” မိခင်ကြီးမဆုံးခင်က သိန်းရာချီအလိမ်ခံခဲ့ရတဲ့အကြွေးတွေကိုအကျေဆပ်ပြီးခဲ့ပြီဖြစ်ကြောင်း နဲ့ မိခင်ကြီးလိုအလိမ်မခံရဖို့အသက်ကြီးတဲ့လူတွေကို ပစ်မထားသင့်ကြောင်း ပြောပြလာတဲ့ Russell”

CeleGabarပရိသတ်ကြီးရေ Russell ကတော့ မကြာသေးမီက ချစ်ရတဲ့မိခင်ကြီးကိုဆုံးရှုံးခဲ့ရသူပဲ ဖြစ်ပါတယ်။ သူ့အနေနဲ့မိခင်ကြီးကိုလွမ်းဆွတ်ကြောင်း အမြဲတင်ကာ သတိရလျက်ရှိနေခဲ့တာပါ။ မိခင်ကြီးနဲ့ပျော်ပျော်ရွှင်ရွှင်အမှတ်တရတွေအပြင် မမေ့နိုင်တဲ့ခက်ခဲပင်ပန်းမှုအမှတ်တရတွေရှိခဲ့​ေကြာင်းကိုဒီနေ့မှာပရိသတ်​ေ​တွကို ပြောပြခဲ့တာပါ။မိခင်ကြီးမဆုံးခင်က ကြုံတွေ့ခဲ့ရတဲ့ လိမ်လည်မှုကို သူ့ရဲ့မိခင်ကြီးလို အခြားသော အသက်ကြီးသူတွေအလိမ်မခံရစေဖိူ့ပြောပြခဲ့တာပါ။ ”Edit : အခု အမေလည်း ဆုံးသွားပြီဆိုတော့ …. လူကြီးတွေ သိရအောင် ပြန်တင်ပေးလိုက်ပါတယ် …. အဆင်မပြေရင် ကျော်သွားလိုက်ပါနော် 🙏”ဒီ Post ကို ကျွန်တော် မ Share ပဲနေမလို့ စည်းစားပါသေးတယ်…. မရတော့တဲ့ အခြေအနေမို့ အများသိစေရန် ရင်နာနာနဲ့ပဲ Share လိုက်ပါတယ် ခင်မျ….ဖြစ်ပုံက ၂၀၁၅ October လောက်က ပါ…. အဲ့တုန်းက ရေကြီးပြီး လူအများစု အလှူခံတွေထွက်နေတဲ့ အချိန်ပါ…. ကျွန်တော်လည်း အများနဲ့အတူ အိမ်မက်ဆုံရာက ဘော်ဒါတွေနဲ့ အလှူခံထွက်ပြီး Gandama Wholesale မှာလှူမယ့်ပစ္စည်းတွေ သွားဝယ်မလို့ သွားနေပါတယ်… အချိန်ကတော့ မနက် ၁၀:၀၀ လောက်ဖြစ်မယ်ထင်တယ်…. Taxi ထဲမှာ အိမ်မက်ဆုံရာက Leo လည်းပါပါတယ်….

အဲ့အချိန်မှာ အမေ့ရဲ့ ၄ယောက်မြောက်ညီမ ( အမေက မောင်နှမငါးယောက်ထဲ အကြီးဆုံး ) ကကျွန်တော့်ကိုပြောပါတယ်…. သူက စိုးရိမ်တကြီးနဲ့ ဖုန်းထဲမှာပြောပါတယ်…. ” သား….ဖိုးဥာဏ်…. သားအမေ အခုပဲ သိန်းတရာချေးသွားလို့….. သူ့ကြည့်ရတာ အရေးတကြီး လိုနေပုံပဲ….လာမယ့် Sunday ပြန်ဆက်မယ်ပြောတယ်…. ” ( အဲ့နေ့က ဗုဒ္ဓဟူး နေ့ပါ )….အဲ့မှာ ကျွန်နော်က အံ့အားသင့်သွားပြီး…. ” သိန်း ၁၀၀ ????? အန်တီ…. မေကြီးက ဘာလို့ ချေးရတာလဲ….. ကျနော်လဲဘာမှ မသိရပါလား??? ဘာအတွက်လို့ပြောလဲ…. အန်တီ ??? ” လို့မေးလိုက်တော့ သူက ” မကြီးက စီးပွားရေး လုပ်ဖို့ပြောတာပဲ…. နိုင်ငံခြား ကုမ္ပဏီတစ်ခုနဲ့ စီးပွားရေးလုပ်ဖို့ အရင်းအနှီးလိုတယ်….တဲ့…. သိပ်မကြာဘူး ပြန်ဆပ်မယ်ပြောတယ်…. အဲ့တာ မေးကြည့်လိုက်ပါဦးဟယ်…. ငါ့မှာလဲ ဘဏ်ထဲရှိတာအကုန်ပဲ ပေးလိုက်တာ….မကြာဘူးပြန်ပေးမယ်ပြောလို့….. “…

