Goo Hye Sun ကတော့ စိတ်ဖိစီးမှုတွေကြောင့် သူ့ကိုယ်အလေးချိန်တက်လာတဲ့အကြောင်းကို ပြောပြခဲ့ပါတယ်။ သူကတော့ စက်တင်ဘာလ (၃၀) ရက်နေ့ကတော့ Chunsa Film Art Awards 2022 ပွဲကို ဒါရိုက်တာတစ်ယောက်အနေနဲ့တက်ရောက်ခဲ့ပါတယ်။ သူကတော့အင်စတာဂရမ်မှာ မကြာသေးခင်ကကိုယ်အလေးချိန်တက်လာတာနဲ့ပတ်သက်ပြီး ရေးသားခဲ့ပါတယ်။ “ငါတစ်စုံတစ်ခုနဲ့တွေ့ကြုံခဲ့ရတာကြောင့် ကိုယ်အလေးချိန်နည်းနည်းလေးတက်လာခဲ့ပါတယ်။ 2022 Busan International Film Festival ကိုတော့ ကောင်းမွန်တဲ့ပုံစံနဲ့ပြန်လာခဲ့ပါမယ်။ 2022 Busan International Film Festival မှာတွေ့ကြပါမယ်” လို့ ရေးသားခဲ့ပါတယ်။ ပရိသတ်တွေကတော့ အခုလိုအလေးချိန်တက်လာတာက သူ့ရဲ့ခွေးလေး Gamja ကြောင့်ဖြစ်နိုင်တယ်လို့ ယူဆကြပါတယ်။ စက်တင်ဘာလ(၁၄)ရက်နေ့ကတော့ သူ့ရဲ့အချစ်တော်ခွေးလေးသေဆုံးသွားတာ တစ်လခန့်ရှိပြီဆိုတာကို မျှဝေခဲ့ပါသေးတယ်။ Goo Hye …
Read More »Kim Soo Hyun နဲ့တွေ့ဆုံရဖို့အတွက် အမေရိကန်ဒေါ်လာတစ်သိန်းကျော်သုံးစွဲခဲ့တဲ့ ပရိသတ်များ
Kim Soo Hyun ကတော့ ထိုင်းပရိသတ်တွေရဲ့အံ့သြလောက်စရာချစ်ခင်ခြင်းကိုရရှိထားတဲ့ မင်းသားတစ်လက်ပါပဲ။ သူ့ရဲ့ fan meeting ကတော့ ရွှေဝယ်ယူတဲ့ဖောက်သည်တွေအတွက် ကျင်းပပေးတဲ့ပွဲပဲ ဖြစ်ပါတယ်။ ဒီပွဲမှာတာ့ Lotus ရဲ့ရွှေတွေကို ထိုင်းဘတ် (၅,၀၀၀) ကျော် ကန်ဒေါ်လာ(၁၃၀) ကျော်ဝယ်ယူတဲ့သူတွေသာလျှောက်ထားနိုင်ပြီး ဝယ်ယူတဲ့ပမာဏပေါ်မူတည်ပြီး လူပေါင်း (၃,၈၀၀) ကဖိတ်ကြားခြင်းခံရမှာပါ။ အဲ့ဒီအထဲကမှ အများဆုံးဝယ်ယူနဲ့အယောက်(၁၀၀) ကတော့ ရှေ့ဆုံးခုံမှာထိုင်ပြီး ဗွီအိုင်ပီတွေရဲ့အကျိုးခံစားခွင့်ဖြစ်တဲ့ Kim Soo Hyun နဲ့ဓာတ်ပုံတွဲရိုက်တာအပြင် လက်မှတ်နဲ့အမှတ်တရလက်ဆောင်တွေခံစားခွင့်ရရှိမှာပဲ ဖြစ်ပါတယ်။ သတင်းတွေအရ ငွေအများဆုံးသုံးစွဲခဲ့တဲ့ နံပါတ်တစ်ယ်ယူသူကတော့ ထိုင်းဘတ်(၄.၇)သန်း ကန်ဒေါ်လာ (၁၂၃,၀၀၀) သုံးစွဲခဲ့တယ်လို့ သိရပါတယ်။ ဒုတိယအများဆုံးဝယ်ယူသူကတော့ ထိုင်းဘတ်(၄)သန်း(ကန်ဒေါ်လာ ၁၀၅,၀၀၀) သုံးစွဲခဲ့တယ်လို့ သိရပါတယ်။ ဗီအိုင်ပီလက်မှတ်တွေကတော့ …
