International Cele
Propofol အသုံးပြုခဲ့တယ်ဆိုတဲ့ ဆေးစစ်ချက်ထွက်လာတဲ့ မင်းသား Yoo Ah In
ရုပ်ရှင်မင်းသား Yoo Ah In ကိုတော့ ရုပ်ရှင်၊ ဒရမ်မာတွေနဲ့အတူ ပရိသတ်တွေ သိကြမှာပါ။ သူကတော့ propofol ကိုအသုံးပြုမှုကြောင့် မကြာသေးခင်ကစစ်ဆေးခံခဲ့ရတာဖြစ်ပါတယ်။ မင်းသားဟာ စုံစမ်းစစ်ဆေးဆဲကာလမှာ ဆေးခြောက်အသုံးပြုခြင်းရှိတယ်ဆိုပြီးလည်း စစ်ဆေးချက်ထွက်ခဲ့ပါတယ်။ အခုဆိုရင်တော့ propofol ကိုလည်းအသုံးပြုထားတယ်လို့ စစ်ဆေးချက်ထွက်လာတာပါ။ ဖေဖော်ဝါရီ (၅) ရက်နေ့က Yoo Ah In ရဲ့ဆံပင်ကိုယူခဲ့ပြီးစစ်ဆေးခဲ့ရာ ဖေဖော်ဝါရီ(၂၄)ရက်နေ့မှာတော့ အမျိုးသားမှုခင်းဌာနက propofol ကိုအသုံးပြုခြင်းရှိကြောင်း အတည်ပြုခဲ့ပါတယ်။ မင်းသားဟာစတင်စုံစမ်းစစ်ဆေးခံရချိန်မှာ ဆီးစစ်ခဲ့ပြီး ဆေးခြောက်အသုံးပြုခဲ့တယ်ဆိုတဲ့ စစ်ဆေးချက်ထွက်လာတာပါ။ နောက်ထပ်လည်း သက်သေအသစ်တွေအတွက် မင်းသားကိုထပ်မံစုံစမ်းစစ်ဆေးဖို့ရှိတယ်လို့လည်း သိရပါတယ်။ မင်းသားရဲ့အေဂျင်စီကတော့ “စုံစမ်းစစ်ဆေးမှုကိုတက်ကြွစွာပါဝင်နေပါတယ်။ မေးခွန်းတွေအတွက်လည်း ရှင်းပြဖို့အတွက်စီစဉ်ထားတယ်လို့ ” ဆိုပါတယ်။ Zawgyi ဖြင့်ဖတ်ရန် Propofol …
Read More »
နာမည်ကျော်ဆယ်လီစုံတွဲရဲ့လက်ထပ်ပွဲမှာ MC လုပ်မယ့် Yoo Jae Suk နဲ့ ဂုဏ်ပြုသီချင်းသီဆိုတဲ့ Lee Juk
ပရိသတ်တွေချစ်နဲ့အနုပညာရှင်နှစ်ဦးဖြစ်တဲ့ Lee Seung Gi နဲ့ Lee Da Inတို့ကတော့ မကြာခင်မှာလက်ထပ်ပွဲကျင်းပတော့မှာလည်း ဖြစ်ပါတယ်။ ဒီအနုပညာရှင်စုံတွဲရဲ့မင်္ဂလာပွဲကတော့ ဧပြီလမှာခမ်းခမ်းနားနားကျင်းပမယ့်ပုံပါပဲ။ သတင်းတွေအရ နာမည်ကျော် တစ်ယောက်ဖြစ်တဲ့ Yoo Jae Suk က MC တစ်ယောက်အဖြစ်ဆောင်ရွက်မှာဖြစ်ပြီး ဧပြီလ(၇)ရက်နေ့မှာမင်္ဂလာပွဲကျင်းပမှာဖြစ်တယ်လို့ သိရပါတယ်။ Lee Seung Gi နဲ့ Yoo Jae Suk တို့ကတော့ ပရိုဂရမ်များစွာမှာအလုပ်အတူဆောင်ရွက်ဖူးပါတယ်။ ဒီပွဲမှာဂုဏ်ပြုသီချင်းကိုတော့ တောင်ကိုရီးယားနိုင်ငံမှာနာမည်ကြီးတဲ့ မင်္ဂလာသီချင်းနဲ့အတူ အဆိုတော် Lee Juk ကသီဆိုပေးမှာဖြစ်ပါတယ်။ Lee Seung Gi နဲ့ Lee Da In တို့ကတော့ Grand Inter Continental …
