ပရိသတ်တွေရဲ့ အချစ်တော် မူးလာကတော့ မနေ့က ဇွန်လ (၂၁)ရက်နေ့မှာ ကျရောက်ခဲ့တဲ့ အဖေများနေ့မှာ သူကရဲ့ဖခင်ဖြစ်သူကို ဂုဏ်ပြုတဲ့ အနေနဲ့ သီချင်းလေးတစ်ပုဒ်ကို သီဆိုပြီး သူ့ရဲ့လူမှုကွန်ရက်စာမျက်နှာကနေဖော်ပြလာခဲ့ပါတယ်။ သီချင်းလေးကတော့ ဇော်ဝင်းထွဋ်နဲ့ အီတိုးတို့ သီဆိုထားတဲ့ “ပဲ့ကိုင်ရှင်” သီချင်းလေးပဲဖြစ်ပါတယ်။ မူးလာကတော့ သီချင်းသီဆိုထားတဲ့ ဗီဒီယိုလေးနဲ့ အတူ ဖခင်ဖြစ်သူအတွက် “Happy Father’s Day. သားဆိုးတယောက်ရဲ့ အဖေအတွက် အမှတ်တရလေးပါ။ အမြဲ မားမားမတ်မတ်ရပ်တည်ပေးပြီး အဖေကောင်းတယောက်အဖြစ် စံပြရှိနေပေးတဲ့အတွက်လည်းကျေးဇူးတင်လျှက်။ Love you အပါး” ဆိုပြီး အဖေများနေ့မှာ ဖခင်ကို ကျေးဇူးတင်ရှိကြောင်းပြောထားပါသေးတယ်။ မူးလာရဲ့ ပရိသတ်တွေကတော့ မူးလာတစ်ယောက် “ပဲ့ကိုင်ရှင်” သီချင်းလေးနဲ့ ဖခင်ဖြစ်သူအချစ်ပိုရအောင် ချွဲနေတယ်လို စနောက်နေကြပါသေးတယ်။ …
Read More »ဆိုက်ကားဆရာတွေကို မိုးကာအင်္ကျီတွေလှူဒါန်းပေးခဲ့တဲ့ ဟန်လေး
ဟန်လေးကတော့ မော်ဒယ်လ် သရုပ်ဆောင် တစ်ယောက်အနေနဲ့ ပရိသတ်တွေရဲ့ အားပေးချစ်ခင်မှုကို ရရှိထားတဲ့ အနုပညာရှင်တစ်ယောက်ပါ။ လူလည်း လှသလို စိတ်ထားလည်းလှတဲ့သူတစ်ယောက်ဖြစ်တဲ့ ဟန်လေးကတော့ လတ်တလောမှာလည်း ကြည်နူးပီတိဖြစ်စရာအလှူဒါနလေးတစ်ခုကို ထပ်မံပြုလုပ်လိုက်ပါတယ်။ အလှူလေးကတော့ မိုးတွင်းကာလကို ရောက်ရှိလာပြီဖြစ်တာကြောင့် မိုးကာတွေကို လမ်းထဲမှာရှိတဲ့ ဆိုက်ကားစရာတွေအတွက်လှူဒါန်းပေးခဲ့တာပဲဖြစ်ပါတယ်။ ဟန်လေးက မိုးကာအင်္ကျီအထည် (၁၀၀)တိတိကို လှူဒါန်းဖို့အတွက် ဝယ်ထားတာဖြစ်ပြီး လောလောဆယ်တော့ သူ့ရဲ့ ရပ်ကွက်အနီးအနားမှာရှိတဲ့ ဆိုက်ကားဆရာတွေအတွက် အထည်(၃၅)ထည်ကို လှူဒါန်းပေးခဲ့တာပဲဖြစ်ပါတယ်။ မိုးကာအင်္ကျီတွေရလိုက်တဲ့ ဆိုက်ကားဆရာကြီးတွေပျော်နေတာကိုကြည့်ပြီး ဟန်လေးတစ်ယောက်ကတော့ ပီတိတွေဖြစ်ခဲ့ပါသေးတယ်။CeleGabar ပရိသတ်ကြီးရေ အခုလို မိုးတွင်းမှာ အသုံးတည့်စေမယ့် မိုးကာအင်္ကျီတွေကိုလှူဒါန်းပေးခဲ့တဲ့ ဟန်လေးရဲ့ ကာလဒါနကုသိုလ်ပြုတဲ့ စိတ်ကူးလေးကတော့ တကယ့်ကို စိတ်ကူးကောင်းလေးပါပဲနော်။ Chilli – CeleGabar Source …