Read More »သီဆိုဖျော်ဖြေနေချိန်မှာ ပရိသတ်တစ်ဦးကစင်မြင်ပေါ်ခုန်တက်လာတာကို ကြုံတွေ့လိုက်ရတဲ့ CL
Read More »ကျော့ရှင်းလှပတဲ့အသွင်အပြင်တွေနဲ့ Saint Laurent ရဲ့ after-dinner ပါတီမှာ အားလုံးရဲ့အကြည့်ကိုဖမ်းစားခဲ့တဲ့ Rose’
Rose’ ကတော့ ဒိတ်ဒိတ်ကြဲအမှတ်တံဆိပ်တွေနဲ့လက်တွဲထားနိုင်တဲ့ ရှားပါးတဲ့အလှပိုင်ရှင်လေးပါပဲ။ သူ့ကိုတော့ ဖျော်ဖြေရေးစင်မြင့်ထက်မှာ ပရော်ဖက်ရှင်နယ်အဆိုတော်တစ်ယောက်အဖြစ်အမိုက်စားတွေ့ရသလို ဘယ်လိုအမှတ်တံဆိပ်နဲ့ပဲဖြစ်ဖြစ်လိုက်ဖက်တဲ့ မော်ဒယ်လ်တစ်ယောက်လည်း ဖြစ်ပါတယ်။ ကမ္ဘာကျော်ဖက်ရှင်အမှတ်တံဆိပ်ဖြစ်တဲ့Saint Laurent ရဲ့ Global Ambassador တစ်ယောက်ဖြစ်တဲ့ Rose’ကတော့ Paris Fashion Week ကိုတက်ရောက်ခဲ့တာဖြစ်ပြီး အမှတ်တံဆိပ်ရဲ့ဝတ်စုံတွေနဲ့အတူ မရိုးနိုင်အောင်အလွန်လှပနေခဲ့တာဖြစ်ပါတယ်။ Rose’ရဲ့ သေးသွယ်ကျစ်လစ်တဲ့ကိုယ်ခန္ဓာအချိုးအစားကတော့ Saint Laurent နဲ့တကယ့်ကိုလိုက်ဖက်တယ်ဆိုတာ ငြင်းစရာမရှိပါဘူးနော်။ သူကတော့ After – Dinner ပါတီမှာ Fall 2022 Ready-to-wear collectionထဲက ငွေမှင်ရောင်ဝတ်စုံနဲ့ ကျက်သရေရှိရှိလှပနေခဲ့ပါတယ်။ သူ့ကိုတော့အနက်ရောင်ဝတ်စုံတွေနဲ့စတိုင်ကျတယ်ဆိုတဲ့အမြင်တွေကနေ အခုလိုငွေမှင်ရောင်ဝတ်စုံနဲ့လည်း ငေးလောက်စရာဖြစ်နေခဲ့တာကြောင့် အားလုံးရဲ့အာရုံကိုဖမ်းစားနိုင်ခဲ့တယ်လို့ ဆိုရမှာပါ။ Global Ambassador ပီပီ Saint Laurent …
Read More »Good Guy ဆိုတဲ့ဒရမ်မာမှာအဓိကဇာတ်ဆောင်အနေနဲ့ပါဝင်လာနိုင်ဖွယ်ရှိတဲ့ Lee Dong Wook
Read More »ဒိတ်တင်သတင်းထွက်ရှိခဲ့တဲ့အမျိုးသားနဲ့ လမ်းခွဲပြတ်စဲပြီသားဖြစ်ကြောင်းကြေညာခဲ့တဲ့ Park Min Young ရဲ့အေဂျင်စီ