Read More »
Island ဒရမ်မာရဲ့ ဇာတ်ညွှန်းကိုဖတ်ပြီး ညီဖြစ်သူကိုသတိရတာကြောင့် ငိုကြွေးခဲ့တဲ့ Cha Eun Woo
Read More »
ဒရမ်မာမှာပါဝင်ဖို့ Audition မှာကိုယ်တိုင်ရေးဆွဲတဲ့ပန်းချီကားကိုပြသခဲ့ရပြီး တစ်နေ့တည်းမှာပဲငိုကြွေးခဲ့ရတယ်ဆိုတဲ့ Kim Hieora
The Glory ဇာတ်လမ်းတွဲနာမည်ကြီးခဲ့သလို ပါဝင်သရုပ်ဆောင်ခဲ့တဲ့ Kim Hieora ဟာလည်း ပရိသတ်တွေစိတ်ဝင်စားခြင်းခံရတဲ့မင်းသမီးတစ်လက်ပါ။ သူကတော့ Allure Korea ဆိုတဲ့ဖက်ရှင်မဂ္ဂဇင်းနဲ့အတူ ရိုက်ကူးရေးတွေပြုလုပ်ပြီး အင်တာဗျူးလုပ်ခဲ့ပါတယ်။ သူကတော့ The Glory ဒရမ်မာအတွက် audition ဝင်ခဲ့တဲ့အကြောင်းကို “audition ဝင်ခဲ့တုန်းကဘယ်ဇာတ်ရုပ်မှာပါရမလဲဆိုတာမသိခဲ့ဘူး။ ဒါကြောင့်အကောင်းဆုံးကြိုးစားခဲ့တယ်ဒုတိယအကြိမ်ခေါ်တော့ ဝါသနာအရဆွဲထားတဲ့ပန်းချီကားတစ်ချပ်ရှိပြီး အဲ့ဒါကိုပြခဲ့တယ်။ အိမ်ပြန်သွားပြီးနောက်မှာတော့ ချက်ချင်းပြီးဇာတ်ညွှန်းကိုရရှိခဲ့တာပါ။ အရမ်းပျော်လို့ငိုကြွေးခဲ့ရတယ်” လို့ ဆိုပါတယ်။ ဒါရိုက်တာနဲ့စာရေးဆရာတို့ကြောင့်လည်း အရမ်းကိုအားတက်ခဲ့ရပြီး စာရေးဆရာမ Kim Eun Sook ကတော့ “မင်းဆီမှာငါတွေးခဲ့တဲ့အတိုင်း ဆာရာရဲ့မျက်လုံးတွေရှိနေတယ်” လို့ ဆိုခဲ့ပြီး ဒါရိုက်တာ Ahn Gil Ho ကတော့ “မင်းပုံစံအတိုင်းဖြစ်နေပါ။ မင်းကြိုက်သလို လုပ်ဆောင်ပါ” ဆိုပြီး …
Read More »
အရမ်းခင်တဲ့သူငယ်ချင်းတွေဖြစ်ပေမဲ့ ရိုက်ကွင်းမှာမတွေ့အောင်နေကြရတဲ့ Lee Sung Kyung နဲ့ Kim Young Kwang
