မင်းသမီး Lee Yoo Young ကိုတော့ ဒရမ်မာနဲ့ ရုပ်ရှင်ဇာတ်ကားတွေနဲ့အတူ ပရိသတ်တွေသိကြမှာပါ။ မင်းသား Kang Ha Neul နဲ့ရိုက်ကူးထားတဲ့ Insider ဇာတ်လမ်းတွဲမှာလည်း ပါဝင်ထားတာ ဖြစ်ပါတယ်။ သူကတော့ အင်စတာဂရမ်ကနေတဆင့်သူ့ရဲ့အချစ်ရေးကိုဖော်ပြခဲ့ပါတယ်။ မင်းသမီးကတော့ တစ်စုံတစ်ယောက်ရဲ့လက်မောင်းပေါ်မှာအိမ်နေတဲ့ပုံရိပ်ကို ဖေဖော်ဝါရီလ(၄)ရက်နေ့က သူ့ရဲ့အင်စတာဂရမ်မှာတင်ခဲ့ပါတယ်။ ပရိသတ်တွေကတော့လက်မောင်းရဲ့ပိုင်ရှင်ကိုစိတ်ဝင်စားခဲ့ကြပြီး မင်းသမီး Lee Yoo Young နဲ့လက်ရှိတွဲနေတဲ့ ချစ်သူကောင်လေး ဖြစ်နေခဲ့ပါတယ်။ မင်းသမီးကတော့ သူ့ရဲ့အချစ်ရေးကိုသိုဝှက်မနေဘဲ လူသိရှင်ကြား ပေါ်ပေါ်ထင်ထင်တွဲချင်တဲ့ပုံပါပဲ။ အခုလိုပုံရိပ်ကိုထုတ်ဖော်ပြီးတဲ့နောက်မှာတော့ မင်းသမီးရဲ့အေဂျင်စီဖြစ်တဲ့ ACE Factory ဟာ “Lee Yoo Young ဟာ ဆယ်လီမဟုတ်တဲ့အမျိုးသားတစ်ဦးနဲ့ဒိတ်နေကြပါတယ် ၊ သူတို့ကတော့ မကြာသေးခင်ကစပြီး ဒိတ်ခဲ့ကြတာပါ” လို့ပရိသတ်တွေကို …
Read More »အမေရိကန်ဒေါ်လာ (၃.၃)သန်းတန် Penthouse ကိုဝယ်ယူခဲ့တဲ့ TWICE အဖွဲ့ဝင် Tzuyu
တောင်ကိုရီးယားနိုင်ငံရဲ့နာမည်ကျော်အမျိုးသမီးအိုင်ဒေါအဖွဲ့တွေထဲမှာ TWICE အဖွဲ့ကိုတော့ မသိသူမရှိလောက်ပါဘူး။ ချစ်စရာကောင်းပြီးထူးခြားတဲ့အလှကိုပိုင်ဆိုင်ထားတဲ့Tzuyu ကတော့ ပရိသတ်တွေအံ့အားသင့်လောက်အောင်ကြွယ်ဝချမ်းသာသူပဲ ဖြစ်ပါတယ်။ ထိုင်ဝမ်တစ်ယောက်လည်းဖြစ်တဲ့ Tzuyu ကတော့ နောက်ဆုံးပေါ်ခေတ်မီ Penthouse တစ်ခုကိုသူ့ရဲ့နိုင်ငံဖြစ်တဲ့ ထိုင်ဝမ်မှာဝယ်ယူခဲ့တာပဲ ဖြစ်ပါတယ်။ ထိုင်ဝမ်နိုင်ငံကမီဒီယာတွေကတော့ Tzuyu ဟာ အမေရိကန်ဒေါ်လာ(၃.