“မေသသေ႐ြ႕ အႏုပညာအလုပ္ကို ဆက္ႀကိဳးစားသြားမယ္လို႔ ေျပာလာတဲ့ ဦးေပၚေလး “

00.png

ပြဲကေနရမွ ႐ုပ္ရွင္႐ိုက္ေနရမွ ေက်နပ္ေနတဲ့ ဦးေပၚေလးကေတာ့ ပရိသတ္အားေပးမႈကို လက္ဝယ္ပိုင္ဆိုင္ထားတဲ့ ဝါရင့္ဟာသအႏုပညာရွင္တစ္ေယာက္လို႔ဆိုႏိုင္ပါတယ္။ ဦးေပၚေလးကေတာ့ အေၾကာင္းအားေလွ်ာ္စြာ ေလျဖတ္ေဝဒနာ ကိုခံစားေနရတာျဖစ္ပါတယ္။ အပူအေအးမမွ်တလို႔ ေလျဖတ္ေဝဒနာကို ခံစားရၿပီး သူမေသသေ႐ြ႕ အႏုပညာအလုပ္ကို ဆက္ၿပီးေတာ့ႀကိဳးစားသြားမယ္ ဆိုတဲ့အေၾကာင္းကို CeleGabar ကိုေျပာဆိုခဲ့တာျဖစ္ပါတယ္။

“ ေလျဖတ္ေဝဒနာကိုခံစားေနရေပမဲ့ အႏုပညာအတြက္ ျပန္ေကာင္းလာတဲ့အခ်ိန္ သူမေသသေ႐ြ႕ အႏုပညာကိုဆက္ၿပီးေတာ့ႀကိဳးစားသြားမွာျဖစ္ပါတယ္“လို႔ ေျပာျပထားပါတယ္။“အပူအေအးမမွ်တေတာ့ ဘယ္ဘက္တျခမ္းေလျဖတ္သြားတယ္ ျဖစ္ျဖစ္ခ်င္းရန္ကုန္ေဆး႐ုံႀကီးကိုသြားတယ္ေသြးခဲသြားတာ“လို႔ေျပာျပထားတာျဖစ္ပါတယ္။“ ပါရမီေဆး႐ုံႀကီးကိုသြားတယ္ သူတို႔ေပးတဲ့ေဆးကိုပုံမွန္ေသာက္ကမယ္၊ေလ့က်င့္ခန္းလုပ္ရမယ္၊ အစားအေသာက္ေရွာင္ရမယ္၊ အဲဒါဆိုရင္ေတာ့သက္သာမွာေပါ့“လို႔လည္းေျပာျပသြားပါတယ္။“အၿမဲတမ္းအလုပ္လုပ္ေနတဲ့လူက အလုပ္မလုပ္ႏိုင္ မရပ္ႏိုင္ျဖစ္ေနေတာ့ စိတ္ဓာတ္ေတာ့ က်တာေပါ့“လို႔လည္းေျပာျပထားပါေသးတယ္။

 

လူ႐ႊင္ေတာ္အသင္း၊သဘင္အစည္းအ႐ုံးဗဟို၊ ပိုင္ၿဖိဳးသုတို႔ကလာေရာက္သတင္းေမးရင္းကန္ေတာ့ၾကတယ္လို႔လည္းသိရပါတယ္။ ျပန္ေကာင္းလာရင္ေတာ့ စင္ေပၚမွာ ေတြ႕ရဦးမွာပါ ပြဲကေနရမွ ႐ုပ္ရွင္႐ိုက္ေနရမွ ေက်နပ္ေနတဲ့လူဆိုေတာ့ မေသသေ႐ြ႕ဆက္ၿပီးေတာ့ႀကိဳးစားေနအုံးမွာပါလို႔မွတ္ခ်က္ေပးခဲ့ပါတယ္။ ဆယ္လီကမာၻပရိသတ္ႀကီးေရာ ဦးေပၚေလး ျပန္ေကာင္းလာတဲ့အခ်ိန္ကိုေစာင့္ၿပီးအားေပးၾကမယ္မဟုတ္လား မွတ္ခ်က္ေလးေရးေပးခဲ့ပါဦး။

