ရုပ်ရှင်ဇာတ်ကားသစ်ဖြစ်တဲ့ Harbin မှာ Hyun Bin နဲ့ Jeon Yeo Bin တို့အပြင် Lee Dong Wook လည်း ပါဝင်လာမှာဖြစ်ပါတယ်။ သူ့ရဲ့အေဂျင်စီကနေပြီးတော့ သီးသန့်မီဒီယာတစ်ခုကို Lee Dong Wook ဟာ Harbin ဆိုတဲ့ရုပ်ရှင်မှာပါဝင်လာမှာဖြစ်ပြီး ဇာတ်ကောင်နဲ့ပတ်သက်ပြီးအသေးစိတ်ကိုတော့လက်ရှိမှာပြောပြဖို့ခက်နေသေးတယ် လို့ ဆိုပါတယ်။ ဒီဇာတ်ကားမှာတော့ Lee Dong Wook အပြင် Hyun Bin ၊ Jeon Yeo Bin ၊ Park Jung Min ၊ Cho Woo Jin ၊ Park Hoon နဲ့ Yoo …
Read More »ကြည်နူးစရာမင်္ဂလာပွဲပုံရိပ်တွေကိုမျှဝေခဲ့တဲ့ မင်းသမီး Hwang Bo Ra
ဒရမ်မာဇာတ်လမ်းတွဲတွေနဲ့အတူ ပရိသတ်တွေချစ်ကြတဲ့မင်းသမီးတွေထဲမှာတော့ Hwang Bo Ra လည်း ပါဝင်ပါတယ်။ သူကတော့ ကာလကြည်ရှည်တွဲခဲ့တဲ့ချစ်သူ Kim Young Hoonနဲ့ နိုဝင်ဘာလ (၆) ရက်နေ့မှာလက်ထပ်ခဲ့တာ ဖြစ်ပါတယ်။ သူ့ရဲ့ခင်ပွန်းဖြစ်တဲ့ Kim Young Hoon ကတော့ မင်းသား Ha Jung Woo ရဲ့ညီဖြစ်ပြီး Walkhouse Company ရဲ့စီအီးအိုအဖြစ်နဲ့သိကြပါတယ်။ မင်းသမီးကတော့ သူ့ရဲ့မင်္ဂလာပွဲပုံရိပ်တွေကို ဒီနေ့မှာတော့အင်စတာဂရမ်ကနေဖော်ပြခဲ့တာပဲ ဖြစ်ပါတယ်။ မင်္ဂလာဝတ်စုံလေးကိုဝတ်ဆင်ထားကာ ပန်းစည်းလေးကိုကိုင်ပြီးပြုံးရွှင်ရယ်မောနေတဲ့ Hwang Bo Ra ရဲ့ပုံရိပ်နဲ့ နှစ်ဦးသားကြည်နူးစွာကြည့်နေကြတဲ့မင်္ဂလာပွဲပုံရိပ်လေးတွေကတော့ ပရိသတ်တွေကိုလည်း ကြည်နူးမှုတွေ ကူးစက်စေပါတယ်။ Hwang Bo Ra နဲ့ Kim Young Hoon …
Read More »Alchemy Of Souls 2 မှာ လျို့ဝှက်ဆန်းကြယ်တဲ့အမျိုးသမီးတစ်ဦးအဖြစ်နဲ့တွေ့ရတဲ့ Go Yoon Jung
tvN ကထုတ်လွှင့်ပြသတော့မယ့် Alchemy Of Souls 2 ရဲ့ပုံရိပ်တွေကတော့ ထွက်ရှိလာပြီပဲဖြစ်ပါတယ်။ Season 1 ကိုပြသချိန်တုန်းကတော့ မင်းသမီး Jeon So Minက အဓိကဇာတ်ဆောင်အဖြစ်ပါဝင်ခဲ့တာဖြစ်ပြီး Season 2 မှာတော့ နာ့ဆူအဖြစ်ပါဝင်ထားတဲ့မင်းသမီး Go Yoon Jung ကို