ လှူဒါန်းခဲ့တဲ့ အိမ့်ချစ်တို့ဇနီးမောင်နှံ

မကြာသေးခင်အချိန်အတွင်းက ပူပူနွေးနွေးလက်ထပ်ထားတဲ့စုံတွဲတွေထဲမှာတော့ အိမ့်ချစ်တို့စုံတွဲလည်းအပါအဝင်ပါ။ အခုလည်း မင်္ဂလာစုံတွဲအသစ်စက်စက်လေးကတော့ မင်္ဂလာဦးအလှူတွေကို ကျင်းပပြုလုပ်ခဲ့တာပဲ ဖြစ်ပါတယ်။ အိမ့်ချစ်ကတော့ သူ့ရဲ့ဖေ့ဘွတ်မှာ အလှူအကြောင်းကို “မင်္ဂလာဦးဆွမ်းကျွေးအလှူအဖြစ် ၂၇.၆.၂၀၂၀ ရက်နေ့တွင် အေးချမ်းအောင်မြင်အုတ်ခွက်ဘုရားကျောင်းမှာ မြတ်စွာဘုရားရှင်နှင့်တကွသံဃာတော်အရှင်သူမြတ်တို့အား နေ့ဆွမ်းဆက်ကပ်လှူဒါန်း ခဲ့ပါသည်” လို့ ရေးသားထားပြီး အလှူပြုလုပ်နေတဲ့ပုံလေးတွေကိုလည်း ပြန်လည်မျှဝေပေးခဲ့တာပါ။ အိမ့်ချစ်ကတော့ အသံချိုချိုလေးနဲ့ပရိသတ်အကြိုက်တေးသီချင်းကောင်းတွေကို သီဆိုလေ့ရှိသူဖြစ်တာကြောင့် ပရိသတ်တွေရဲ့အချစ်တွေကို ရရှိထားတယ်လို့ ဆိုရမှာပါ။ အိမ့်ချစ်တို့ဇနီးမောင်နှံကတော့ အခုလိုမင်္ဂလာဦးကာလလေးမှာ မင်္ဂလာဦးအလှူတွေပြုလုပ်ကာ အကျိုးရှိစေခဲ့တာ ကြည်နူးစရာပါပဲနော်… Source: EintChit

Read More »

အိမ်ထောင်သက်တမ်း(၁၉) နှစ်ပြည့်မှာ ချစ်ဇနီးလေးအချစ်ပိုရအောင် စကားဆိုခဲ့တဲ့ ဝိုင်းချစ်

ဝိုင်းချစ်ကတော့ တစ်ခေတ်တစ်ခါတုန်းက လျှမ်းလျှမ်းတောက်အောင်မြင်ခဲ့တဲ့ ရွှေညီကိုအငြိမ့်အဖွဲ့ရဲ့ ပင်တိုင်စံဟာသလူရွှင်တော်တစ်ယောက်ပါ။ နှစ်ပေါင်းများစွာ ပရိသတ်တစ်ခဲနက်အားပေးခဲ့တဲ့အငြိမ့်အဖွဲ့အဖြစ်ရပ်တည်ခဲ့ပေမယ့်လည်း နောက်ပိုင်းမှာတော့ အဖွဲ့ကွဲခဲ့ကာ ယနေ့ထက်တိုင်လည်း လူရွှင်တော်အနေနဲ့ပဲ သီးခြားစီရပ်တည်လျက်ရှိပါတယ်။ ဝိုင်းချစ်ကတော့ လတ်တလောကိုဗစ်ကာလအလုပ်အကိုင်မရှိတဲ့အချိန်မှာ မိသားစုပိုင်ကုန်စုံဆိုင်လေးမှာပဲ ဈေးကူရောင်းရင်း Stay Home ကာလကိုဖြတ်သန်းနေပါတယ်။ ဒီနေ့ကတော့ သူတို့လင်မယားရဲ့မင်္ဂလာနှစ်ပတ်လည်(၁၉) နှစ်ပြည့်လေးဖြစ်ပြီး ဝိုင်းချစ်ကတော့ ” MY LOVE ရေ ဒီနေ့(29-6-2020) ကိုယ်တို့အိမ်ထောင်သက်တမ်း-19နှစ်-ပြည့်တဲ့နေ့ပါ နောင်နှစ်ပေါင်းများစွာမှာလည်း မလျော့သောအချစ် မပြယ်သော မေတ္တာများစွာနဲ့ အစဉ်အမြဲ ဆက်လို့ချစ်နေပါ့မယ်လို့… MY LOVE ကို ထာဝရချစ်နေမယ့် ဝိုင်းချစ်” ဆိုပြီး သူတို့ရဲ့မင်္ဂလာနှစ်ပတ်လည်လေးအတွက် ဇနီးဖြစ်သူအချစ်ပိုရအောင် လူမှုကွန်ရက်စာမျက်နှာမှာ ရေးသားမျှဝေခဲ့ပါတယ်။ ခင်ပွန်းကောင်းတစ်ယောက်အနေနဲ့ အိမ်ထောင်တစ်ခုကို အကောင်းမွန်ဆုံးတည်ဆောက်နေတဲ့ ဝိုင်းချစ်ကတော့ ချစ်ဇနီးလေး၊ …