Read More »အဖေများနဲ့ အမှတ်တရအဖြစ် အဖေနဲ့အတူလျှောက်လည်တဲ့ နေခြည်ဦးရဲ့ ဗီဒီယိုလေး
ဒီနေ့ ဇွန်လ (၂၁)ရက်နေ့မှာကျရောက်တဲ့နေ့မှာ နေခြည်ဦးကတော့ သူမရဲ့ Chillies လေးတွေအတွက် ဗီဒီယိုလေးတစ်ခု မျှဝေပေးလာခဲ့ပါတယ် ။ အဖေများနေ့အမှတ်တရ အဖြစ် အဖေနဲ့အတူ သွားလာစားသောက်ခဲ့တဲ့ အမှတ်တရနေ့ရက်လေးအဖြစ် ဒီဗီဒီယိုလေးနဲ့ အဖေများနေ့ကိုချီချီက ဂုဏ်ပြုခဲ့တာပါ ။ ဒီနေ့က Sunday ပိတ်ရက်ဆိုတော့ ဖေဖေနဲ့ ဘယ်လို Plan တွေ ရှိခဲ့ကြလဲ နေခြည်တို့က ပုံမှန်ဆို အမေတွေနဲ့က လက်ပွန်းတတီးနေဖြစ် ပြောဖြစ်ပေမယ့် အဖေတွေနဲ့ကျ အရမ်းစကားမပြောဖြစ်ဘူးလေ နေခြည်ကတော့ ဒီနေ့ တစ်နေ့လုံး မနက်ကနေ ညအထိ ဖေကြီးနဲ့ အချိန်ပေးဖြစ်တယ် အတူမနေဖြစ်ရင်တောင် message လေးနဲ့ပဲဖြစ်ဖြစ် ၊ ဖုန်း call လေးတစ်ခုနဲ့ပဲဖြစ်ဖြစ် ချစ်တယ် ဖေကြီး …
Read More »ဝင်ငွေရလမ်းတစ်ခုအနေနဲ့ ကလေးတွေကို မြန်မာအက သင်ပေးဖို့ ကြိုးစားနေတဲ့ ခြူးစစ်ဟန်
ခြူးစစ်ဟန်ကတော့ မြန်မာအိုင်ဒေါ Season-4 ရဲ့ဆန်ခါတင်ပြိုင်ပွဲဝင်တစ်ယောက်ဖြစ်တဲ့အပြင် Miss Face Of Beauty Myanmar Title ရရှိထားသူတစ်ယောက်လည်း ဖြစ်ပါတယ်။ အမျိုးသားယဉ်ကျေးမှု တက္ကသိုလ်ကျောင်းဆင်းတစ်ယောက်ပီပီ မြန်မာအက၊ အဆိုပညာရပ်တွေကို ပိုင်ပိုင်နိုင်နိုင်ကျွမ်းကျင်တတ်မြောက်ထားသူတစ်ယောက်ပါ။ လတ်တလောဖြစ်ပွားနေတဲ့ ကိုဗစ်ကပ်ရောဂါဆိုးကြောင့် မြန်မာအိုင်ဒေါအဆိုတော်တစ်ယောက်အနေနဲ့ အခွင့်အလမ်းတချို့ဆုံးရှုံးခဲ့ရတဲ့ ခြူးစစ်ဟန်ကတော့ သမာအာဇီဝကျကျရမယ့် ဝင်ငွေရလမ်းအချို့ကိုလည်း စဉ်းစားနေသူတစ်ယောက်ပါ။ အနုပညာကလွဲပြီး ဘာမှမလုပ်တတ်တဲ့ခြူးစစ်ဟန်ကတော့ မကြာသေးခင်ကမှ သူ့ရဲ့ကားနဲ့ ကြို၊ ပို့လုပ်ငန်းလေးကို လုပ်ကိုင်ခဲ့ပေမယ့်လည်း အကြောင်းအမျိုးမျိုးကြောင့် အဆင်မပြေခဲ့ပါဘူးတဲ့.. ဒါကြောင့်မို့ ဒီတစ်ခေါက်မှာတော့ အနုပညာအလုပ်နဲ့ပဲ အသက်မွေးလို့ရမယ့်နည်းလမ်းတစ်ခုအနေနဲ့ အနုပညာဝါသနာပါသူကလေးတွေအတွက် မြန်မာရိုးရာအက၊ Cat Walk လျှောက်နည်း၊ အဆိုပညာ၊ သရုပ်ဆောင်ပညာ စတာတွေကို သင်တန်းလေးဖွင့်ပြီး တတ်နိုင်သလောက် အကောင်းဆုံးကြိုးစားသင်ပေးသွားပါမယ်တဲ့ ပရိသတ်ကြီးရေ.. …