Disney + ရဲ့ရုပ်သံစီးရီးတစ်ခုဖြစ်တဲ့ “Call It Love” ဒရမ်မာ ရဲ့ စာနယ်ဇင်းပွဲကို ဖေဖော်ဝါရီလ(၂၁)ရက်နေ့က ကျင်းပခဲ့ပါတယ်။ ဒီပွဲမှာတော့ ပါဝင်ကြတဲ့သရုပ်ဆောင်တွေဖြစ်တဲ့ Kim Young Kwang ၊ Lee Sung Kyung ၊ Sung Joon ၊ EXID အဖွဲ့ဝင် Hani နဲ့ Kim Ye Won တို့ တက်ရောက်ခဲ့ကြပါတယ်။ ဒီဇာတ်ကားထဲမှာတော့ သရုပ်ဆောင်တွေတစ်ယောက်နဲ့တစ်ယောက်အချိတ်အဆက်မိဖို့ ကြိုးစားခဲ့တာတွေနဲ့ပတ်သက်ပြီး ရှင်းပြခဲ့ပါတယ်။ အရမ်းခင်ကြတဲ့သူနှစ်ဦးဖြစ်တဲ့ Lee Sung Kyung နဲ့ Kim Young Kwang တို့ကတော့ ဇာတ်ရုပ်ကိုပီပြင်ဖို့အတွက် ရိုက်ကွင်းမှာတစ်ယောက်နဲ့တစ်ယောက် မတွေ့အောင်နေကြတယ်လို့ ဆိုပါတယ်။ …
Read More »
ကလေးမွေးဖွားပြီးနောက် ဒရမ်မာသစ်နဲ့ပရိသတ်ဆီပြန်လာတဲ့ Honey Lee
သရုပ်ဆောင်ထူးချွန်ပြီး စတိုင်ကျတဲ့မင်းသမီး Honey Lee ကိုတော့ ပရိသတ်တွေသိကြမှာပါ။ သူကတော့ ကလေးမွေးဖွားပြီးနောက် အနုပညာလှုပ်ရှားမှုတွေပြန်လည်စတင်ပြီပဲ ဖြစ်ပါတယ်။ မင်းသမီးကတော့ ကလေးမွေးဖွားပြီးနောက် Flowers that Bloom at Night ဒရမ်မာနဲ့အတူ ပရိသတ်တွေဆီပြန်လာတော့မှာပါ။ ဒီဒရမ်မာကတော့ မုဆိုးမအဖြစ် (၁၅) နှစ်ကြာနေထိုင်ခဲ့တဲ့အမျိုးသမီးနဲ့ လူတကာရဲ့နှစ်သက်သဘောကျခြင်းကိုခံရတဲ့အမျိုးသားလေးတို့နှစ်ဦးကြားက ဇာတ်လမ်းလေးတစ်ပုဒ်ဖြစ်ပါတယ်။ မင်းသမီး Honey Lee ကတော့ ကလေးမွေးဖွားပြီးနောက် ပထမဆုံးဒရမ်မာအနေနဲ့ “Flowers that Bloom at Night” ကိုရွေးချယ်ခဲ့တာဖြစ်ပြီး ပရိသတ်တွေကတော့ သမိုင်းကြောင်းနောက်ခံဇာတ်ကားကောင်းကိုမြင်တွေ့ရတော့မှာပါ။ ဒီဇာတ်လမ်းတွဲကတော့ My Love from the Star ၊ Tree with Deep Roots …
Read More »
တစ်ကိုယ်တော်သီချင်းသစ်အတွက် ရိုက်ကူးရေးတွေပြုလုပ်နေတဲ့ Jisoo
ဒီနေ့မှာတော့ Jisoo ကိုချစ်တဲ့ပရိသတ်တွေအတွက် ဝမ်းသာစရာသတင်းတစ်ခု ထွက်ရှိလာပါတယ်။ BLACKPINK အဖွဲ့ဝင်(၄)ဦးမှာ Jisoo ကလွဲပြီးကျန်တဲ့အဖွဲ့ဝင်တွေဟာ တစ်ကိုယ်တော်သီချင်းတွေထွက်ရှိထားပြီးဖြစ်တာကြောင့် ပရိသတ်တွေကတော့ Jisoo တစ်ယောက်တစ်ကိုယ်တော်သီချင်းထွက်လာဖို့မျှော်လင့်နေခဲ့ကြတာပါ။ YG Entertainment ကတော့ Jisoo အတွက်တစ်ကိုယ်တော်သီချင်းကို ပြည်ပမှာရိုက်ကူးနေတာဖြစ်ပြီး