Read More »

ပရိသတ်တွေ စိတ်ဝင်စားနေကြတဲ့ နေခြည်ဦးနဲ့ အလင်းရောင်တို့ရဲ့ဆက်ဆံရေး

Cele Gabar ပရိသတ်ကြီးရေ .. မြန်မာနိုင်ငံရဲ့ ထိပ်တန်း Beauty Blogger တစ်ယောက်ဖြစ်တဲ့ နေခြည်ဦးကတော့ အနုပညာအလုပ်တွေ ဆက်တိုက်ဆိုသလို လုပ်ဆောင်ပြီး အားပေးတဲ့ ပရိသတ်အခိုင်အမာရရှိထားတဲ့ အနုပညာရှင်တစ်ယောက်ပါ ။ မကြာသေးမီကမှ ချစ်သူနဲ့လမ်းခွဲပြတ်စဲခဲ့ပြီးနောက်မှာတော့ သူမရဲ့ အချစ်ရေး သတင်းတွေဟာ ငြိမ်နေခဲ့တာဖြစ်ပါတယ် ။ လတ်တလောမှာတော့ ပရိသတ်တွေ စိတ်ဝင်စားမှုနှုန်း မြင့်တက်သွားစေတဲ့ မိုင်ဒေး တစ်ခုကို မော်ဒယ်လ်မင်းသားချောလေး အလင်းရောင်က သူ့ရဲ့လူမှုကွန်ရက်စာမျက်နှာမှာတင်ခဲ့ပါတယ် ။ အမိုက်စားမီးရောင်တွေ အောက်မှာ နေခြည်ဦးနဲ့အတူ အနမ်းတွေ ဖလှယ်နေတဲ့ ဗီဒီယိုအပိုင်းအစလေး တစ်ခုဖြစ်ပြီး ပရိသတ်တွေက နေခြည်ဦးနဲ့ အလင်းရောင်တို့ စုံတွဲခုတ်နေကြပြီလားဆိုပြီး စိတ်ဝင်စားနေကြတာဖြစ်ပါတယ် ။ မိန်းကလေးပရိသတ်တွေ အများအပြားရဲ့ ဝန်းရံခြင်းခံရနေရတဲ့ …

Read More »

ကိုယ်တိုင်ကြိုက်ခဲ့ရတဲ့ သီချင်းဟောင်းတွေကို Acoustic Version ပြန်ထုတ်ဖို့ စီစဉ်နေတဲ့ လွှမ်းပိုင်