Read More »အဖေများနေ့မှာ ငယ်ငယ်ကတည်းက နုပျိုနေတဲ့ ဖေဖေဦးခင်လှိုင်အကြောင်းကို ပရိသတ်တွေကို ကြွားခဲ့တဲ့ သဇင်ထူးမြင့်
ဒီနေ့ ဇွန်လ (၂၁) ရက်နေ့ အဖေများနေ့မှာတော့ အနုပညာရှင် မင်းသားမင်းသမီး တွေ တော်တော်များများဟာ သူတို့ရဲ့ ဖခင်အတွက် အဖေများနေ့အမှတ်တရ စာလေးတွေ ရေးသားခဲ့ကြပါတယ် ။ အဖေတွေရဲ့ ဂုဏ်ကျေးဇူးတွေကို ဒီနေ့မှာ တခမ်းတနားရေးသားပြီး အဖေများနေ့အတွက်ဂုဏ်ပြုခဲ့ကြတာပါ ။ ဟာသ သရုပ်ဆောင် လူရွှင်တော် ဦးခင်လှိုင်ရဲ့ သမီးအငယ်ဆုံးလေးဖြစ်တဲ့ သဇင်ထူးမြင့်ကတော့ အဖေများနေ့မှာ Happy Father’s Day ဖေဖေကငယ်ငယ်ကအတိုင်း ခုထိနုပျိုနေတုန်းပဲ ဆိုတဲ့စာသားလေးနဲ့အတူ အသက်၄နှစ်ပြည့်မွေးနေ့က ဖေဖေဦးခင်လှိုင်နဲ့တွဲရိုက်ထားတဲ့ ပုံရယ် ဒုတိယပုံကတော့ ဖေဖေဦးခင်လှိုင်ရဲ့ပွဲဦးထွက်ရုပ်ရှင် ‘ချိုးရုပ်’Red carpet showနေ့ပုံလေးနဲ့အတူ ယှဉ်တွဲပြီး ပရိသတ်တွေကို ဖေဖေဘယ်လောက်နုပျိုကြောင်း ကြွားခဲ့တာပဲဖြစ်ပါတယ် ။ ဦးခင်လှိုင်ကတော့ သဲရဲ့ …
Read More »ဒီဇိုင်နာမျိုးမင်းစိုးနဲ့ ထက်ထက်တို့ ပထမဦးဆုံးအတူတူ သရုပ်ဆောင်ထားတဲ့ကြော်ငြာလေး
ဒီဇိုင်နာမျိုးမင်းစိုးနဲ့ ထက်ထက်တို့ကတော့ ဟိုးအရင်ကတည်းက ရင်းနှီးခဲ့သူတွေပီပီ မကြာခဏဆိုသလို တတွဲတွဲတွေ့မြင်ရသူတွေပါ။ ထက်ထက် မိုးကုတ်ပြန်တိုင်း Tik Tok လေးတွေ အတူတူဆော့ပြီး ပရိသတ်တွေကို မျှဝေလေ့ရှိတဲ့အပြင် သူငယ်ချင်းကောင်းတွေပီပီ ဒီဇိုင်နာမျိုးမင်းစိုးကတော့ လတ်တလော ထက်ထက်ရဲ့အဖေ ဆေးရုံတက်နေရတာကိုလည်း သွားရောက်အားပေးခဲ့ပါသေးတယ်။ ဒီဇိုင်နာမျိုးမင်းစိုးကတော့ အနုပညာရှင်တစ်ယောက်မဟုတ်ပေမယ့် မင်းသား၊မင်းသမီးတွေနဲ့ တွဲဖက်တွေ့မြင်ရလေ့ရှိတဲ့အပြင် အလှူအတန်းရက်ရောသူတစ်ယောက်မို့ ပရိသတ်တွေ လေးစားချစ်ခင်နေရသူလည်း ဖြစ်ပါတယ်။ ဒီနေ့မှာတော့ “ကျွန်တော်နဲ့ထက်ထက်မိုးဦးနဲ့ရိုက်ထားတဲ့ Lavie Myanmar Luxury ကြော်ငြာလေးပါ… သရုပ်တော့သိပ်မဆောင်တက်လို့ Designer တစ်ယောက်အနေနဲ့ပဲကြည့်ပေးပါနော်” ဆိုပြီး ကြော်ငြာလေးတစ်ခုကို မျှဝေခဲ့ပါတယ်။ ထက်ထက်နဲ့ ဒီဇိုင်နာမျိုးမင်းစိုးတို့ ရိုက်ကူးထားတဲ့ကြော်ငြာလေးကတော့ ထက်ထက်နာမည်ကျော်ကြားခဲ့တဲ့ ဟိုးအရင်တုန်းကအချိန်တွေကို ပြန်လည်သတိရစေမှာ အမှန်ပါပဲ… ကျွန်မကိုချစ်ရင်မောင်ကြီးရေ ဝယ်ပေးပါလား ဆိုတဲ့ကြော်ငြာလေးအတိုင်း …
Read More »အဖေများနေ့မှာဖခင်ဖြစ်သူအတွက်အချစ်ပိုသွားစေမယ့် စာလေးရေးသားခဲ့တဲ့ စိုးပြည့်သဇင်
ဒီနေ့ ဇွန်လ (၂၁) ရက်နေ့မှာကျရောက်တဲ့အဖေများနေ့အတွက် လူမှုကွန်ရက်စာမျက်နှာတွေထက်မှာ ဖခင်တွေကို ဂုဏ်ပြုတဲ့ စာသားလေးတွေ တော်တော်များများရေးသားကြတာတွေ့ရပါတယ် ။ အနုပညာရှင်တွေကလည်း သူတို့ရဲ့ ဖခင်တွေအတွက် ချစ်ခြင်းမေတ္တာတွေကို ပြသခဲ့ကြပါတယ် ။ မင်းသမီးချောလေး စိုးပြည့်သဇင်ကတော့ ဖခင်ဖြစ်သူအတွက် ” ဖေဖေ သမီးတို့မိသားစုရှေ့မှာတံတိုင်းကြီးတစ်ခုလိုမားမားမတ်မတ်ရှိနေပေးတဲ့ဖေဖေ….မိသားစုကိုချစ်မြတ်နိုးတဲ့ဖေဖေ….တန်ဖိုးထားတဲ့ဖေဖေ….အမြဲကာကွယ်စောင့်ရှောက်ပေးတဲ့ဖေဖေ……မေမေ့အပေါ်မှာလည်းသစ္စာတရားကြီးပြီး…သားသမီးတွေအပေါ်တာဝန်အရမ်းကျေတဲ့ဖေကြီး….သမီးတို့ကိုဒီဘဝအတွက်တင်မက…သံသရာအတွက်ပါလမ်းပြသွန်သင်ပေးတဲ့ဖေဖေ….အမြဲချစ်ပြီး..အမြဲကျေးဇူးတင်ပါတယ်ဖေဖေ…..ဖေဖေကျန်းမာပါစေ…စိတ်ချမ်းသာပါစေ…သမီးတို့နဲ့အတူသက်ရှည်ကျန်းမာစိတ်ချမ်းသာစွာနဲ့…ဖေဖေလိုချင်တဲ့တရားထူးတရားမြတ်တွေရရှိပါစေ…. ” ဆိုတဲ့စာသားလေးနဲ့အတူ ဂုဏ်ပြုစာလေးရေးသားခဲ့တာဖြစ်ပါတယ် ။ ဖခင်ဖြစ်သူအတွက် ကျေးဇူးတင်စကားတွေနဲ့အတူ ဖေဖေနဲ့ငယ်ငယ်က အမှတ်တရပုံလေးတွေကိုလည်း ပရိသတ်တွေကို ပြန်လည်မျှဝေပေးခဲ့ပါသေးတယ် ။ အဖေများနေ့မှာ ကမ္ဘာပေါ်မှာရှိသမျှ အဖေတွေအားလုံး ပျော်ရွှင်ပါစေလို့ Cele Gabarကလည်း ဆုမွန်ကောင်းတောင်းပေးလိုက်ပါတယ်နော် ။ Source : Soe Pyae Thazin Emily(Cele Gabar)
