အလှူရေစက်လက်နဲ့မကွာဆိုသလို နေ့တိုင်းနီးပါး အလှူမလုပ်တဲ့ရက်မရှိလောက်အောင် ကုသိုလ်ပြုနေသူတွေကတော့ စည်ဖြိုးတို့မိသားစုလေးပါ။ မေတ္တာဓာတ်ကြီးမားလွန်းတဲ့မိခင်ဒေါ်သီသီဝင်းနဲ့အတူ နောက်ကနေ ကူညီအားဖြည့်ပေးတတ်လွန်းတဲ့မိသားစုဝင်တွေကြောင့်လည်း စည်ဖြိုးတို့မိသားစုလေးကတော့ အလှူအတန်းရက်ရောတဲ့မိသားစုလေးအဖြစ် ပရိသတ်တွေလေးစားချစ်ခင်နေကြရတာ ဖြစ်ပါတယ်။ မနေ့ကတော့ ကျိုက်မရောဆရာတော်ဘုရားကြီးရဲ့ကျောင်းမှာ နဂါးရုပ်ထုအလှူအပြင် ဝတ္ထုငွေတွေပါ ဆက်ကပ်လှူဒါန်းခဲ့ပြီး ဘုန်ကြီးကျောင်းဝင်းထဲက လူအချို့ကိုပါ တတ်နိုင်သလောက် […]

အိန္ဒြာကျော်ဇင်ကတော့ မြန်မာနိုင်ငံရဲ့ထိပ်တန်းမင်းသမီးတစ်လက်အဖြစ်လျှမ်းလျှမ်းတောက်အောင်မြင်နေသလို သာယာပျော်ရွှင်တဲ့မိသားစုဘဝလေးကိုပိုင်ဆိုင်ထားသူပါ။ အခုဆိုရင် သားသားမီးမီးတွေရဲ့မိခင်တစ်ယောက်အဖြစ်လည်းတာဝန်ကျေသလို အပျိုရှုံးအောင်လှတဲ့သူတစ်ယောက်ဖြစ်တာကြောင့် အများကအားကျတဲ့ဘဝကိုလည်းပိုင်ဆိုင်ထားသူပါ။ အိန္ဒြာကျော်ဇင်ကတော့ ဒီနေ့လိုအဖေများနေ့မှာ ဖခင်ဖြစ်သူကို သတိတရနဲ့ဂုဏ်ပြုခဲ့ပါတယ်။ သူ့ရဲ့ဖေ့ဘွတ်ခ်မှာတော့ “ကျွန်မ၏ တန်ဖိုးမဖြတ်နိုင်သော ဖေဖေ နှင့် ကျွန်မ၏ တန်ဖိုးရှိသော ခင်ပွန်း တို့အတွက် […]

ရခိုင်တိုင်းရင်းသားလေးတစ်ယောက်ဖြစ်တဲ့မင်းသွေးတစ်ယောက် လွန်ခဲ့တဲ့ (၂၀၁၈) ခုနှစ် အောက်တိုဘာလမှာ ဆုံးပါးသွားခဲ့တာကိုတော့ ပရိသတ်တွေလည်း မှတ်မှတ်ထင်ထင်ဖြစ်ခဲ့ကြမှာပါ။ အောင်မြင်မှုလမ်းကြောင်းပေါ်လျှောက်လှမ်းနေသူတစ်ယောက်ဖြစ်တဲ့အပြင် စိတ်ထားကောင်းသူတစ်ယောက်မို့ ပရိသတ်တွေသာမက ရုပ်ရှင်အသိုင်းအဝိုင်းက လူတွေပါ မင်းသွေရဲ့သေဆုံးမှုကို ယူကြုံးမရဖြစ်ခဲ့ရတယ်လို့ ဆိုရမှာပါ။ အဲ့ဒီထဲမှာတော့ မင်းသွေးနဲ့အမြဲအနီးကပ်ရှိနေခဲ့တဲ့ သားညီကတော့ မင်းသွေးနဲ့အမှတ်တရတွေကို […]

ပရိသတ်တွေရဲ့ အချစ်တော် သရုပ်ဆောင် မင်းသားချော ခန့်စည်သူကတော့ ဒီနေ့ ဇွန်လ (၂၁)ရက်နေ့မှာ ဇီဝိတဒါနကုသိုလ်လေးတစ်ခုက်ု ထပ်မံပြုလုပ်ခဲ့ပြန်ပါတယ်။ ခန့်စည်သူက အလှူအတန်းတွေကို အလှူရေစက်လက်နဲ့မကွာဆိုသလို လှူဒါန်းနေခဲ့တဲ့ သူတစ်ယောက်ဖြစ်ပြီး အမြဲတမ်းလိုလို သူ့ရဲ့ကောင်းမှုတွေကို ပရိသတ်တွေသာဓုခေါ်ဆိုလို့ရအောင်မျှဝေပေးလေ့ရှိပါတယ်။ ဒီနေ့ဇွန်လ (၂၁)ရက်နေ့မှာလည်း […]