” ဝမ်းမနာ သားသမီးတွေရဲ့ ပူဆာသမျှကို အနွံနာခံကာ မမောမပန်းနိုင်အောင်ပီတိဝေဖြာလျက် ကလေးထိန်းနေတဲ့ ပရဟိတမင်းသမီးခိုင်နှင်းဝေ”

CeleGabar ပရိသတ်ကြီးရေ ခိုင်နှင်းဝေကတော့ ပရဟိတမင်းသမီးတစ်လက်လို့ပရိသတ်တွေ သတ်မှတ်ထားတဲ့အတိုင်း ခိုင်နှင်းဝေရင်သွေးလေးများဂေဟာကို ဦးစီးတည်ထောင်ကာ မိဘမဲ့ကလေးတွေကို သူမရဲ့ရင်သွေးလေးတွေသဖွယ် ကူညီစောင့်ရှောက်နေတဲ့ ချီးကျူးလေးစားဖွယ်မင်းသမီးတစ်လက်ပါ။ ဘယ်လိုအကြောင်းကြောင့်ပဲ ဖြစ်ဖြစ် စွန့်ပစ်ခံရတဲ့ ကလေးတွေအတွက် အတတ်နိုင်ဆုံးကာကွယ် ခေါ်ယူစောင့်ရှောက်လျက်ရှိနေသူပါ။


အမြဲလိုလိုပရဟိတအလုပ်တွေဆက်တိုက်လုပ်ကာ အလှူအတန်းရက်ရောလွန်းတဲ့ ခိုင်နှင်းဝေကတော့Covidကာလတွေမှာတောင် သူမရဲ့ ဂေဟာသို့သွားရောက်ကာ သူမရဲ့ဝမ်းမနာသားသမီးတွေကို အရိပ်တကြည့်ကြည့် ပြုစုစောင့်ရှောက်ပေးခဲ့သူပါ။ သူမအနေနဲ့ ရောက်လာတဲ့မိဘမဲ့ကလေးတွေအပေါ် မိခင်အရင်းတစ်ယောက်လိုတာဝန်ကျေအောင်အဘက်ဘက်ကဖြည်းဆည်းပေးနေခဲ့တာပါ။


ဒီနေ့မှာလည်း”မေမေ လာ အပြင်သွားမယ်ဆိုပြီး လက်ဆွဲ ခေါ်လာလို့ လိုက်လာရတယ်ရှင်..”ဆိုတဲ့စာလေးနဲ့ သူမရဲ့ဂေဟာက သာလေးတွေ သူမအပေါ် တွယ်တာနေတဲ့ ပုံရိပ်လေးတွေကို ကြည်နူးဖွယ်ပုံရိပ်လေးတွေနဲ့တင်လာခဲ့တာပါ။
CeleGabarပရိသတ်ကြီးလည်း ခိုင်နှင်းဝေရဲ့ မိခင်မေတ္တာအပြည့်ရှိတဲ့စိတ်ဓာတ်လေးကို သဘောကျလေးစားရင်မှတ်ချက်တစ်ခုခုပေးခဲ့ပါဦးနော်။


Koe-CeleGabar
Source – Khine Hnin Wai
ZawgyiFontဖြင့်ဖတ်ရန်

” ဝမ္းမနာ သားသမီးေတြရဲ႕ ပူဆာသမွ်ကို အႏြံနာခံကာ မေမာမပန္းႏိုင္ေအာင္ပီတိေဝျဖာလ်က္ ကေလးထိန္းေနတဲ့ ပရဟိတမင္းသမီးခိုင္ႏွင္းေဝ”