အဓိကဇာတ်ဆောင်အဖြစ်နဲ့မြင်ရမှာပါ။ Alchemy of Souls ကတော့ စိတ်ကူးယဉ်အချစ်ဒရမ်မာဇာတ်လမ်းတွဲလေးဖြစ်ပြီးတော့ အမှန်တကယ်မရှိတဲ့ Daeho ဆိုတဲ့နိုင်ငံကို အခြေခံပြီးရိုက်ကူးထားတာလည်း ဖြစ်ပါတယ်။ ဒီဒရမ်မာမှာတော့ လူတွေရဲ့စိတ်ဝိညာဉ်ကိုအကူးအပြောင်းဖြစ်စေတဲ့မှော်ပညာကြောင့် ကံတရားတွေအပြောင်းအလဲဖြစ်လာတဲ့အကြောင်းကိုရိုက်ကူးထားတဲ့ ဒရမ်မာဖြစ်ပါတယ်။ Alchemy Of Souls ရဲ့ Season 1 ကိုပရိသတ်တွေကြိုက်နှစ်သက်ခဲ့တာဖြစ်ပြီး Season 2 ကိုလည်း မျှော်လင့်နေကြတာ …
Read More »Jeong Nyeon ဆိုတဲ့ webtoon ကိုပြန်လည်ရိုက်ကူးမယ့်ဒရမ်မာသစ်မှာပါဝင်လာမယ့် Kim Tae Ri
သရုပ်ဆောင်ကောင်းပြီး ဟိတ်ဟန်မရှိပေါ့ပေါ့ပါးပါးနေတတ်တဲ့စရိုက်လေးကြောင့် ပရိသတ်တွေချစ်ခင်ရတဲ့မင်းသမီးချောလေးကတော့ Kim Tae Ri ပါ။ သူကတော့ ဇာတ်ကားတွေဆက်တိုက်ဆိုသလို ရိုက်ကူးနေတာလည်း ဖြစ်ပါတယ်။ အခုလည်း Jeong Nyeon ဆိုတဲ့ နာမည်ကျော် Webtoon ကိုပြန်လည်ရိုက်ကူးမယ့်ဒရမ်မာဇာတ်လမ်းမှာ ပါဝင်သွားမှာ ဖြစ်တယ်လို့ သိရပါတယ်။ ဇာတ်ညွှန်းရေးဆရာမ Kim Eun Hee ရဲ့ ဒရမ်မာဖြစ်တဲ့ SBS ဒရမ်မာ Devil မှာပါဝင်ပြီးတဲ့နောက် (၂၀၂၃)ခုနှစ်မှာထွက်ရှိလာမယ့် Jeong Nyeon ဆိုတဲ့ဒရမ်မာမှာပါဝင်မယ်လို့ သတင်းတွေထွက်ရှိလာတာပါ။ ဒီဇာတ်လမ်းကတော့ (၁၉၅၀) ခုနှစ်ကိုအခြေခံထားပြီး ပညာရေးကိုမသင်ယူခဲ့ရဘဲကြီးပြင်းလာပေမဲ့ အောင်မြင်ကျော်ပြားပြီး ချမ်းသာချင်တဲ့စိတ်ထက်သန်နေတဲ့ Yoon Jeong Nyeon ဆိုတဲ့အမျိုးသမီးလေး အကြောင်းကို ရိုက်ကူးထားတာပါ။ ဒီဇာတ်ကားမှာပါဝင်လာမယ့် အခြားသောသရုပ်ဆောင်တွေကိုရွေးချယ်ပြီး …
Read More »မင်းသားချော Lee Min Ho နဲ့ဒိတ်နေတယ်ဆိုတဲ့သတင်းနဲ့ပတ်သက်ပြီး ကိုယ်တိုင်ထုတ်ဖော်ပြောဆိုခဲ့တဲ့ Yeon Woo