အမိုက်စား Rap သီချင်းတွေကို သီဆိုတတ်ပြီး လူငယ်ပရိသတ်တွေရဲ့ အားပေးမှုအခိုင်အမာရရှိထားတဲ့ အဆိုတော် လွှမ်းပိုင်ကတော့ ပရိသတ်တွေကို သူကိုယ်တိုင် စီစဉ်ထားတဲ့ Program လေးတခုနဲ့မိတ်ဆက်ပေးလာခဲ့ပါတယ် ။ လွှမ်းပိုင်ဟာ ဂီတလောကမှာရှိလာတာအခုဆိုအချိန်အတိုင်းတာအားဖြင့် ၁၀ နှစ်ကျော်လာခဲ့ပြီဖြစ်ပေမယ့် သူ့ရဲ့သီချင်းဟောင်းတွေကိုတောင် ပရိသတ်တွေက ခုထိအားပေးနေကြဆဲဖြစ်ပါတယ် ။ ဒီ ၁၀ နှစ်ကျော်အတွင်းမှာ သီချင်းတွေအများကြီးဖန်တီးခဲ့သလို ပရိတ်သတ်တွေရင်ထဲမှာကျန်ရှိနေသေးတဲ့သီချင်းတချို့တွေရှိနေသေးလို့လည်း ပရိသတ်တွေကို ကျေးဇူးတင်ပါတယ်လို့ လူမှုကွန်ရက်စာမျက်နှာထက်မှာရေးသားထားပါသေးတယ် ။ လတ်တလောမှာတော့ လွှမ်းပိုင် ကိုယ်တိုင် စဉ်းစားထားတဲ့ Program လေးကတော့ သူကြိုက်နှစ်သက်ခဲ့ရတဲ့သီချင်းဟောင်းတွေကို ပြန်လည်ပြီး အမှတ်တရအနေနဲ့ Acoustic Version ပြန်ထုတ်ဖို့စဉ်းစားထားတာဖြစ်တယ်လို့ ပရိသတ်တွေကို အသိပေးလာခဲ့ပါတယ် ။ ဒီနေ့ ညနေမှာတော့ သူ့ကို လွှမ်းပိုင်ဖြစ်စေခဲ့တဲ့သီချင်းတွေထဲကတစ်ခုဖြစ်တဲ့ …

Read More »

လက်မှတ်ထိုးပွဲနေ့က ပြင်ဆင်နေတဲ့အမှတ်တရလေးတွေ ပရိသတ်တွေကိုထုတ်ပြလိုက်တဲ့ အိမ့်ချစ်

ပရိသတ်ကြီးရေ တေးသံရှင် အိမ့်ချစ်ကတော့ သူမ ချစ်သူနဲ့ ဇွန်လ(၁၆) ရက်နေ့က နှစ်ဖက်မိဘတွေနဲ့ တရားသူကြီးရှေ့မှာ တရားဝင် လက်မှတ်ရေးထိုးခဲ့ကြပါတယ် ။ လက်ထက်ခွင့်တောင်းခံရတဲ့ အချိန်ထဲက ပရိသတ်တွေအားကျခဲ့ရတဲ့ သူမတို့စုံတွဲလေးက မကြာခင်မှာ ရွှေလက်တွဲပြီး လက်ထပ်ပွဲကျင်းပတော့မှာ ဖြစ်လို့ ပရိသတ်တွေကလည်း မင်္ဂလာပွဲလေးကို အရမ်းကိုမြင်ချင်နေကြပြီဖြစ်ပါတယ် ။ မင်္ဂလက်မှတ်ရေးထိုးတဲ့နေ့က ပုံရိပ်လေးတွေကိုကြည့်ပြီး ပရိသတ်တွေက အရမ်းပျော်နေတဲ့ အိမ့်ချစ် နဲ့ ထပ်တူ ကြည်နူးဝမ်းသာခဲ့ကြရတာပါ ။ လတ်တလောမှာတော့အိမ့်ချစ်က လက်မှတ်ထိုးတဲ့နေ့က ပြင်ဆင်တဲ့ပုံလေးတွေ သိမ်းဖို့ကျန်လို့ လာသိမ်းတာပါ ဆိုတဲ့ စာသားလေးနဲ့အတူ မင်္ဂလာလက်မှတ် မရေးထိုးခင် ပြင်ဆင်နေကြတဲ့ သူမတို့စုံတွဲရဲ့ ချစ်စဖွယ် ပြင်ဆင်မှု ပုံရိပ်လေးတွေကို သူမရဲ့ လူမှုကွန်ရက်စာမျက်နှာကနေတဆင့် ပရိသတ်တွေကို …

Read More »