၃)သန်းတန်တဲ့ Kaohsiung မှာရှိတဲ့ Penthouse တစ်ခုကို ဝယ်ယူခဲ့တယ်လို့ ရေးသားဖော်ပြခဲ့ပါတယ်။ သူဝယ်ယူခဲ့တာကတော့ (၃၃) ထပ်ရှိတဲ့အဆောက်အဦးရဲ့ Penthouse ဖြစ်ပြီး (၆,၀၃၀ စတုရန်းပေ) ရှိကာ ဒီအဆောက်အအုံမှာ ရေကူးကန်နဲ့ Spa ခန်းတွေပါဝင်တယ်လို့ သိရပါတယ်။ ဒီ Penthouse ကတော့ Tzuyu ရဲ့အမေဖြစ်သူရင်းနှီးမြှုပ်နှံထားတဲ့ဆေးခန်းရဲ့အနီးမှာဖြစ်တယ်လို့ သိရပါတယ်။ အိုင်ဒေါတစ်ယောက်အနေနဲ့လည်း ထူးချွန်တဲ့ကောင်မလေးကတော့ မွေးရပ်မြေမှာအမိုက်စားပိုင်ဆိုင်မှုတွေရှိနေခဲ့ပြန်ပါပြီနော်။ Zawgyiဖြင့်ဖတ်ရန် အေမရိကန္ေဒၚလာ …
Read More »MBC ရဲ့ သမိုင်းကြောင်းနောက်ခံဒရမ်မာသစ်မှာပါဝင်ဖို့အတွက် ဆွေးနွေးနေတဲ့မင်းသမီး Lee Se Young
ဒရမ်မာဇာတ်လမ်းတွဲတွေကိုကြိုက်တဲ့ပရိသတ်တွေကတော့ မင်းသမီး Lee Se Young ကို သိကြမှာပါ။ ကလေးသရုပ်ဆောင်ဘဝကတည်းကအနုပညာတွေလုပ်ခဲ့တာဖြစ်ပြီး The Red Sleeve ဇာတ်လမ်းတွဲနဲ့အတူ တစ်ရှိန်ထိုးအောင်မြင်ကျော်ကြားလာခဲ့တာပါ။ မင်းသမီးရဲ့အေဂျင်စီကတော့ “Lee Se Young ဟာ MBC ရဲ့ဒရမ်မာသစ် Park’s Contract Marriage Story ရဲ့ထုတ်လုပ်သူတွေဆီကနေ ပါဝင်သရုပ်ဆောင်ဖို့အတွက် ကမ်းလှမ်းမှုရရှိထားတာဖြစ်ပြီး ပြန်လည်သုံးသပ်နေတာဖြစ်တယ်” လို့ ဆိုပါတယ်။ Park’s Contract Marriage Story ဒရမ်မာကတော့ ဂျိုဆွန်းခေတ်ကမိန်းကလေး Park ဟာ (၂၀၂၁) ခုနှစ်ကိုရုတ်တရက်ရောက်လာပြီးနောက်Kang Tae Ha ဆိုတဲ့အမျိုးသားရဲ့သတို့သမီးဖြစ်လာတဲ့အကြောင်းကို ရိုက်ကူးထားတဲ့အချစ်ဟာသဇာတ်လမ်းတွဲလေးပါ။ လက်ရှိမှာတော့ Lee Se Young ဟာ အဓိကဇာတ်ဆောင်မိန်းကလေး …
Read More »အိမ်သုံးကျောက်မီးသွေးတွေကို သယ်ယူပို့ဆောင်ရာမှာ စေတနာ့ဝန်ထမ်းအဖြစ်လုပ်ဆောင်ပေးခဲ့တဲ့မင်းသား Park Bo Gum
မင်းသား Park Bo Gum ကတော့ အိမ်သုံးကျောက်မီးသွေးတုံးများကိုသယ်ဆောင်ရာမှာ စေတနာ့ဝန်ထမ်းလုပ်ကာကူညီခဲ့ပါတယ်။ ဖေဖော်ဝါရီလ(၄)ရက်နေ့မှာ Sean ဟာသူ့ရဲ့အင်စတာဂရမ်မှာကျောက်မီးသွေးသယ်ရာမှာအတူတူလုပ်ဆောင်ခဲ့တဲ့ ဘောလုံးသမား Lee Young Pyo ၊ မင်းသမီး Yoon Se Ah နဲ့ Park Bo Gum တို့ပုံရိပ်တွေကို