တက်သစ်စမင်းသမီးချောလေး Yeon Woo ကတော့ မင်းသားချော Lee Min Ho နဲ့တွဲနေတယ်ဆိုတဲ့သတင်းတွေကထွက်ရှိတာကြာခဲ့ပါပြီ။ မကြာသေးခင်ကအင်တာဗျူးတစ်ခုမှာတော့ မင်းသမီးဟာဒီသတင်းနဲ့ပတ်သက်ပြီး ထုတ်ဖော်ပြောဆိုခဲ့ပါတယ်။ မင်းသမီး Yeon Woo ကိုတော့ Golden Spoon ဒရမ်မာမှာ Oh Yeo Jin ဆိုတဲ့ဇာတ်ရုပ်နဲ့တွေ့ခဲ့ရမှာပါ။ သူကတော့ အပြင်လောကမှာဇာတ်ရုပ်ထက်တောင်မှပိုချစ်စရာကောင်းနေပြီး PUBG၊ League of Legends နဲ့ Overwatch လို ဂိမ်းတွေကိုဆော့ရတာကို ကြိုက်တာလည်း ဖြစ်ပါတယ်။ ဂိမ်းဆော့တာကြောင့်ပဲ မမျှော်လင့်ဘဲ နာမည်ကြီးမင်းသားချော Lee Min Ho နဲ့ တွဲနေတယ်ဆိုတဲ့ကောလာဟလတွေထွက်ရှိခဲ့တာဖြစ်ပြီး သူတို့နှစ်ဦးကတော့ ဂိမ်းအတူဆော့ကြတာကြောင့်ရင်းနှီးတယ်လို့ ပြောခဲ့ပါတယ်။ (၂၀၂၁)ခုနှစ်သြဂုတ်လမှာတော့ Dispatch မီဒီယာကနေပြီး သူတို့နှစ်ဦးရဲ့ပုံတွေနဲ့အတူ …
Read More »Shin Hye Sun နဲ့ Ahn Bo Hyun တို့ကိုအဓိကဇာတ်ဆောင်အဖြစ်တွေ့ရမယ့် ဒရမ်မာသစ်
သရုပ်ဆောင်ရာမှာပီပြင်ကောင်းမွန်တယ်လို့နာမည်ကြီးတဲ့မင်းသမီးShin Hye Sun နဲ့ မင်းသား Ahn Bo Hyun တို့ကိုတော့ အဓိကဇာတ်ဆောင်တွေအဖြစ်နဲ့ ဒရမ်မာသစ်မှာ တွေ့ရဦးမှာပါ။ သူတို့နှစ်ဦးကတော့ tvN ရဲ့ဒရမ်မာသစ်ဖြစ်တဲ့ See You In My 19th Life မှာပါဝင်သရုပ်ဆောင်သွားမှာဖြစ်ပါတယ်။ See You In My 19th Life ကတော့ Ban Ji Eun ဆိုတဲ့အမျိုးသမီးရဲ့ (၁၉) ခုမြောက် ဘဝအကြောင်းရိုက်ကူးထားတာဖြစ်ပါတယ်။ Ban Ji Eun ဟာသူ့ရဲ့ အတိတ်ဘဝတွေကိုမှတ်မိနိုင်စွမ်းရှိသူဖြစ်ပြီးတော့ သူ့ရဲ့ကံကြမ္မာအရဆုံတွေ့ရမယ့်အမျိုးသား Moon Seo Haကို ရှာဖွေနေတာ ဖြစ်ပါတယ်။Moon Seo Ha အဖြစ်နဲ့မင်းသား …
Read More »(၂၀၂၂) ခုနှစ်ရဲ့ MTV European Music Awards မှာ ဆုနှစ်ဆုရယူနိုင်ခဲ့တဲ့ BLACKPINK