အဲ့အချိန်မှာ ကျနော်စဉ်းစားမိတာက အမေက အဲ့အလုပ်ကိစ္စနဲ့ ပါတ်သတ်ပြီး တစ်ခါမှ မပြောဘူးပါဘူး… အစိုးရဝန်ထမ်း ဆိုတော့ စီးပွားရေးလည်း သူမကျွမ်းကျင်ဘူးလေ…. ကျပ် ၁၀၀၀ ရင်းပြီး ၁၀၀ တောင်မြတ်အောင်မလုပ်တတ်သူပါ…. ကိုယ့်အမေအကြောင်း ကိုယ်သိနေတော့ စိုးရိမ်သွားပြီး ချက်ချင်းဖုန်းဆက်ကြည့်တော့သူက…. ” အခုနိုင်ငံခြား ကုမ္ပဏီတစ်ခုနဲ့ အလုပ်လုပ်နေတယ်….အိမ်ရောက်မှ ပြောပြမယ်….” ဆိုပြီးဖုန်းချသွားလေရဲ့….. ဒါနဲ့ ထပ်ဆက်ကြည့်တော့ သူကစိတ်မရှည်စွာနဲ့ “ငါနိုင်ငံခြားနဲ့ အလုပ်လုပ်နေတယ်…. ဝင်မပါနဲ့….အချိန်တန်ရင် သိရမယ်… ” ဆိုပြီးဖုန်းချလိုက်ပါတယ်…. ဖုန်းကမကျပဲ အသံတွေဆက်ကြားနေရတော့ ကျနော်က Speaker ဖွင့်ပြီး နားထောင်လိုက်ပါတယ်… သူပြောနေတာက နိုင်ငံခြား Bank account တစ်ခုကို ပိုက်ဆံလွှဲဖို့အမျိုးသားတစ်ဦးနဲ့ ပြောနေတာပါ….. အမေးအဖြေတွေလုပ်နေရင်းနဲ့ ဖုန်းကျသွားတယ်…. ကျနော်လည်း ပရဟိတကိစ္စနဲ့ လောနေတာမို့ မေ့သွားပြီးတော့ အိမ်ရောက်တော့ ပင်ပန်းတာနဲ့ တန်းအိပ်ပျော်သွားတာပါပဲ….

 