မနေ့ကတော့ Dispatch ကနေပြီးတော့ Park Min Young ဟာ အလွန်ကြွယ်ဝချမ်းသာတဲ့အမျိုးသားKang နဲ့တွဲနေကြောင်းကို ထုတ်ဖော်ခဲ့ပါတယ်။ ဒီသတင်းတွေပြီးနောက်မှာတော့ Kang ဟာ တစ်ချိန်ကငွေကြေးအရှုပ်အရှင်းတွေကြောင့် ထောင်(၂) နှစ်ခွဲကျဖူးတဲ့သတင်းတွေပါထွက်ပေါ်လာခဲ့တာ ဖြစ်ပါတယ်။ ဒီသတင်းတွေပြီးနောက်မှာတော့ မင်းသမီးရဲ့အေဂျင်စီဖြစ်တဲ့ Hook Entertainment ကတော့ Park Min Young ကတော့ ဒိတ်တင်သတင်းထွက်ရှိခဲ့တဲ့အမျိုးသားလမ်းခွဲပြတ်စဲခဲ့ပြီးသားဖြစ်ကြောင်း ၊ မင်းသမီးဟာ ငွေကြေးတစ်စုံတစ်ရာလက်ခံရရှိခဲ့တယ်ဆိုတာလည်း မဟုတ်ကြောင်းကို ကြေညာခဲ့ပါတယ်။ ဒါ့အပြင် Park Min Young ရဲ့အစ်မဖြစ်သူဟာ မစ္စတာ Kang ပိုင်ဆိုင်တဲ့ကုမ္ပဏီတစ်ခုဖြစ်တဲ့ INBIOGEN မှာဒါရိုက်တာအဖြစ်ရှိနေတာဖြစ်ပြီး နှုတ်ထွက်ထားတယ်လို့ ဆိုပါတယ်။ Park Min Young ကတော့ နာမည်ကျော်မင်းသမီးတစ်လက်ဖြစ်ပြီး သူပါဝင်ထားတဲ့ …
Read More »ပဲရစ်မှာကျင်းပတဲ့ Dior ရဲ့ဖက်ရှင်ရှိုးမှာ Jisoo ကိုတွေရဖို့ထောင်နဲ့ချီတဲ့ပရိသတ်တွေ စောင့်ဆိုင်းနေခဲ့
Jisoo ကတော့ ကမ္ဘာကျော်အမှတ်တံဆိပ် Dior ရဲ့ Global Ambassador တစ်ယောက်ဖြစ်ပြီး DIOR SS23 Paris Fashion Week show ကိုတက်ရောက်ခဲ့တာဖြစ်ပါတယ်။ ဒီပွဲမှာ Jisoo ကတော့ အနက်ရောင်ဝတ်စုံနဲ့အတူ အနက်ရောင်ဆံပင်ရှည်ရှည်ကတော့ ဆွဲဆောင်မှုအပြည့်ရှိကာ ဖမ်းစားခဲ့ပါတယ်။ များပြားလှတဲ့လူအုပ်ကြီးကတော့ Paris Fashion Week မှာ Jisoo ကိုတွေ့ရဖို့အတွက်နဲ့ နှုတ်ဆက်ကြဖို့အတွက်ရောက်ရှိနေတာဖြစ်ပြီး တကယ့်ကိုအံ့သြလောက်စရာပရိသတ်တွေရဲ့ချစ်ခင်မှုကိုတွေ့ရတာပါ။ ဒီအကြောင်းအရာကတော့ အင်တာနက်မှာလူပြောအများဆုံးအကြောင်းအရာတစ်ခုဖြစ်ခဲ့ပြီး Dior နဲ့ဆွဲဆောင်မှုရှိရှိလှနေတဲ့ Jisoo ရဲ့ပုံရိပ်တွေကို မျှဝေခဲ့ကြတာဖြစ်ပါတယ်။ Jisoo ကတော့ Dior ရဲ့ Global Ambassador အဖြစ်နဲ့ Paris Fashion Week ကိုတက်ရောက်ခဲ့တာ(၂)နှစ်ရှိခဲ့ပြီဖြစ်ပါတယ်။ Jisoo …