နေရာကိုတော့လျှို့ဝှက်ထားတယ်လို့ဆိုပါတယ်။ ဒါ့အပြင် BLACKPINK ရဲ့သီချင်းတွေထဲမှာ ကုန်ကျစရိတ်အများဆုံးဖြစ်လာမယ့် သီချင်းဗီဒီယိုလို့သိရပါတယ်။ ဒီလိုသတင်းထွက်ရှိလာပေမဲ့ YG ရဲ့အကသမား ၊ ဝန်ထမ်းတွေနဲ့ BLACKPINK ရဲ့ဒါရိုက်တာတို့ကတော့ အမေရိကန်လော့စ်အိန်ဂျလိစ့်ကိုရောက်ရှိနေကြောင်း မျှဝေခဲ့ကြပါသေးတယ်။ တစ်ကိုယ်တော်သီချင်းကတော့ ဘယ်အချိန်ထွက်ရှိလာမယ်ဆိုတာ အတိအကျမသိရသေးပါဘူး။ လက်ရှိမှာ World Tour လည်းရှိနေတဲ့ Jisoo ကတော့ တစ်ကိုယ်တော်သီချင်းအတွက်လည်း ကြိုးစားနေတာဖြစ်ပါတယ်။ သိပ်မကြာခင်မှာတော့ ပရိသတ်တွေမျှော်လင့်ထားသလိုတစ်ကိုယ်တော်သီချင်းက ထွက်ရှိလာတော့မှာပါနော်။ Zawgyi ဖြင့်ဖတ်ရန် …
Read More »
ဒရမ်မာသစ်မှာတွေ့ရမယ့် Gong Yoo နဲ့ Seo Hyun Jin
Gong Yoo နဲ့ Seo Hyun Jin တို့ဟာ သရုပ်ဆောင်ပိုင်နိုင်တဲ့ နာမည်ကျော်အနုပညာရှင်တွေလည်း ဖြစ်ပါတယ်။ သူတို့နှစ်ဦးကိုတော့ ဒရမ်မာဇာတ်လမ်းတွဲအသစ်နဲ့အတူ မကြာခင်မှာမြင်တွေ့ရနိုင်ဖွယ်ရှိပါတယ်။ Gong Yoo နဲ့ Seo Hyun Jin တို့ကတော့ Management SOOP ဆိုတဲ့ အေဂျင်စီတစ်ခုတည်းက အနုပညာရှင်တွေဖြစ်ပါတယ်။ သူတို့နှစ်ဦးဟာ Netflix ရဲ့ Trunk ဆိုတဲ့မယ်လိုဒရမ်မာမှာပါဝင်လာနိုင်ကြောင်း သတင်းတွေထွက်ရှိခဲ့ပါတယ်။ ဒါနဲ့ပတ်သက်ပြီး “Gong Yoo နဲ့ Seo Hyun Jin တို့နှစ်ဦးကတော့ Trunk မှာပါဝင်ဖို့ကမ်းလှမ်းခံထားရပြီး ဒါနဲ့ပတ်သက်လို့အပြုသဘောဆောင်သုံးသပ်နေဆဲဖြစ်ပါတယ်” လို့ ဆိုပါတယ်။ Trunk ကတော့ အိမ်ထောင်ဖက်စီစဉ်ပေးတဲ့ လက်ထပ်ခြင်းဝန်ဆောင်မှုအေဂျင်စီ NM အကြောင်းကို …
Read More »
ဆံပင်စတိုင်အသစ်နဲ့ အံ့သြလောက်စရာလှပနေတဲ့ မင်းသမီးချော Suzy