မျှဝေခဲ့ပါတယ်။ Park Bo Gum ဟာ သူနဲ့အတူ မနက်ခင်းမှာ (၁၀)ကီလိုမီတာကိုပြေးပြီးနောက်ပိုင်းမှာ စေတနာ့ဝန်ထမ်းလုပ်ရာမှာပါဝင်လာတယ်လို့သိရပါတယ်။ သူကတော့ တစ်နာရီတောင်မရှိတဲ့အချိန်အတွင်းမှာ မီးသွေးတုံးပေါင်း (၂၅၀၀) ကိုပို့ဆောင်ပေးနိုင်ခဲ့တာကြောင့် ကျေးဇူးတင်စကားဆိုခဲ့ပါတယ်။ မင်းသား Park Bo Gum ကတော့ မာနမကြီးတတ်ဘဲနှိမ့်ချတတ်တဲ့စိတ်ထားလေးကြောင့် ပရိသတ်တွေချစ်ခင်အားပေးရတဲ့အပြင်အခုလို စေတနာ့ဝန်ထမ်းလုပ်ရာမှာလည်း ပါဝင်တာကြောင့် လေးစာခံနေရမှာအမှန်ပါပဲ။ မင်းသားကတော့ …
Read More »Execution ဆိုတဲ့ လျှို့ဝှက်ဆန်းကြယ်ဒရမ်မာဇာတ်လမ်းသစ်မှာ ပါဝင်ဖို့ဆွေးနွေးနေတဲ့မင်းသား Kim Nam Gil
ရုပ်ရှင်နဲ့ဇာတ်လမ်းတွဲတွေမှာမင်းသားတစ်လက်အဖြစ်တွေ့ရပြီး ပရိုဂျူဆာ၊ဒါရိုက်တာတစ်ယောက်လည်းဖြစ်တဲ့ Kim Nam Gil ကိုတော့ ပရိသတ်တွေသိကြမှာပါ။ လက်ရှိပြသနေတဲ့ Island ဒရမ်မာမှာလည်း အဓိကဇာတ်ဆောင်တစ်ယောက်အဖြစ်ပါဝင်ထားပါတယ်။ အခုရက်ပိုင်းမှာတော့ မင်းသား Kim Nam Gil ဟာ Execution ဆိုတဲ့ လျှို့ဝှက်ဆန်းကြယ်အက်ရှင်ဒရမ်မာဇာတ်လမ်းတွဲမှာပါဝင်လာမယ်လို့ သတင်းတွေထွက်ရှိနေတာပဲ ဖြစ်ပါတယ်။ ဒါနဲ့ပတ်သက်ပြီးတော့ သူ့ရဲ့အေဂျင်စီဖြစ်တဲ့ Gilstory ENT ကတော့ “Execution ဟာ မင်းသားကိုကမ်းလှမ်းထားတဲ့ဇာတ်ကားတွေထဲကတစ်ခုဖြစ်ပြီး ဘာကိုမှမဆုံးဖြတ်ရသေးဘူး” လို့ ရှင်းလင်းပြောကြားထားပါတယ်။ တခြားတစ်ဖက်မှာလည်း မင်းသားဟာ Through the Darkness ဇာတ်ကားထဲမှဇာတ်ရုပ်နဲ့ Daesang ဆုကြီးကို 2022 SBS Drama Awards ပွဲမှာ ရရှိခဲ့ပါတယ်။ လက်ရှိပြသနေဆဲ Island ဒရမ်မာဟာလည်း …
Read More »မင်းသမီးဖြစ်နေတာကြောင့် အရမ်းကြိုက်တဲ့အစားအစာကိုစားခွင့်မရကြောင်း ပြောပြခဲ့တဲ့မင်းသမီး Han So Hee
