International Cele

Jung Hae-in နဲ့အတူ အဓိကဇာတ်ဆောင်အဖြစ်နဲ့ပွဲဦးထွက်ဇာတ်လမ်းတွဲထွက်ရှိလာတော့မယ့် Blackpinkအဖွဲ့ဝင် Jisoo

Blackpinkအဖွဲ့ကတော့ ကမ္ဘာတစ်ဝှမ်းအောင်မြင်ကျော်ကြားနေတဲ့ အမျိုးသမီးအဆိုတော်အဖွဲ့ဖြစ်သလို Jisoo ကတော့အဖွဲ့ဝင်တစ်ဦးဖြစ်တဲ့အပြင် ချောမောလှပတဲ့ရုပ်ရည်ကြောင့် သတိထားခံရသူတစ်ယောက်ပါ။ ပရိသတ်တော်တော်များများကတော့ Jisoo ကို သရုပ်ဆောင်ကောင်းတစ်ယောက်အနေနဲ့မြင်တွေ့လိုကြပြီးအခုဆိုရင်တော့ Main Lead အနေနဲ့ပွဲဦးထွက်လာမယ့်သတင်းဟာ ဝမ်းသာစရာပါပဲ။ Snowdrop(လက်ရှိပေးထားတဲ့နာမည်)နဲ့ရုပ်သံဇာတ်လမ်းတွဲကိုရိုက်ကူးတော့မှာဖြစ်ပြီး ဒီဇာတ်လမ်းတွဲရဲ့အဓိကဇာတ်ဆောင်နေရာမှာတော့ ပရိသတ်တွေချစ်တဲ့ Kim Jisoo နဲ့အတူ မင်းသားချော Jung Hae-in တို့က ပါဝင်လာတော့မှာပါ။ ဒီဇာတ်လမ်းလေးမှာတော့ မြောက်ကိုရီးယားကထွက်ပြေးလာပြီး ဒဏ်ရာရရှိနေတဲ့အမျိုးသားလေးကို ကူညီကယ်ဆယ်လိုက်တဲ့ကျောင်းသူလေးနဲ့ သူတို့နှစ်ဦးကြားကအချစ်ဇာတ်လမ်းလေးကိုရိုက်ကူးထားတာလည်း ဖြစ်ပါတယ်။ ဒီဇာတ်လမ်းတွဲလေးကတော့ ပါဝင်တဲ့သရုပ်ဆောင်တွေအပြင် ကောင်းမွန်တဲ့ဇာတ်လမ်းတစ်ခုဖြစ်တာကြောင့် ပရိသတ်တွေစိတ်ဝင်စားမှုများနေတာလည်း ဖြစ်ပါတယ်။ ဒီဇာတ်လမ်းတွဲမှာတော့ Jisoo အပါအဝင်အခြားသောနာမည်ကြီးတွေဖြစ်တဲ့ Kim Hye Yoon ၊ Yoon Se-ah ၊Jang Seung-jo နဲ့ Jung …

Read More »
x