လပြည့်နဲ့ မေမီကိုကိုတို့ သူငယ်ချင်းနှစ်ယောက်ရဲ့ ဟာသ ဗီဒီယိုလေး

Cele Gabar ပရိသတ်ကြီးရေ MRTV-4 မင်းသားမင်းသမီးတွေဖြစ်တဲ့ လပြည့်နဲ့ မေမီကိုကိုတို့ အနုပညာမောင်နှမ နှစ်ယောက်ကတော့ ပရိသတ်တွေအတွက် ဗီဒီယိုလေးတစ်ခု မျှဝေပေးလာခဲ့ပါတယ် ။ လတ်တလောမှာတော့ ဂျီဟောသူ ဆိုတဲ့ ဇာတ်လမ်းတွဲမှာ ညိုထွေးနဲ့ ဗစ်တာအဖြစ် ပါဝင် သရုပ်ဆောင်ထားကြပြီး အပြင်မှာလည်း တစ်ယောက်နဲ့တစ်ယောက်ရင်းနှီးကြတဲ့ သူငယ်ချင်းတွေပဲဖြစ်ပါတယ် ။ ဒီဗီဒီယိုလေးကိုတော့ သူငယ်ချင်းတွေ ကြားမှာ ဖြစ်လေ့ဖြစ်ထရှိတဲ့ အလွဲလေးတွေ ဂျင်းထည့်တာလေးတွေကို ဟာသ သဘောနဲ့ရိုက်ကူးခဲ့တာဖြစ်ပြီး လပြည့်က သူ့ရဲ့လူမှုကွန်ရက်စာမျက်နှာထက်မှာ တင်ခဲ့တာဖြစ်ပါတယ် ။ ဆိုင်တွင်စားသောက်ပြီး ပိုက်ဆံရှင်းကာ နီးသောအခါ ခင်ဗျား တို့ဆီမှာ အဲ့ဒီလို သူငယ်ချင်း ရှိလား ဆိုတဲ့ စာသားလေးနဲ့အတူ ရေးသားမျှဝေပေးခဲ့တာပါ ။ ပရိသတ်တွေကတော့ …

Read More »

ထီးသွားလှူမယ့်နေရာလေးက လူတွေကိုသနားလို့ အာဟာရမုန့်တွေပါ ထပ်လှူပေးသွားမယ်ဆိုတဲ့ ခိုင်နှင်းဝေ

ပရဟိတမင်းသမီးတစ်လက်အနေနဲ့ ပရိသတ်တွေလေးစားချစ်ခင်နေရတဲ့ ခိုင်နှင်းဝေကတော့ သူတတ်နိုင်တဲ့ဘက်ကနေ အကူညီမဲ့နေတဲ့နေရာတွေကို ကူညီနေသလို ခိုင်နှင်းဝေရင်သွေးလေးများဂေဟာတည်ထောင်ပြီး မိဘမဲ့ကလေးတွေကိုလည်း စောင့်ရှောက်ကူညီနေသူပါ။ သူကတော့ အခုလိုသည်းထန်စွာရွာသွန်းနေတဲ့မိုးတွင်းကာလမှာ အကာအကွယ်မဲ့နေတဲ့သူတွေအတွက် မကြာသေးခင်က ဖိနပ်များသွားရောက်လှူဒါန်းပေးခဲ့ပြီး ဒီတစ်ခေါက်မှာတော့ ထီးအလက်ပေါင်း(၄၀၀) လှူဒါန်းပေးသွားမှာဖြစ်ပါတယ်။ ထီးလှူဒါန်းရတဲ့ အကျိုးကြောင့် မိမိမှာ အကာအကွယ်ရတတ်သလို သူများကို အရိပ်ပေး၍ မိမိလည်း အရိပ်ကောင်းကောင်းနဲ့ဘဝလမ်းခရီးဖြောင့်ဖြူးနိုင်စေဖို့အတွက် နိဗ္ဗာန်ဆော်ကာ ဦးဆောင်လှူဒါန်းပေးခဲ့ခြင်းဖြစ်ပြီး တကယ်လိုအပ်နေတဲ့နေရာလေးကို သွားရောက်လှူဒါန်းပေးသွားမှာပါ။ ဒါ့အပြင် မနက်ဖြန်သွားရောက်လှူဒါန်းပေးမယ့် နေရာလေးကို ကြည့်ပြီး ခိုင်နှင်းဝေကတော့ “အနီးအနားက လူများက ထင်ထားတာထက် ပိုပြီး ချို့တဲ့နေတာ မြင်တော့ ကျွန်မ ရင်ထဲ တတ်နိုင်တာထက် ပိုတဲ့ သဒ္ဓါတရားပိုလာလို့ သူတို့လေးတွေစားဖို့ မုန့်များပါ ထပ်မံ လှူဒါန်းပေးသွားမှာ ဖြစ်ပါတယ်ရှင် …

Read More »
x