မင်းသမီး Han So Hee ကတော့ လက်ရှိမှာနာမည်ကျော်မင်းသမီးတစ်လက်အဖြစ်ရပ်တည်နေတာပါ။ သူကတော့ 1st Lookနဲ့အင်တာဗျူးတစ်ခုမှာ “ကျွန်မ Ramyun ကိုကြိုက်တယ်။ ဒါပေမဲ့ အဲ့ဒါစားရင်လွယ်ကူစွာကိုယ်အလေးချိန်တက်နိုင်တာကြောင့် မစားရတာရက်(၁၀၀)လောက်ရှိပြီ။ ပျော်ရွှင်ရတဲ့ရက်တွေကကုန်သွားပြီထင်ပါတယ်။ ကျွန်မ Ramyun စားတာကိုဖြတ်ထားတယ်။” လို့ ဖြေခဲ့ပါတယ်။ ဒါပေမဲ့လည်း မကြာသေးခင်က Ramyun စားနေတဲ့ပုံရိပ်တွေကိုတင်ခဲ့တာကို ပရိသတ်တွေကသတိထားမိခဲ့ပါတယ်။ ပရိသတ်တွေကတော့ သူအရမ်းကြိုက်တဲ့အစားစာကို စိတ်ရှိတိုင်းမစားနိုင်လို့ စိတ်မကောင်းဖြစ်နေကြပါတယ်။ မင်းသမီးကတော့ W Korea နဲ့အင်တာဗျူးမှာလည်း Ramyun ကိုအရမ်းကြိုက်ရတဲ့အကြောင်းကို “လေယာဉ်စီးတုန်းက ထမင်းမစားချင်ဘူးဒါပေမဲ့ Ramyun လေးတော့လုပ်ပေးဖို့တောင်းဆိုခဲ့တယ်။ အဲ့ဒါစားပြီးတော့ ကောင်းကောင်းအိပ်ပျော်သွားတယ်။” ဆိုပြီးတော့ ပြောခဲ့ပါတယ်။ မင်းသမီးဟာ နာမည်ကျော်တစ်ယောက်ဖြစ်တာနဲ့အညီ လှပတဲ့ကိုယ်လုံးကိုလည်း ထိန်းသိမ်းရတာ ခက်ခဲမယ့်ပုံပါပဲ။ သူကတော့ …
Read More »Lee Do Hyun စစ်မှုထမ်းဆောင်တော့မယ်ဆိုတဲ့သတင်းတွေနဲ့ပတ်သက်ပြီး ငြင်းဆိုခဲ့တဲ့ မင်းသားရဲ့အေဂျင်စီ
တောင်ကိုရီးယားနိုင်ငံကတော့ အသက်(၁၈) နှစ်ကနေ (၃၅)နှစ်အတွင်းမှာရှိတဲ့ကျန်းမာသန်စွမ်းတဲ့အမျိုးသားတွေက စစ်မှုထမ်းဆောင်ရတာဖြစ်ပါတယ်။ စစ်မှုထမ်းဆောင်စရာမလိုတဲ့ ခြွင်းချက်အဖြစ်သတ်မှတ်ထားသူတွေထဲမှာတော့ အနုပညာရှင်မင်းသားတွေမပါဝင်တာကြောင့် သူတို့ရဲ့စစ်မှုထမ်းဆောင်ရမယ့်နေ့တွေကိုလည်း ပရိသတ်တွေကစိတ်ဝင်စားနေကြတာ ဖြစ်ပါတယ်။ ဖေဖော်ဝါရီ(၂)ရက်နေ့က မင်းသား Lee Do Hyun ဟာဒီနှစ်ရဲ့ပထမနှစ်ဝက်အတွင်းမှာ စစ်မှုထမ်းဆောင်တော့မယ်ဆိုတဲ့သတင်းတွေ ထွက်ရှိလာခဲ့ပါတယ်။ ဒါပေမဲ့လည်း မင်းသားရဲ့အေဂျင်စီဖြစ်တဲ့ Yuehua Entertainment ကတော့ “ဘာကိုမှမဆုံးဖြတ်ရသေးပါဘူး။ မဖြစ်မနေ စစ်မှုထမ်းဆောင်ရတာဖြစ်တာကြောင့် ဆုံးဖြတ်ပြီးတာနဲ့မင်းကိုအကြောင်းကြားပေးပါမယ်” လို့ ဆိုထားပါတယ်။ မင်းသားရဲ့စစ်မှုထမ်းဆောင်ရမယ့်ရက်ကတော့ မဆွေးနွေးရသေးဘူးလို့ သတင်းတွေထွက်ရှိလာပါတယ်။ သူဟာလက်ရှိမှာ အသက် (၂၇) နှစ်ရှိနေပြီဖြစ်ပါတယ်။ မင်းသားကတော့JTBC ဒရမ်မာသစ် The Good Bad Mother နဲ့ပြသဆဲ The Glory ဇာတ်လမ်းတွဲတွေမှာပါဝင်ထားပါတယ်။ Zawgyi ဖြင့်ဖတ်ရန် Lee …
Read More »လက်တွေ့ဘဝမှာလည်း အချောမောဆုံးအဖြစ်သတ်မှတ်ခံရတဲ့ ကိုရီးယားကြယ်ပွင့်များ
တောင်ကိုရီးယားနိုင်ငံကတော့ ဒရမ်မာစီးရီးတွေအပြင် ချောမောလှပတဲ့ဆယ်လီတွေကို မွေးထုတ်ပေးတဲ့နိုင်ငံလည်း ဖြစ်ပါတယ်။ သတင်းထောက်တစ်ယောက်ဖြစ်တဲ့Lee Jin Ho ကတော့ သူ့ရဲ့ You Tube မှာ လူချင်းတွေ့ဆုံရာမှာ အလှပဆုံးနဲ့အချောမောဆုံးလို့ထင်တဲ့ ဆယ်လီဘရစ်တီတွေကိုဖော်ပြခဲ့ပါတယ်။ အမျိုးသမီးဆယ်လီတွေထဲမှာတော့ အလှအပနဲ့ပတ်သက်ပြီးနာမည်ကျော်တဲ့ Song Hye Kyo ကို အလှပဆုံးအဖြစ်ရွေးချယ်ခဲ့ပါတယ်။ သူကတော့ ဆယ်လီများစွာကိုအင်တာဗျူးခဲ့ဖူးပြီး Song Hye Kyo ရဲ့အလှအပလောက်အံအားသင့်စေတာမျိုးမတွေ့ခဲ့ဖူးဘူးလို့ ဆိုထားပါတယ်။ မကြာသေးခင်ကတော့ The Glory ဇာတ်ကားမှာအိုနေတယ်ဆိုတဲ့မှတ်ချက်မျိုးရခဲ့ပြီး မင်းသမီးကတော့ မွန်းဒုံအွန်းရဲ့နာကျင်ခံစားရမှုတွေကိုဖော်ပြဖို့လိုအပ်တဲ့အကြောင်း ပြောပြခဲ့ပါတယ်။ Song Hye Kyo ကိုအလှဆုံးအဖြစ်သတ်မှတ်ခဲ့တာနဲ့ပတ်သက်ပြီး အလှအပမှာနာမည်ကြီးတဲ့မင်းသမီး Jun Ji Hyun ထက်တောင်မှပိုလှတယ်လို့ ခံစားရကြောင်းပြောပြခဲ့ပါတယ်။အမျိုးသားဆယ်လီတွေထဲမှာတော့ အချောမောဆုံးအဖြစ်နဲ့ နာမည်ကျော်မင်းသား So …
Read More »Ji Chang Wook နဲ့ Shin Hye Sun တို့ကို အတူမြင်တွေ့ရမယ့် ဒရမ်မာသစ်
