ဝါသနာရှင်တွေကို လက်တွဲခေါ်ယူလေ့ရှိသူယုန်လေးကတော့ ဒီတစ်ခေါက်မှာ သူလက်တွဲခေါ်ယူခဲ့တဲ့ ညီလေးတွေနဲ့ စုပေါင်းဖန်တီးထားတဲ့ သီချင်းလေးတစ်ပုဒ်ကို လာမယ့် ဇွန်လ(၂၆) ရက်နေ့မှာ ချပြတော့မှာဖြစ်ကြောင်း သတင်းကောင်းလေးမျှဝေခဲ့ပါတယ်။ သူကတော့ လတ်တလောမှာ သူပထမဆုံးလက်တွဲခေါ်ယူခဲ့တဲ့ ကယားမြေက MC ကယားလေးနဲ့ Rap ကျားကြီး၊ မိသားစုဝမ်းရေးအတွက် ရုန်းကန်ရင်း ဂီတနဲ့အသက်ဆက်နေသူ မန္တလေးက MinZ၊ ရန်ကုန် ရွှေတိဂုံဘုရားမှာ Free Style Rap တွေရွတ်ရင်း ဝါသနာပါရာဂီတလမ်းကို လျှောက်လှမ်းနေသူ A4 ကျော်စွာတို့နဲ့ အတူ “စိတ်ကူး” ဆိုတဲ့သီချင်းလေးကို ပေါင်းစပ်ဖန်တီးလျက်ရှိပါတယ်။ ယုန်လေးကတော့ ဒီသီချင်းဗွီဒီယိုလေးကို Storyရယ် ပြောချင်တဲ့ အရာလေး ပေါ်အောင်ရိုက်ရတဲ့အတွက် ဇာတ်ကားရိုက်သလို သေချာရိုက်ချင်လို့ (၃)ရက် အချိန်ပေးရိုက်ကူးခဲ့ပြီး ဒီနေ့မှာတော့ …
Read More »follower (၅)သိန်းနီးပါးရှိတဲ့ဖေ့ဘွတ်အကောင့်လေးကို အသိအမှတ်ပြုBlue Mark လေးရရှိခဲ့တဲ့ သဇင်ထူးမြင့်
မင်းသမီးချောလေးသဇင်ထူးမြင့်ကိုတော့ ရွှေကြိုအဖြစ်စတင်သိခဲ့ပြီး ပရိသတ်တွေက ဒါရိုက်တာ၊သရုပ်ဆောင်ခင်လှိုင်ရဲ့ သမီးချောလေးအဖြစ်လူသိများပါတယ်။ အခုဆိုရင်လည်း ဖခင်ဖြစ်သူလိုပဲ အနုပညာအလုပ်တွေလုပ်ကိုင်လာပြီဖြစ်ပြီး ပရီသတ်အားပေးမှုအခိုင်အမာရရှိထားတဲ့သူတစ်ယောက်ဖြစ်လို့နေပါပြီ။ သဇင်ထူးမြင့်ရဲ့follower (၅)သိန်းနီးပါးရှိတဲ့ဖေ့ဘွတ်အကောင့်လေးကို ဖေ့ဘွတ်ခ်အသိအမှတ်ပြုBlue Mark လေးရရှိခဲ့တာဖြစ်ပါတယ်။သဇင်ထူးမြင့်ကတော့ အဲ့ဒီအတွက်ဝမ်းသာပျော်ရွှင်နေပုံရပြီး “သဲရဲ့အကောင့်လေး Blue Mark ရသွားပါပြီ စိတ်ရှည်ရှည်နဲ့ကူညီပေးလို့ ကျေးဇူးပါမမ”ဆိုပြီးတော့ ရေးသားထားပါသေးတယ်။ သဇင်ထူးမြင့်ကတော့ ပရိသတ်အားပေးမှုရထားသလို ပုရိသတွေအားပေးဝန်းရံခံရတဲ့မင်းသမီးတွေထဲကတစ်ယောက်လည်း ဖြစ်ပါတယ်။ အနုပညာရှင်တွေကတော့ မကြာခဏဆိုသလို နာမည်ဆင်တူတဲ့အကောင့်တုတွေကို ဖွင့်ပြီးထင်ယောင်ထင်မှားဖြစ်စေသူတွေကြောင့် စိတ်ညစ်ရလေ့ရှိပါတယ်။ သဇင်ထူးမြင့်ကတော့ အခုဆိုရင် ဖေ့ဘွတ်ခ်အသိအမှတ်ပြုBlue Mark လေးရရှိခဲ့ပါပြီ ပရိသတ်ကြီးရေ… Source :ThazinHtooMyint
Read More »အသေးစားခွဲစိတ်မှုလေးကိုတောင် ဒူးတုန်အောင်ကြောက်ပြီးငိုခဲ့တဲ့ နော်ဖောအယ်ထား
တက်သစ်စမင်းသမီးချောလေးနော်ဖောအယ်ထားကိုတော့ ပရိသတ်တွေသိကြမှာပါ။ ပျောက်ဆုံးနေသောအမှန်တရားဇာတ်လမ်းတွဲထဲမှာ သုဒြာအဖြစ်ပါဝင်သရုပ်ဆောင်ခဲ့ဖူးပြီး ပရိသတ်တွေသတိထားမိကြမှာလည်း ဖြစ်ပါတယ်။ အခုဆိုရင် ဓာတ်ပုံမော်ဒယ်လ်အနေနဲ့သာမက အနုပညာအလုပ်တွေလုပ်ကိုင်လာတာကိုလည်း တွေ့ရမှာပါ။ ချစ်စရာကောင်းပြီးလှပလွန်းတဲ့ ကရင်မလေးနော်ဖောအယ်ထားကတော့ အသေးစားခွဲစိတ်မှုလေးနဲ့ပတ်သက်ပြီး “minor operation ဆိုပေမဲ့လည်း ကြောက်လို့ဒူးပါတုန်တယ်။ ဆရာဝန်တွေရယ်နေပြီအရမ်းကြောက်တတ်လို့ ထုံဆေးထိုလိုက်ကတည်းက စငိုတော့တာပဲ။ သူနာပြုလေးတွေက အာရုံတွေပြောင်းအောင်စကားတွေပြောပေးလည်းမရဘူးငိုတာပဲ။ စလည်းခွဲရောအသက်ရှူဖို့တောင်မေ့ပြီးတင်ခံနေတော့ ပြီးပြီဆိုမှအသက်ရှူဖို့သတိရတယ်။ ထွက်လည်းထွက်လာရောရင်တွေတုန်လို့မိုက်ခနဲဖြစ်ပြီး Shock ရတာ လမ်းတောင်မလျှောက်နိုင်တော့ဘူး။ နည်းနည်းနောနောသတ္တိတွေလား နော်ဖောအယ်ထားရယ်။ “ဆိုပြီးတော့ သူ့ရဲ့ My Story မှာတင်ထားတာလည်း ဖြစ်ပါတယ်။ နော်ဖောအယ်ထားကတော့ အသေးစားခွဲစိတ်မှုလေးကိုတောင်အကြောက်လွန်ပြီး ငိုခဲ့သေးတယ်လို့ဆိုထားပါတယ်။ ခွဲစိတ်ထားတာတွေအမြန်ဆုံးသက်သာပါစေ နော်ဖောရေ… Source : NawPhawEhHtar
Read More »အခွေသစ်အတွက် သီချင်းတွေပြင်ဆင်နေပြီဖြစ်တဲ့ ဝိုင်းစုခိုင်သိန်း
သရုပ်ဆောင်တစ်ယောက်အနေဖြင့် အောင်မြင်မှုအခိုင်အမာရရှိထားခဲ့တဲ့ ပရိသတ်အချစ်တော် နိုင်ငံကျော်အဆိုတော် ဝိုင်းစုခိုင်သိန်းကတာ့ တေးစီးရီးပါင်းများစွာထွက်ရှိထားပြီး ထွက်ရှိသမျှတေးစီရီးတိုင်းဟာလည်း ပရိသတ်တွေရဲ့ တစ်ခဲနက်အားပေးမှုကိုသိမ်းပိုက်ထားပါတယ်။ ဝိုင်းစုရဲ့ နောက်ဆုံးထွက်ရှိထားတဲ့ နွားကျောင်းသူ တေးစီးရီးဟာဆိုရင်လည်း ပရိသတ်တွေရဲ့ တစ်ခဲနက်အားပေးနဲ့ အောင်မြင်မှုအခိုင်အမာရရှိခဲ့ပါတယ်။ ဝိုင်းစုခိုင်သိန်းဟာ လက်ရှိမှာတော့ အခွေသစ်အတွက် သီချင်းတွေပြင်ဆင်နေပြီဖြစ်တဲ့အကြောင်းကို “ဒီနေ့ နောက်အခွေအတွက် နေချိုရေးပေးထားတဲ့သီချင်းလေးတွေ Dream Lover Bandနဲ့ အတီး Date အမှတ်တရ မနက်ဖြန်လဲ တေးသံသာမှာ ဝေကြီးရေးပေးထားတဲ့ သီချင်းအသစ်ကလေးတစ်ပုဒ် ထွက်ဖို့ရှိတယ်နော်လို့ ချစ်ဆုံးတို့ရေ” လို့သူ့ရဲ့ လူမှုကွန်ရက် စာမျက်နှာမှာဖော်ပြထားပါတယ်။သူဟာ ချိုမြိန်တဲ့အသံလေးက ပရိသတ်ရင်ကိုထိရှစေကာ သီချင်းတွေကလည်း တစ်ပုဒ်ဆိုတစ်ပုဒ်ဆိုသလောက် ပေါက်ခဲ့ပြီး ပရိသတ်ရဲ့ပါးစပ်ဖျားမှာ ရေပန်းစားခဲ့တဲ့အထိ အောင်မြင်မှုအခိုင်အမာကိုသိမ်းပိုက်ထားပါတယ်။ CeleGabr ပရိသတ်ကြီးရေ နိုင်ငံကျော်အမျိုးသမီးအဆိုတော် ဝိုင်းစုခိုင်သိန်းကတော့ …
Read More »လာမယ့် (၂၈)ရက်နေ့မှာ သီချင်းအသစ်လေး ထွက်ရှိလာဦးမယ့် ချမ်းမြေ့မောင်ချို
ပရိသတ်တွေရဲ့ အချစ်တော် အဆိုတော် ချမ်းမြေ့မောင်ချိုကတော့ လာမယ် ဇွန်လ (၂၈)ရက်နေ့မှာ သီချင်း အသစ်လေးတစ်ပုဒ်ထပ်မံထွက်ရှိလာဖို့ ရှိနေပါတယ်။ မောင်ချိုလေးက ပြီးခဲ့တဲ့ ဇွန်လ (၇)ရက်နေ့မှာ အဆိုတော် Ah Boy နဲ့ “အငွေ့အသက်များ” လို့ အမည်ရတဲ့ သီချင်းလေး တစ်ပုဒ်ထွက်ရှိထားခဲ့ပြီး ဒီသီချင်းလေးကလည်း ပရိသတ်တွေအကြိုက်နဲ့ ထပ်တူကျတဲ့ သီချင်းလေးဖြစ်ခဲ့ပါတယ်။ အခုတစ်ခေါက်မှာလည်း လာမည့် ဇွန်လ (၂၈)ရက်နေ့မှာ သီချင်းအသစ်လေး နောက်ထပ်တစ်အပုဒ်ထပ်မံထွက်ရှိလာဦးမှာပဲဖြစ်ပါတယ်။ ထွက်ရှိလာမယ့် သီချင်းလေးရဲ့ နာမည်ကတော့ “အိမ်ပြန်ချိန်” လို့ နာမည်ပေးထားပြီး ချမ်းမြေ့မောင်ချိုနဲ့ အတူ PAST12 ၊ Daniel Saw တို့ (၃)ယောက်အတူ ဖန်တီးထားတဲ့ သီချင်းလေးတစ်ပုဒ်ပဲဖြစ်ပါတယ်။မောင်ချိုလေးရဲ့ ပရိသတ်တွေအတွက်တော့ …
Read More »အဖွားရဲ့ပြေတီဦးထက်ချောတယ်ဆိုတဲ့ စကားကြောင့် ကျေနပ်နေတဲ့ ကိုပေါက်