CeleGabar ပရိသတ္ႀကီးေရ ခိုင္ႏွင္းေဝကေတာ့ ပရဟိတမင္းသမီးတစ္လက္လို႔ပရိသတ္ေတြ သတ္မွတ္ထားတဲ့အတိုင္း ခိုင္ႏွင္းေဝရင္ေသြးေလးမ်ားေဂဟာကို ဦးစီးတည္ေထာင္ကာ မိဘမဲ့ကေလးေတြကို သူမရဲ႕ရင္ေသြးေလးေတြသဖြယ္ ကူညီေစာင့္ေရွာက္ေနတဲ့ ခ်ီးက်ဴးေလးစားဖြယ္မင္းသမီးတစ္လက္ပါ။ ဘယ္လိုအေၾကာင္းေၾကာင့္ပဲ ျဖစ္ျဖစ္ စြန္႔ပစ္ခံရတဲ့ ကေလးေတြအတြက္ အတတ္ႏိုင္ဆုံးကာကြယ္ ေခၚယူေစာင့္ေရွာက္လ်က္ရွိေနသူပါ။


အၿမဲလိုလိုပရဟိတအလုပ္ေတြဆက္တိုက္လုပ္ကာ အလႉအတန္းရက္ေရာလြန္းတဲ့ ခိုင္ႏွင္းေဝကေတာ့Covidကာလေတြမွာေတာင္ သူမရဲ႕ ေဂဟာသို႔သြားေရာက္ကာ သူမရဲ႕ဝမ္းမနာသားသမီးေတြကို အရိပ္တၾကည့္ၾကည့္ ျပဳစုေစာင့္ေရွာက္ေပးခဲ့သူပါ။ သူမအေနနဲ႔ ေရာက္လာတဲ့မိဘမဲ့ကေလးေတြအေပၚ မိခင္အရင္းတစ္ေယာက္လိုတာဝန္ေက်ေအာင္အဘက္ဘက္ကျဖည္းဆည္းေပးေနခဲ့တာပါ။


ဒီေန႔မွာလည္း”ေမေမ လာ အျပင္သြားမယ္ဆိုၿပီး လက္ဆြဲ ေခၚလာလို႔ လိုက္လာရတယ္ရွင္..”ဆိုတဲ့စာေလးနဲ႔ သူမရဲ႕ေဂဟာက သာေလးေတြ သူမအေပၚ တြယ္တာေနတဲ့ ပုံရိပ္ေလးေတြကို ၾကည္ႏူးဖြယ္ပုံရိပ္ေလးေတြနဲ႔တင္လာခဲ့တာပါ။CeleGabarပရိသတ္ႀကီးလည္း ခိုင္ႏွင္းေဝရဲ႕ မိခင္ေမတၱာအျပည့္ရွိတဲ့စိတ္ဓာတ္ေလးကို သေဘာက်ေလးစားရင္မွတ္ခ်က္တစ္ခုခုေပးခဲ့ပါဦးေနာ္။


Koe-CeleGabar
Source – Khine Hnin Wai

Check Also

” Youtube Channel မှာ Subscribersအယောက်၁သိန်းပြည့်သွားခဲ့တာကြောင့် Youtubeကပေးတဲ့ Creator Awardလေး ရရှိခဲ့ကြောင်း ဝမ်းသာစွာ ပြောပြလာတဲ့ ယွန်းမြတ်သူ”

CeleGabar ပရိသတ်ကြီးရေယွန်းမြတ်သူကတော့လတ်တလောမှာ ပရိသတ်ပါးစပ်ဖျားမှာရေပန်းအစားဆုံး သီချင်းရဲ့ပိုင်ရှင်လို့ဆိုရမှာပါ။ ပထမCovidကာလမှာလည်း သူမရဲ့အဆင်ပြေမနေပါဘူးသီချင်းဟာ ပရိသတ်တွေအတွက် ရေပန်းစားခဲ့ပြီး အခုဒုတိယ Covidကာလမှာဆိုရင်လည်း သီချင်းမထွက်ခင်ကတည်းကသူမရဲ့ ”နင်လမ်းတွေ့ခဲ့ရင်”သီချင်းဟာ ပရိသတ်တွေပါးစပ်ဖျားနေရာယူထားခဲ့တဲ့သီချင်းဖြစ်ခဲ့တာပါ။ လက်တလောမှာလည်းအသစ်စက်စက်ထွက်ရှိထားတဲ့𝘽𝙍𝘼𝙄𝙉𝙇𝙀𝙎𝙎 Music …

x