မင်းသား Ji Chang Wook ကတော့ နာမည်ကျော်မင်းသားတစ်လက်အဖြစ်နှစ်ပေါင်းများစွာရပ်တည်နေသလို မင်းသမီး Shin Hye Sun ကလည်းထူးချွန်တဲ့သရုပ်ဆောင်ချက်တွေနဲ့အတူ နာမည်ကြီးတဲ့မင်းသမီးတစ်လက်ပါ။ သူတို့နှစ်ဦးကိုတော့ ဒရမ်မာသစ်မှာမြင်တွေ့ရမှာ ဖြစ်ပါတယ်။ မင်းသားရဲ့အေဂျင်စီဖြစ်တဲ့ Glorious Entertainment က Ji Chang Wook ကတော့Welcome to Samdalri ဆိုတဲ့ဒရမ်မာအတွက်ကမ်းလှမ်းခံထားရပြီး အသေးစိတ်ကိုဆွေးနွေးနေဆဲဖြစ်တယ်လို့ ဆိုထားပါတယ် ။မင်းသမီး Shin Hye Sun ရဲ့ အေဂျင်စီ IOK Company ကလည်းပဲ Wax Doll ဆိုတဲ့ဒရမ်မာအတွက် ပြင်ဆင်နေကြောင်းနဲ့ Welcome to Samdalri ဒရမ်မာကိုကမ်းလှမ်းထားတာကိုတော့ ဆုံးဖြတ်နေဆဲဖြစ်ကြောင်း ပြောကြားထားပါတယ်။ Welcome to Samdalri …
Read More »တက်သစ်စသရုပ်ဆောင်ဘဝမှာ လှောင်ပြောင်မှုနဲ့ဝေဖန်မှုတွေကြုံခဲ့ရတဲ့ မင်းသမီး Goo Hye Sun
မင်းသမီး Goo Hye Sun ကတော့ လက်ရှိမှာအသက် (၃၈) ရှိနေပြီဖြစ်ပြီး သရုပ်ဆောင်၊ဒါရိုက်တစ်ယောက်အနေနဲ့ နာမည်ကျော်ကြားတဲ့အနုပညာရှင်တစ်ယောက်ပါ။ သူကတော့ တက်သစ်စသရုပ်ဆောင်ဘဝကအတွေ့အကြုံတွေအကြောင်းကို သူတက်ရောက်ခဲ့တဲ့ Sungkyunkwan University မှာပြောပြခဲ့ပါတယ်။ မင်းသမီးကတော့ (၂၀၀၉) ခုနှစ်မှာ အောင်မြင်ခဲ့တဲ့ Boys Over Flowers ဇာတ်လမ်းတွဲမှာ ဂေါင်ဂျန်ဒီအဖြစ်ပါဝင်ခဲ့ပြီးလူသိများလာခဲ့ပါတယ်။ အဲ့ဒီနောက်ပိုင်းမှာ Angel Eyes နဲ့ Blood ကဲ့သလို့ဇာတ်လမ်းတွေမှာပါဝင်ခဲ့ပြီး အားလုံးရဲ့အာရုံစိုက်မှုကိုလည်း ခံခဲ့ရတာပါ သူ့ရဲ့တက်သစ်စသရုပ်ဆောင်ဘဝမှာ သရုပ်ဆောင်စွမ်းရည်ကိုဝေဖန်ခဲ့ကြပြီး ရယ်စရာအဖြစ်အွန်လိုင်းမှာ meme တွေပြုလုပ်ခံခဲ့ရကြောင်းပြောပြခဲ့ပါတယ်။ မင်းသမီးကေတာ့ ပွဲဦးထွက်စဉ်က အဆင်သင့်အဖြစ်သေးခဲ့ပဲ သရုပ်ဆောင်စွမ်းရည်ကလည်းမကောင်းသေးကြောင်း ဝန်ခံခဲ့ပါတယ်။ အဲ့ဒီလိုခက်ခဲတဲ့အချိန်တွေမှာ အသက်မရှင်ချင်တော့တဲ့စိတ်မျိုးဖြစ်ခဲ့ပြီး bungee jumping နဲ့ရေငုပ်ခြင်းတို့လိုအားကစားတွေလုပ်ပြီး စိတ်ပင်ပန်းမှုတွေကိုသက်သာစေခဲ့တဲ့အကြောင်းတွေကို မျှဝေခဲ့ပါတယ်။ …
Read More »