Read More »အဖေများနေ့မှာ ဖခင်အချစ်ပိုရအောင် အမှတ်တရစကားလေးဆိုလိုက်တဲ့ မိုးဟေကို
ပရိသတ်ကြီးရေ ဒီနေ့ ဇွန်လ (၂၁)ရက်နေ့လေးကတော့ အဖေများနေ့ကျရောက်တဲ့ နေ့ထူးနေ့မြတ်လေးပဲဖြစ်ပါတယ်။ဒီနေ့အဖေများနေ့မှာ ပရိသတ်တွေရဲ့ အချစ်တော် သရုပ်ဆောင်မင်းသမီးချော မိုးဟေကိုကလည်း သူ့ရဲ့ ဖခင်ဖြစ်သူအတွက် ဖခင်အချစ်ပိုရလောက်အောင် အဖေများနေ့အမှတ်တရစကားလေးကို သူ့ရဲ့လူမှုကွန်ရက်စာမျက်နှာကနေဖော်ပြလာခဲ့ပါတယ်။ “အဖေ.. မိသားစုတစ်စုလုံးရဲ့ ဦးဆောင်သူ၊ ရှာဖွေကျွေးမွေးစောင့်ရှောက်ခဲ့သူ အဖေ..ဒီနေ့ဒီအချိန်အထိ မမောမပန်းမငြိုမငြင်ဘဲ လုပ်ကျွေးတာဝန်ကျေခဲ့သူ အဖေ…မိသားစုနဲ့အတူ အဆိုးအကောင်းတွေကို မျှဝေရင်ဆိုင်ခွန်အားပေးရင်း၊ အနားမှာ ကျန်းမာစွာရှိနေပေးတဲ့အတွက် ပြုစုစောင့်ရှောက်ခွင့်ပေးတဲ့အတွက် ပျော်ရွှင်ကြည်နူးမိပါတယ်။ မိဘဆိုတာ သားသမီးတွေအတွက်ဆို အမြဲအဖြည့်ခံသူတွေပါ။ သားသမီးတွေကို သူတို့ဘဝနဲ့ရင်းပြီး “ပိုး”မွေးသလို ပြုစုစောင့်ရှောက်ခဲ့သလို အမြင့်ဆုံးကိုပျံနိုင်အောင် တောင်ပံတပ်ပေးတဲ့ ပဲ့ကိုင်ရှင်တွေပါ။” ဆိုပြီး အဖေများနေ့အတွက် ဖခင်တွေအားလုံးရဲ့ ဂုဏ်ကျေးဇူးကိုလည်း ဖော်ညွှန်းထားခဲ့ပါသေးတယ်။ Celegabar ပရိသတ်ကြီးရေ မိုးဟေကိုက သူ့အတွက်တော့ အမေများနေ့ အဖေများနေ့ဆိုတာ …
Read More »မိခင်အတွက် ရည်စူးပြီးလှူဒါန်းပေးခဲ့တဲ့ ဘုရားရင်ပြင်တော်လေး ပြီးစီးသွားပြီဖြစ်ကြောင်း မျှဝေခဲ့တဲ့ တက္ကသိုလ်ဂွမ်းပုံ
လွန်ခဲ့တဲ့ရက်ပိုင်းက တက္ကသိုလ်ဂွမ်းပုံရဲ့မိခင်ဖြစ်သူ ဆုံးပါးသွားခဲ့တာ ပရိသတ်တွေလည်း သိရှိပြီးဖြစ်မှာပါ။ ပရိသတ်တွေ ရယ်မောပျော်ရွှင်ဖို့ ကိုယ်တတ်ကျွမ်းတဲ့ဟာသပညာနဲ့ အမြဲဖျော်ဖြေပေးနေသူဂွမ်းပုံအတွက် ဒီကာလတွေကတော့ မရယ်နိုင်တဲ့ကာလတွေ ဖြစ်နေမှာအမှန်ပါပဲ။ သူကတော့ မိခင်အတွက်ရည်စူးပြီး ရန်ကုန်မှာလည်း အလှူအတန်းတွေလုပ်ပေးခဲ့တဲ့အပြင် မိခင်ဖြစ်သူရဲ့မွေးရပ်မြေရွာလေးမှာပါ တခုခုလုပ်ပေးနိုင်ဖို့ စီစဉ်ခဲ့ပါတယ်။ မိခင်ဖြစ်သူရဲ့ တစ်လပြည့်အမှီ ရွာဦးကျောင်းစေတီမှာ ရင်ပြင်ခင်းဖို့ လှူဒါန်းပေးခဲ့ပြီး ဒီနေ့မှာတော့ ပြီးစီးသွားပြီဖြစ်တဲ့ ရင်ပြင်တော်အလှူလေးကို မျှဝေပေးခဲ့ပါတယ်။ လာမယ့် ဇွန်လ(၂၄) ရက်နေ့မှာတော့ မိခင်ရဲ့မွေးရပ်မြေဖြစ်တဲ့ ရခိုင်ပြည်နယ်၊ ပုန်းညက်ရွာလေးမှာ တစ်လပြည့်ဆွမ်းကျွေးဖို့နဲ့ ရင်ပြင်တော်အလှူလေးအတွက် တက္ကသိုလ်ဂွမ်းပုံကတော့ ရောက်ရှိနေပြီဖြစ်ပါတယ်။ တက္ကသိုလ်ဂွမ်းပုံကတော့ မိခင်ဖြစ်သူအတွက် ကောင်းမှုကုသိုလ်တွေလုပ်ပေးရင်း အကောင်းဆုံးနလန်ပြန်ထူနိုင်ဖို့ ကြိုးစားနေတယ်လို့ ဆိုရမှာပါ။ မေမေ့အတွက် ကုသိုလ်ကောင်းမှုတွေလုပ်ပေးရင်း သေသောသူကြာရင်မေ့ ဆိုသလို မိခင်ကိုသတိရစိတ်တွေ မြန်မြန်မေ့ဖျောက်နိုင်ပါစေလို့ …
Read More »ကွယ်လွန်သူမင်းသွေးကို ရည်စူးပြီး မိသားစုမှရခိုင်စစ်ရှောင်ပြည်သူတွေကို လှူဒါန်း
ပရိသတ်အချစ်တော်သရုပ်ဆောင်မင်းသွေးကတော့ ကွယ်လွန်သွားတာတစ်နှစ်ကျော်ခဲ့ပါပြီ။ မိသားစုကတော့ သတိတရနဲ့ကောင်းမှုကုသိုလ်တွေရည်စူးပြီးလုပ်ပေးနေတာလည်း ဖြစ်ပါတယ်။ဒီနေ့သူ့ရဲ့မွေးနေ့မှာ မင်းသွေးအတွက်ရည်စူးပြီးလုပ်ပေးခဲ့တဲ့ အလှူတစ်ခုကိုတော့ အစ်ကိုအရင်းဖြစ်သူ နေတိုးကသူ့ရဲ့ဖေ့ဘွတ်ကနေပြန်လည်မျှဝေခဲ့ပါတယ်။ အဲ့ဒီအကြောင်းကိုတော့ နေတိုးရဲ့ဖေ့ဘွတ်ခ်မှာ “ဒီနေ့ ကွယ်လွန်သူ – သရုပ်ဆောင်- မင်းသွေး (ခ) နေမင်းအောင် ခေါ် ညီလေးငယ်အားရည်စူး၍ဆွမ်းဆက်ကပ် ပြီးတော့ ရခိုင်စစ်ရှောင်ပြည်သူများအတွက် တည်အိမ်(၁၅)လုံးကို အလိုတော်ပြည့်ဆရာတော်ကြီးအား ဦးထိပ်ထားလျက် ရန်ကုန်မြို့ အလိုတော်ပြည့်ကျောင်းတိုက်သို့လှူဒါန်းခဲ့ပါတယ်။ ပရိသတ်များအားလုံးကုသိုလ်အမျှရကြပါစေခင်ဗျာ” ဆိုပြီးတော့ ပုံများနဲ့တကွ ပြန်လည်မျှဝေခဲ့တာပါ။ မင်းသွေးကတော့ဆုံးပါးသွားခဲ့ပြီဖြစ်ပေမဲ့ ကျန်ရှိခဲ့တဲ့ သူ့ရဲ့အနုပညာဖန်တီးမှုတွေနဲ့အတူ ပရိသတ်တွေကသတိရနေဆဲလည်း ဖြစ်ပါတယ်။ ကောင်းရာဘုံဘဝမှာပျော်ရွှင်နေနိုင်ပါစေ မင်းသွေးရေ…. Souce : NayToe
Read More »