Read More »ကာလကြည်ရှည်တွဲခဲ့တဲ့ချစ်သူ Jin Ah Reum နဲ့အောက်တိုဘာလမှာ လက်ထပ်တော့မယ့် Nam Goong Min
နောက်ထပ်ပရိသတ်တွေချစ်တဲ့အနုပညာရှင်စုံတွဲတစ်တွဲရဲ့ မင်္ဂလာသတင်းကိုကြားရပြီ ဖြစ်ပါတယ်နော်။ တောင်ကိုရီးယားနိုင်ငံရဲ့နာမည်ကျော်မင်းသားတစ်လက်ဖြစ်သလို ဒါရိုက်တာတစ်ယောက်လည်း ဖြစ်တဲ့ Nam Goong Min ကိုတော့ သိကြမှာပါ။ သူကတော့ မော်ဒယ်လ်မင်းသမီးတစ်လက်ဖြစ်တဲ့ Jin Ah Reum နဲ့ချစ်သူတွေအဖြစ်တွဲနေတာကြာခဲ့ပါပြီ။ ကာလကြာရှည်တွဲနေခဲ့ကြတဲ့Nam Goong Min တို့ချစ်သူနှစ်ဦးကတော့ အောက်တိုဘာလ(၇)ရက်နေ့မှာ လက်ထပ်တော့မယ်လို့ အေဂျင်စီကနေကြေညာခဲ့တာ ဖြစ်ပါတယ်။ မင်္ဂလာပွဲကိုတော့ ဆိုးလ်မှာကျင်းပမှာဖြစ်ပြီး မိသားစုဝင်တွေနဲ့မိတ်ဆွေတွေသာပါဝင်တဲ့သီးသန့်မင်္ဂလာပွဲလေးတစ်ခုသာကျင်းပပမှာ ဖြစ်တယ်လို့သိရပါတယ်။ သီးသန့်ကျင်းပတဲ့မင်္ဂလာပွဲဖြစ်တာကြောင့် အချက်အလက်အသေးစိတ်ကို ထုတ်ဖော်ခြင်းမရှိပါဘူး။ Nam Goong Min နဲ့ Jin Ah Reum တို့နှစ်ဦးကတော့ Light My Fire ဆိုတဲ့ရုပ်ရှင်ဇာတ်လမ်းတိုမှာ ဒါရိုက်တာနဲ့သရုပ်ဆောင်အဖြစ်ဆုံတွေ့ခဲ့ကြတာ ဖြစ်ပါတယ်။ (၂၀၁၆) ခုနှစ်မှာစတင်တွဲခဲ့တဲ့သူတို့နှစ်ဦးကတော့ ခြောက်နှစ်အကြာမှာ လက်ထပ်တော့မှာလည်း …
Read More »ချမ်းသာကြွယ်ဝတဲ့သူဌေးတစ်ဦးနဲ့တွဲနေတယ်လို့သတင်းထွက်လာတဲ့ မင်းသမီး Park Min Young
ဇာတ်လမ်းတွဲတွေနဲ့နာမည်ကျော်တဲ့မင်းသမီးတစ်လက်ဖြစ်တဲ့ Park Min Young ကိုတော့ ပရိသတ်တွေသိကြမှာပါ။ Dispatch ကတော့ Park Min Young ဟာသူဌေးတစ်ဦးနဲ့တွဲနေကြောင်းကို ဒီနေ့မှာ ဖော်ထုတ်ခဲ့တာဖြစ်ပါတယ်။ မင်းသမီးကတော့ Kang Jong Hyunလို့ခေါ်တဲ့တောင်ကိုရီယားနိုင်ငံအကြီးဆုံးcryptocurrency exchangeကုမ္ပဏီတစ်ခုဖြစ်တဲ့ Bithumb