BLACKPINK အဖွဲ့ကတော့ သစ်လွင်ပြောင်မြောက်တဲ့ဖန်တီးတင်ဆက်မှုတွေရဲ့ပရိသတ်တွေရဲ့အချစ်တွေကို သိမ်းယူထားနိုင်ပါတယ်။ ကမ္ဘာတစ်ဝှမ်းအောင်မြင်နေတဲ့ BLACKPINK ကတော့ ဆုတွေလည်း တစ်ဆုပြီးတစ်ဆုရရှိနေတာပါ။ အခုတစ်ခါမှာလည်း ပထမဆုံးအမျိုးသမီးကေပေါပ့်အဖွဲ့အနေနဲ့ (၂၀၂၂) ခုနှစ်ရဲ့ MTV European Music Awards မှာ ဆုနှစ်ဆုကို ရရှိခဲ့ပြန်ပါတယ်။ နိုဝင်ဘာလ(၁၃)ရက်နေ့က ဂျာမနီနိုင်ငံမှာကျင်းပခဲ့တဲ့ဒီပွဲမှာ BLACKPINK ကတော့ အဖွဲ့အလိုက်အနေနဲ့ Best Metaverse Performance Award ကိုရရှိခဲ့ပြီး Lisa ကတော့ Best K-Pop Award ကို သူ့ရဲ့တစ်ကိုယ်တော်အယ်လ်ဘမ် ‘LALISA’ နဲ့ရရှိခဲ့ပါတယ်။ CONGRATS on your #MTVEMA win for Best Metaverse Performance, @BLACKPINK!!! 🖤 …
Read More »ကြည့်ရှုနှုန်းများစွာရရှိကာ အဆုံးသတ်သွားခဲ့တဲ့ One Dollar Lawyer ဇာတ်လမ်းတွဲ
မင်းသား Nam Goong Min အဓိကပါဝင်ထားတဲ့ One Dollar Lawyer ဇာတ်လမ်းတွဲကတော့ ပရိသတ်တွေကြိုက်နှစ်သက်ခဲ့ကြတာလည်း ဖြစ်ပါတယ်။ SBS ကထုတ်လွှင့်ပြသတဲ့ One Dollar Lawyerကြည့်ရှုနှုန်းအမြင့်ဆုံးရရှိကာအဆုံးသတ်သွားခဲ့ပြီ ဖြစ်ပါတယ်။ နိုဝင်ဘာလ(၁၁)ရက်နေ့မှာတော့ သူ့ရဲ့နောက်ဆုံးဇာတ်သိမ်းပိုင်းကိုပြသခဲ့တာဖြစ်ပြီး ကြည့်ရှုနှုန်းအမြင့်ဆုံးကို ရရှိခဲ့ပါတယ်။ One Dollar Lawyer ကတော့ မူလကစီစဉ်ထားတာထက် နှစ်ပိုင်းစောကာပြီးသွားခဲ့တာဖြစ်ပြီး ကြည့်ရှုနှုန်း(၁၅.၂%) အထိရရှိခဲ့ပြီး ရရှိခဲ့သမျှကြည့်ရှုနှုန်းတွေထဲမှာအများဆုံးရရှိခဲ့တာ ဖြစ်ပါတယ်။ MBC ကထုတ်လွှင့်တဲ့ The Golden Spoon ကလည်း ပရိသတ်တွေကြားလူပြောများတဲ့ဇာတ်လမ်းဖြစ်ပြီး One Dollar Lawyer ဇာတ်လမ်းတွဲနဲ့တစ်ချိန်တည်းပြသခဲ့တာဖြစ်ပါတယ်။ ဒီဇာတ်ကားကတော့ ဇာတ်သိမ်းပိုင်းမတိုင်ခင်အထိ (၅.၂%) တိုးလာတာလည်း ဖြစ်ပါတယ်။ ပရိသတ်တွေကြိုက်နှစ်သက်တဲ့ဇာတ်ကားနှစ်ကားကတော့ အခုအပတ်အတွင်းမှာပြီးခဲ့ပြီ ဖြစ်ပါတယ်နော်။ …
Read More »ချစ်သူသက်တမ်း (၁၀) နှစ်ပြည့်တဲ့နေ့ကို Sooyoung နဲ့အတူ ဘယ်လိုဖြတ်သန်းမလဲဆိုတာကို မျှဝေခဲ့တဲ့ Jung Kyung Ho