ရုပ်ရှင်သရုပ်ဆောင်နဲ့ ဒါရိုက်တာကိုပေါက်ကတော့ လတ်တလောမှာ Tik Tok တွေဆော့ရင်း သူတတ်ကျွမ်းတဲ့ဟာသပညာနဲ့ ပရိသတ်တွေရဲ့ဘဝအမောတွေ ဖြေဖျောက်ပေးနေသူပါ။ ကိုပေါက်ရဲ့ ရယ်ရလွန်းတဲ့ Tik Tok တွေကိုတော့ ကြည့်ရှုအားပေးသူပရိသတ်တွေ များစွာရှိနေပြီ ဖြစ်ပြီး ကိုပေါက်ကတော့ ဒီတစ်ခေါက်မှာ ပြေတီဦးကို ရန်စတဲ့ဗွီဒီယိုလေးတစ်ခုထပ်မံ မျှဝေခဲ့ပါတယ်။ သူကတော့ လတ်တလောမှာ မန္တလေးရောက်နေပြီး ဒီဇိုင်နာမျိုးမင်းစိုးနဲ့အတူ မနေ့က YGW ဘိုးဘွားရိပ်သာမှာ သွားရောက်လှူဒါန်းရင်း အဘွားတစ်ယောက်နဲ့စကားလက်ဆုံကျခဲ့ရာက အဘွားကို ပြေတီဦးနဲ့ကျွန်တော် ဘယ်သူပိုချောလဲဆိုတဲ့မေးခွန်းလေးကို မေးခဲ့ပါတယ်. အဖွားကတော့ မင်းပိုချောတာပေါ့ လို့ ပြောခဲ့တာကြောင့် ကိုပေါက်ကတော့ ဒီ ဗွီဒီယိုလေးကို အရွှန်းဖောက်မျှဝေခဲ့တာပဲ ဖြစ်ပါတယ် ပရိသတ်ကြီးရေ… ကိုပေါက်နဲ့ ပြေတီဦးတို့ကတော့ အရမ်းရင်းနှီးကျတဲ့သူငယ်ချင်းတွေပီပီ တစ်ယောက်ကိုတစ်ယောက် ဆေးထိုးရင်းစနောက်လေ့ရှိသူတွေပါ။ …
Read More »ရန်ကင်းကလေးဆေးရုံသို့ သိန်း ၁၄၀တန်အသက်ရှူစက်နှင့် ဒေါ်ခင်ကြည်ဖောင်ဒေးရှင်းသို့ ၃၆သိန်းလှူဒါန်းခြင်း
ပရိသတ်အချစ်တော်စမိုင်းလ်ကတော့ အလှူအတန်းတွေကိုတစ်ခုပြီးတစ်ခုလုပ်ရင်း ပျော်ရွှင်စွာနဲ့ဘဝကိုအဓိပ္ပာယ်ရှိရှိဖြတ်သန်းနေပုံပါပဲ။ မကြာသေးခင်က ပြီးခဲ့တဲ့မွေးနေ့မှာလည်း သိန်းပေါင်း(၃၆)သိန်းကို ပရိသတ်တွေအတွက် မဲဖောက်ပေးတဲ့အပြင် သိန်းပေါင်း (၁၅၀၀)စီကို အာင်ဇမ္ဗူဆရာတော်ဘုရားနဲ့ သစ်တံခါးဆရာတော်ဘုရားတို့ရဲ့ကျောင်းဆောင်အတွက် လှူဒါန်းခဲ့ပါသေးတယ်။ အခုလည်း ရန်ကင်းကလေးဆေးရုံကို သိန်း(၁၄၀)တန်အသက်ရှူစက်ကိုလှူဒါန်းတဲ့အပြင် ဒေါ်ခင်ကြည်ဖောင်ဒေးရှင်းကိုလည်း (၃၆)သိန်းလှူဒါန်းလိုက်ပါသေးတယ်။ အဲ့ဒီအကြောင်းကိုလည်း ပရိသတ်တွေသိအောင်မျှဝေပေးခဲ့ပါသေးတယ်။ စမိုင်းလ်ကတော့ တစ်ချိန်ကပရိသတ်အချစ်တော်မင်းသမီးအဖြစ်အနုပညာအလုပ်တွေလုပ်ခဲ့သလို အခုထက်ထိလည်း ပရိသတ်တွေရဲ့အချစ်ကိုရရှိထားတဲ့အနုပညာရှင်တစ်ယောက်ဖြစ်နေပါပြီ။ စမိုင်းလ်ကတော့ သာယာပျော်ရွှင်တဲ့မိသားစုဘဝလေးကိုတည်ဆောက်ထားသလို ပရိသတ်တွေကိုလည်း အလေးထားတတ်တာကြောင့် ပရိသတ်တွေရဲ့ချစ်ခင်အားကျခြင်းကိုခံရသူပါ။ မကြာခဏလည်းအလှူအတန်းတွေလုပ်နေတာကြောင့် တကယ့်ကို လေးစားစရာကောင်းတဲ့သူတစ်ယောက်ပါပဲနော်… Source : စမိုင်းလ် Smile
Read More »ပဲခူးမြို့နယ်ပြည်သူ့ကျန်းမာရေးဌာနသို့ ဆေးဖက်ဆိုင်ရာကာကွယ်ရေးပစ္စည်းများ လှူဒါန်းမှုမှာ ပါဝင်ခဲ့တဲ့ ထွန်းကိုကို
CeleGabar ပရိသတ်ကြီးရေ ပရိသတ်တွေရဲ့ အချစ်တော် သရုပ်ဆောင် မော်ဒယ် မင်းသားချော ထွန်းကိုကိုကတော့ ပြီးခဲ့တဲ့ ဇွန်လ (၂၂)ရက်နေ့က နာရေးကူညီမှုအသင်း(ရန်ကုန်)ကြီးကနေ COVID-19 ကာကွယ်ထိန်းချုပ်နိုင်ရေးအတွက် ပဲခူးမြို့နယ် ပြည်သူ့ကျန်းမာရေးဌာနသို့ ဆေးဖက်ဆိုင်ရာကာကွယ်ရေးပစ္စည်းများ လှူဒါန်းမှုမှာ ကိုယ်တိုင်ကိုယ်ကျပါဝင်ကုသိုလ်ယူခဲ့ပါတယ်။ ထွန်းကိုကို နာရေးကူညီမှုအသင်း (ရန်ကုန်)ရဲ့ စေတနာ့လုပ်အားပေးအဖွဲ့ဝင်တစ်ယောက်ဖြစ်ပြီး နာရေးကူညီမှုအသင်း (ရန်ကုန်)ရဲ့ လုပ်ငန်းစဉ်တွေမှာ ကူညီဆောင်ရွက်ပေးနေတဲ့ သူတစ်ယောက်လည်း ဖြစ်ပါတယ်။အခုတစ်ခေါက် နာရေးကူညီမှုအသင်း(ရန်ကုန်)မှ ” အများပြည်သူအတွက် အများပြည်သူကောင်းမှု” အဖြစ် MASK (1000) ၊ PPE ဝတ်စုံ (50) ၊ FACE SHIELD (20)ခု၊ Surgical Grown အထည်(၅၀)၊ လက်သန့်ဆေးရည်ဗူး (၁၀၀) တို့ကို …
Read More »ရေကြိုက်တတ်လွန်းတဲ့သားလေးအကြောင်းကို မျှဝေခဲ့တဲ့ မိုးယုစံ
အောင်မြင်တဲ့မင်းသမီးတစ်လက်အနေနဲ့ ပရိသတ်အားပေးမှုအခိုင်အမာရရှိခဲ့တဲ့ မိုးယုစံကတော့ အခုဆိုရင် အိမ်ရှင်မကောင်းတစ်ယောက်အနေနဲ့ အနုပညာအလုပ်တွေနဲ့ အလှမ်းကွာဝေးနေခဲ့ပါပြီ။ မိသားစုကိုပဲ အချိန်ပေးရင်းအေးချမ်းတဲ့ဘဝကိုဖြတ်သန်းနေပေမယ့်လည်း အားပေးတဲ့ပရိသတ်တွေနဲ့အဆက်အသွယ်မပြတ်ရအောင် လူမှုကွန်ရက်စာမျက်နှာကနေ တနေ့တာအကြောင်းအရာလေးတွေ မျှဝေပေးလေ့ရှိသူပါ။ သားလေး Austin ရဲ့တနေ့တာကိုလည်း