ရဲ့ဥက္ကဌဖြစ်သူနဲ့တွဲနေတာလို့သိရပါတယ်။ Park Min Young ကိုတော့ Kang Jong Hyun ရဲ့ဇိမ်ခံဗီလာထဲကနေ အလုပ်ကိုသွားတဲ့ပုံရိပ်တွေကိုလည်း ထုတ်ဖော်ခဲ့ပါတယ်။ မင်းသမီးကတော့ လက်ရှိရိုက်ကူးနေတဲ့ Love In Contract ဇာတ်ကားအတွက် ဘဲလေးသင်တန်းပြီးတဲ့အခါမှာလည်း Kang Jong Hyun ရဲ့ကားကိုစီးသွားတာကိုလည်း ဓာတ်ပုံရိုက်ခဲ့ကြတာဖြစ်ပါတယ်။ Kang Jong Hyun ကတော့ သူ့ရဲ့ကုမ္ပဏီများစွာမှာအကြီးဆုံးရှယ်ယာရှင်တစ်ယောက်ဖြစ်သော်လည်း လျှို့ဝှက်စွာနေထိုင်တဲ့ဥက္ကဌတစ်ယောက်ဖြစ်တယ်လို့သိရပါတယ်။ အလွန်ကြွယ်ဝချမ်းသာတဲ့သူတစ်ယောက်ဖြစ်ပြီး …
Read More »ပရိသတ်တစ်ဦးရဲ့ပြောစကားကြောင့်မျက်ရည်ကျလုနီးပါးဖြစ်ခဲ့တဲ့ Jennie
BLACKPINK ကတော့ ဒုတိယအယ်လ်ဘမ် Born Pink ထွက်ရှိထားတာဖြစ်ပြီး ဒီအယ်လ်ဘမ်ရဲ့ပရိုမိုးရှင်းဖြစ်တဲ့ လက်မှတ်ထိုးပွဲ (၂၅)ရက်နေ့ကပြုလုပ်ခဲ့ပါတယ်။ ဒီပွဲကတော့ အယ်လ်ဘမ်ဝယ်ထားတဲ့သူတွေကို မဲနှိုက်ရွေးချယ်ပြီးပါဝင်ခွင့်ရသူတွေသာတက်ရောက်ရတဲ့ အစီအစဉ်ပါ။ ဒီအစီအစဉ်မှာတော့ အိုင်ဒေါတွေရဲ့လက်မှတ်ရရုံတင်မက လူချင်းစကားပြောခွင့်ရတာလည်း ဖြစ်ပါတယ်။ ပွဲမှာပါဝင်ခဲ့တဲ့ပရိသတ်တွေကတော့ အိုင်ဒေါတွေနဲ့တွေ့ဆုံခဲ့ရတာနဲ့ပတ်သက်ပြီး ဆိုရှယ်မီဒီယာမှာ ပြန်လည်မျှဝေကြပါတယ်။ ပရိသတ်တစ်ယောက်ကတော့ “မင်းဘာကိုပဲလုပ်လုပ် မင်းကိုအားပေးနေမယ်။ အမြဲတမ်းရှေ့ဆက်သွားပြီး Jennie ရဲ့ပုံစံအတိုင်းဆက်လုပ်နေပါ။ မင်းကအရမ်းမိုက်တယ်” လို့ပြောခဲ့တာဖြစ်ပြီး Jennie ကတော့ “ငါ့ကိုငိုအောင်မလုပ်ပါနဲ့” လို့ ပြန်ပြောခဲ့တာဖြစ်ပါတယ်။ ပရိသတ်ကတော့ ဒီလိုအခြေအနေမှာ Jennie ကို “Fighting” ဆိုပြီး အားပေးစကားပြန်ပြောခဲ့ပါတယ်။မကြာသေးခင်ကလည်း Jennie ဟာ အမည်မသိသူတစ်ဦးကြောင့် ဓာတ်ပုံတွေပေါက်ကြားခဲ့ပြီး Privacy ချိုးဖောက်မှုနဲ့ကြုံတွေ့ရတာကြောင့် ပရိသတ်တွေကစိတ်ပူခဲ့ရပါသေးတယ်။ Zawgyi ဖြင့်ဖတ်ရန် …
Read More »