မင်းသား Jung Kyung Ho နဲ့ Girls’ Generation အဖွဲ့ဝင် Sooyoung တို့ကတော့ ပရိသတ်တွေချစ်တဲ့အနုပညာရှင်စုံတွဲတစ်တွဲလည်း ဖြစ်ပါတယ်။ သူတို့နှစ်ဦးကတော့ အချစ်ရေးနဲ့ပတ်သက်ပြီး ပရိသတ်ကိုမျှဝေလေ့ရှိပါတယ်။ Jung Kyung Ho ကတော့ Turkids ဆိုတဲ့ ရှိုးတစ်ခုမှာပါဝင်ခဲ့ပြီး ကာလကြာရှည်တွဲခဲ့တဲ့သူတို့နှစ်ဦးဟာ အရေးပါတဲ့နေ့တွေကိုဖြတ်သန်းခဲ့ပုံအကြောင်း ပြောပြခဲ့ပါတယ်။ Jung Kyung Ho နဲ့ Sooyoung တို့နှစ်ဦးဟာ မကြာခင်မှာ ချစ်သူသက်တမ်း (၁၀) နှစ်ပြည့်နှစ်ပတ်လည်ကျင်းပတော့မှာလည်း ဖြစ်ပါတယ်။ သူတို့နှစ်ဦးကတော့ လူသိများတဲ့အနုပညာရှင်တွေဖြစ်ပေမဲ့ Lowkey နေရတာကိုကြိုက်တာကြောင့် အထိမ်းအမှတ်နေ့တွေကိုရိုးရိုးရှင်းရှင်းကျင်းပတယ်လို့ ဆိုပါတယ်။ မင်းသားကတော့ ချစ်သူသက်တမ်း (၁၀) နှစ်ပြည့်တဲ့နေ့ကိုပွဲကြီးတစ်ခုလုပ်ဖို့မရှိဘဲ အပြင်ထွက်ပြီးစားသောက်ရတာကိုနှစ်သက်တယ်လို့ ဆိုပါတယ်။ Hospital Playlist …
Read More »ချစ်သူကောင်မလေးနဲ့လက်ထပ်လိုက်ပြီဖြစ်တဲ့ မင်းသား Lee Jae Yoon
ဒီနှစ်အတွင်းမှာတော့ တောင်ကိုရီးယားအနုပညာရှင်အများစုလက်ထပ်ခဲ့ကြပြီး အခုလည်းမင်္ဂလာသတင်းတစ်ခုထပ်မံကြားရတာလည်း ဖြစ်ပါတယ်။ဒရမ်မာဇာတ်လမ်းတွဲတွေနဲ့အတူ ပရိသတ်တွေသတိထားမိတဲ့မင်းသားတစ်လက်ဖြစ်တဲ့ တောင်ကိုရီးယားမင်းသားတွေထဲမှာ မင်းသား Lee Jae Yoon ကို သိကြမှာပါ။ မင်းသားကတော့ နိုဝင်ဘာလ(၁၂)ရက်နေ့မှာ ဆယ်လီမဟုတ်တဲ့ချစ်သူကောင်မလေးနဲ့ တရားဝင်လက်ထပ်ခဲ့ပြီပဲဖြစ်ပါတယ်။ အဲ့ဒီနေ့မှာတော့ မင်းသမီး Kim Sung Ryung ကတော့ သူ့ရဲ့အင်စတာဂရမ်မှာ မင်္ဂလာပွဲပုံရိပ်တွေကိုမျှဝေပေးခဲ့တာဖြစ်ပြီး ဂုဏ်ပြုစကားဆိုထားတာလည်း ဖြစ်ပါတယ်။ မင်းသား Lee Jae Yoon ကတော့ (၂၀၀၄) ခုနှစ်မှာ Nonstop 5 ဆိုတဲ့ ဇာတ်ကားနဲ့ပွဲဦးထွက်ခဲ့တာဖြစ်ပါတယ်။ သူကတော့ Weightlifting Fairy Kim Bok Joo နဲ့ Another Miss Oh ဆိုတဲ့ဒရမ်မာတွေအပြင် အခြားဇာတ်လမ်းတွဲများစွာမှာလည်း ပါဝင်ဖူးတာကြောင့် …
Read More »