ပရိသတ်တွေကိုအမြဲမျှဝေလေ့ရှိသူမို့ အခုဆိုရင် Austin လေးကလည်း မေမေ့ပရိသတ်တွေရဲ့ ချစ်ခြင်းကိုအပြည့်အဝရရှိထားတဲ့ ကလေးလေးလို့ ဆိုရမှာပါ။ မိုးယုစံကတော့ ဒီတစ်ခေါက်မှာလည်း ရေကြိုက်တတ်လွန်းတဲ့သားလေးအကြောင်းကို မျှဝေခဲ့ပါတယ်။ “သားသားလေးနဲ့အပြင်မသွားရတာကြာပြီ သူလေးပျော်အောင် ထားရတာ ရေဆော့ရရင်အရမ်းပျော်တဲ့သားတုန်းလေး ရေတောင်လူကြီးကန်မှကူးချင်သူလေး” ဆိုတဲ့ စာသားတချို့နဲ့အတူ ပျော်ရွှင်စွာ ရေဆော့ကစားနေတဲ့ Austin လေးရဲ့ပုံရိပ်တွေကို မျှဝေခဲ့ပါတယ်။ မေမေမိုးယုစံရဲ့ သွေးအပြည့်အဝပါသူ သားလေး Austin ကတော့ မေမေ့လို့ပဲ အရမ်းချစ်ဖို့ကောင်းတဲ့သားလေးပါပဲနော်။ ရေကြိုက်တဲ့သားလေးရဲ့ ဆန္ဒကိုဖြည့်ဆည်းပေးရင်း မိသားစုတွေပျော်ရွှင်စွာ …
Read More »မွေးနေ့အလှူအဖြစ် ကျောင်းဆောင်အသစ်တွေ ဆောက်လုပ်ဖို့ သိန်း(၃၀၀၀)တိတိ လှူဒါန်းခဲ့တဲ့ စမိုင်းလ်တို့ဇနီးမောင်နှံ
ပရိသတ်ကြီးရေ တခေတ်တစ်ခါက ပရိသတ်တွေ အသည်းစွဲကြိုက်ခဲ့ရတဲ့ မော်ဒယ်လ်မင်းသမီးချောလေး စမိုင်းလ်ကတော့ အနုပညာလောက ကနေ အနားယူပြီး သာယာပျော်ရွှင်တဲ့ မိသားစုဘဝလေးကို ပိုင်ဆိုင်ထားတဲ့သူပါ ။ လက်ရှိမှာတော့ စမိုင်းလ်တို့ဇနီးမောင်နှံဟာ စီးပွားရေးကိုပဲဇောက်ချလုပ်ကိုင်ရင်း အလှူရေစက်လက်နဲ့မကွာဆိုသလို လိုအပ်တဲ့နေရာတိုင်းမှာ လှူဒါန်းမှုတွေလည်း ပြုလုပ်တတ်ပါသေးတယ် ။ ဒီနေ့မှာတော့ နှစ်ဖက်သောမိဘများကို အမှူးထားပြီး အောင်ဇမ္ဗူဆရာတော်ဘုရားရဲ့ ပြင်ဦးလွင်မြို့မှာဆောက်လုပ်မယ့် နှစ်ထပ်ကျောင်းဆောင်သစ်အတွက် သိန်း ၁၅၀၀ နဲ့ သစ်တံခါးဆရာတော်ဘုရားရဲ့ ၃ထပ်ကျောင်းဆောင်အတွက် သိန်း ၁၅၀၀ စုစုပေါင်း သိန်း ၃၀၀၀ လှူဒါန်းကုသိုလ်ပြု လုပ်ခဲ့ကြောင်း သူမရဲ့လူမှုကွန်ရက်စာမျက်နှာထက်ကနေ ပရိသတ်တွေသာဓုခေါ်ဆိုနိုင်ဖို့ မျှဝေပေးခဲ့ပါတယ် ။ အလှူအတန်းနဲ့ကုသိုလ်ရေးတွေမှာလက်မနှေးတတ်တဲ့ စမိုင်းလ်တို့ ဇနီးမောင်နှံရဲ့ အလှူလေးကို ပရိသတ်တွေကလည်း သာဓုခေါ်ဆိုခဲ့ကြပြီး ဒီထက်မက …
Read More »