Suzy ကတော့ နာမည်ကျော်နဲ့မင်းသမီးတစ်ယောက်အနေနဲ့ လူသိများတဲ့သူတစ်ယောက်ပါ။ သူကတော့ ဒရမ်မာဇာတ်လမ်းတွဲများစွာမှာပါဝင်ဖူးပြီး သရုပ်ဆောင်ပိုင်းမှာအသိအမှတ်ပြုခံထားရရုံတင်မက အလှအပကြောင့်လည်း နာမည်ကြီးတဲ့ဆယ်လီတစ်ယောက် ဖြစ်ပါတယ်။ Suzy ကတော့ နာမည်ကျော်အမှတ်တံဆိပ်ဖြစ်တဲ့ Guess နဲ့အတူ ရိုက်ကူးထားတဲ့ပုံရိပ်များထွက်ပေါ်လာခဲ့ပါတယ်။ မင်းသမီးကတော့ 2023 Spring/ Summer Collection မှာပါဝင်ထားပြီး ဖက်ရှင်ကျကျလှနေခဲ့ပါတယ်။ ဒီအမှတ်တံဆိပ်ရဲ့ ပရိုမိုးရှင်းဗီဒီယိုထဲမှာတော့ ဆံပင်စတိုင်အသစ်နဲ့ဖြစ်ပြီး မြင်နေကျပုံစံနဲ့အတူဘဲလှပနေခဲ့တာပါ။ Suzy ကတော့ Hime ဆံပင်စတိုင်ကိုပြောင်းလဲထားပြီး အရင်ကထက်ပိုလှနေတာကြောင့် ပရိသတ်တွေရဲ့ကောင်းမွန်တဲ့မှတ်ချက်များစွာရရှိနေတာလည်း ဖြစ်ပါတယ်။ နာမည်ကျော်အမှတ်တံဆိပ်နဲ့အတူ လှပနေတဲ့မင်းသမီးကတော့ ဆံပင်စတိုင်အသစ်ကြောင့် လူပြောများနေပြန်တာလည်း ဖြစ်ပါတယ်။ Zawgyi ဖြင့်ဖတ်ရန် ဆံပင်စတိုင်အသစ်နဲ့ အံ့သြလောက်စရာလှပနေတဲ့ မင်းသမီးချော Suzy Suzy ကတော့ နာမည်ကျော်နဲ့မင်းသမီးတစ်ယောက်အနေနဲ့ လူသိများတဲ့သူတစ်ယောက်ပါ။ သူကတော့ …
Read More »
Pachinko 2 ရိုက်ကူးဖို့အတွက် ကနေဒါကိုထွက်ခွာသွားခဲ့တဲ့ မင်းသား Lee Min Ho
Apple TV+ ကနေပြီးတော့ထွက်ရှိလာမယ့် Pachinko 2 ကိုရိုက်ကူးဖို့အတွက် Lee Min Ho ကတော့ ခြေလှမ်းတွေစတင်ခဲ့ပြီ ဖြစ်ပါတယ်။ Lee Min Ho ကတော့ အင်ချွန်းနိုင်ငံတကာလေဆိပ်ကနေပြီး ဖေဖော်ဝါရီလ(၁၇)ရက်နေ့က မီဒီယာတွေနဲ့ပရိသတ်တွေကို နှုတ်ဆက်ခဲ့တာ ဖြစ်ပါတယ်။ စတိုင်ကျတဲ့မင်းသားချောကတော့ ဒီတစ်ခေက် လေဆိပ်ဖက်ရှင်ကို အနက်ရောင်ကိုရွေးချယ်ထားတာလည်း ဖြစ်ပါတယ်။မင်းသားကတော့ နာမည်ကျော်ဇာတ်လမ်းတွဲတစ်ခုဖြစ်တဲ့ Pachinko ကိုရိုက်ကူးဖို့အတွက် ကနေဒါနိုင်ငံကို ထွက်ခွာသွားခဲ့တာလည်း ဖြစ်ပါတယ်။ Lee Min Ho ပါဝင်ထားတဲ့ Pachinko ဇာတ်လမ်းတွဲ Part 1 မှာတော့ ဆွန်းဂျာရဲ့အမျိုးသားဖြစ်သူဟာ ဂျပန်အာဏာပိုင်တွေရဲ့ဖမ်းဆီခြင်းကိုခံလိုက်ရပြီး ဆွန်းဂျာကတော့ကင်မ်ချီဆိုင်ကို ဦးစီးလုပ်ကိုင်ဖို့ဆုံးဖြတ်ခဲ့တာလည်း ဖြစ်ပါတယ်။ နောက်လာမယ့် Part 2 မှာတော့ …
Read More »
x