 

ခ်စ္သဲေမ@CeleGabar / Source:CeleGabar
ယူနီကုတ္ျဖင့္ဖတ္ရန္

မသေသရွေ့ အနုပညာအလုပ်ကို ဆက်ကြိုးစားသွားမယ်လို့ ပြောလာတဲ့ ဦးပေါ်လေး
ပွဲကနေရမှ ရုပ်ရှင်ရိုက်နေရမှ ကျေနပ်နေတဲ့ ဦးပေါ်လေးကတော့ ပရိသတ်အားပေးမှုကို လက်ဝယ်ပိုင်ဆိုင်ထားတဲ့ ဝါရင့်ဟာသအနုပညာရှင်တစ်ယောက်လို့ဆိုနိုင်ပါတယ်။ ဦးပေါ်လေးကတော့ အကြောင်းအားလျှော်စွာ လေဖြတ်ဝေဒနာ ကိုခံစားနေရတာဖြစ်ပါတယ်။ အပူအအေးမမျှတလို့ လေဖြတ်ဝေဒနာကို ခံစားရပြီး သူမသေသရွေ့ အနုပညာအလုပ်ကို ဆက်ပြီးတော့ကြိုးစားသွားမယ် ဆိုတဲ့အကြောင်းကို CeleGabar ကိုပြောဆိုခဲ့တာဖြစ်ပါတယ်။

“ လေဖြတ်ဝေဒနာကိုခံစားနေရပေမဲ့ အနုပညာအတွက် ပြန်ကောင်းလာတဲ့အချိန် သူမသေသရွေ့ အနုပညာကိုဆက်ပြီးတော့ကြိုးစားသွားမှာဖြစ်ပါတယ်“လို့ ပြောပြထားပါတယ်။“အပူအအေးမမျှတတော့ ဘယ်ဘက်တခြမ်းလေဖြတ်သွားတယ် ဖြစ်ဖြစ်ချင်းရန်ကုန်ဆေးရုံကြီးကိုသွားတယ်သွေးခဲသွားတာ“လို့ပြောပြထားတာဖြစ်ပါတယ်။“ ပါရမီဆေးရုံကြီးကိုသွားတယ် သူတို့ပေးတဲ့ဆေးကိုပုံမှန်သောက်ကမယ်၊လေ့ကျင့်ခန်းလုပ်ရမယ်၊ အစားအသောက်ရှောင်ရမယ်၊ အဲဒါဆိုရင်တော့သက်သာမှာပေါ့“လို့လည်းပြောပြသွားပါတယ်။“အမြဲတမ်းအလုပ်လုပ်နေတဲ့လူက အလုပ်မလုပ်နိုင် မရပ်နိုင်ဖြစ်နေတော့ စိတ်ဓာတ်တော့ ကျတာပေါ့“လို့လည်းပြောပြထားပါသေးတယ်။

လူရွှင်တော်အသင်း၊သဘင်အစည်းအရုံးဗဟို၊ ပိုင်ဖြိုးသုတို့ကလာရောက်သတင်းမေးရင်းကန်တော့ကြတယ်လို့လည်းသိရပါတယ်။ ပြန်ကောင်းလာရင်တော့ စင်ပေါ်မှာ တွေ့ရဦးမှာပါ ပွဲကနေရမှ ရုပ်ရှင်ရိုက်နေရမှ ကျေနပ်နေတဲ့လူဆိုတော့ မသေသရွေ့ဆက်ပြီးတော့ကြိုးစားနေအုံးမှာပါလို့မှတ်ချက်ပေးခဲ့ပါတယ်။ ဆယ်လီကမ္ဘာပရိသတ်ကြီးရော ဦးပေါ်လေး ပြန်ကောင်းလာတဲ့အချိန်ကိုစောင့်ပြီးအားပေးကြမယ်မဟုတ်လား မှတ်ချက်လေးရေးပေးခဲ့ပါဦး။

ချစ်သဲမေ@CeleGabar / Source:CeleGabar

scroll to top