ဒီလိုနဲ့ ည ၁၁ လောက်ကျတော့ ကျနော်နိုးလာပါတယ်…. နိုးလာတော့ ချက်ချင်းအမေ့ကို သတိရသွားပြီး လှမ်းခေါ်လိုက်ပါတယ်….သူက အိမ်ခန်းထဲကနေ ဖုန်းတစ်လုံးနဲ့ ထွက်လာပါတယ်…. ကျနော်နဲ့မျက်နှာချင်းဆိုင် ဆိုဖာပေါ်မှာထိုင်လိုက်ပြီး သူကပြုံးပြုံးကြီးနဲ့ကြည့်ပြီး မေးတယ်…. ” ကဲ…ပြော… ” ….အဲ့တာနဲ့ ကျနော်က “အမေ… မနက်က သိန်း ၁၀၀ ကိစ္စ ပြောဦး… ဘာစီးပွားရေး အတွက်လဲ…. ?” ဆိုတော့ သူက ပြုံးပြီးဖြေတယ်…. “ငါနောက်အိမ်ထောင်ပြုတော့မယ်….. “တဲ့…အဲ့အချိန်မှာ ညအိပ်လာစောင့်ပေးတဲ့ Leo ရယ်ကျနော်ရယ် တစ်ယောက်မျက်နှာတစ်ယောက်ကြည့်ပြီး ပြုံးစိစိဖြစ်သွားပါတယ်…. ( အမှန်အတိုင်းပြောရရင် သူ့ကိုနောင်အိမ်ထောင်ပြုတာ မပြုတာထက် သူပျော်ဖို့အဓိက ဆိုတာပဲ ရင်ထဲရှိတာပါ… ) ….အဲ့တာနဲ့ ” ဘယ်သူလဲ…??? ဘယ်ကလဲ ???? ဘာအလုပ်လုပ်လဲ??? ဘယ်လိုသိကြတာလဲ ??? ” မေးခွန်းတွေမေးမြန်းရတာပေါ့…

 

အဲ့တာနဲ့သူက ” သူ့နာမည်က George ( ဆိုပါတော့ ) ….. သူက American Army က ဗိုလ်ချုပ်ကြီး General တစ်ယောက်….တစ်ခုလပ်…. သားသမီးတော့ရှိတယ်…. ဆုတွေလည်းအများကြီးရထားတယ်…. fb သုံးရင်း ဆုံကြတာပေါ့…. Fb မှာခင်နေတာကြာပြီ….သူက အခု Propose လုပ်ထားတယ်…. လာမယ့် December ကျရင် ရန်ကုန်လာမယ်…. ငါ့ကို One million Dollar နဲ့လာတင်တောင်းမယ် ပြောတယ်…. ငါကလည်းလက်ခံလိုက်တယ်…. နင်လည်း Us visa တွေဘာတွေ လုပ်ထားဦး….အဆင်ပြေရင် အားလုံးဟိုမှာ အေးဆေးနေရုံပဲ…. ” ဆိုတာနဲ့ ကျနော် ခေါင်းကြီးသွားပါတယ်…. ” အမေ မနက်က သိန်း ၁၀၀ ကိစ္စကရော….? ” ဆိုတော့ သူက ” အခု George က Indonesia မှာအခြေကျနေတယ်…. စစ်တပ်ကလွှတ်ထားတာ…. အခု Case တစ်ခုကြောင့်ကြာနေတာ…. သူ့ Visa card ကလည်းပျက်နေတော့ သူ့မှာ Hotel ခ တွေရှင်းဖို့ အခက်အခဲဖြစ်နေတယ်….အဲ့တာကြောင့် ဒီကနေ Hotel ခတွေလှမ်းပို့ပေးနေရတာ…. December ကျ…သူလာလို့ရှိရင် George တင်တောင်းမယ့် One million Dollar ထဲက ဆပ်လိုက်ရုံပဲ…. ” လို့ပြောလိုက်တာနဲ့ ကျနော်ထပ်မေးလိုက်ပါတယ်…. ” အခုအဲ့သိန်း ၁၀၀ ရော ???? ” ဆိုတော့ ” ၉လပိုင်းတုန်းက မ** ဆီက ၂၃သိန်း ချေးပြီး ပို့ထားတာ….အခုသူက လောနေလို့ သိန်း ၁၀၀ ထဲက ဆပ်လိုက်တယ်…. ” ကျနော်က ” အာ့ဆိုကျန်တဲ့ ၇၇ သိန်းရော….အမေ…. ” ဆိုတော့ ” Indonesia bank account ကိုအကုန်ပို့လိုက်ပြီ ” လို့သွေးအေးအေးနဲ့ဖြေပါတယ်…. အဲ့တာနဲ့ အဲ့ George ဆိုတဲ့လူရဲ့ Fb Account ကိုယူကြည့်မိတော့ သူ့မှာ- ဝါးတားတား Profile pic ရယ်- ၂၀၁၃ ကတင်ထားတဲ့ လေယာဉ်ပျံပုံ ရယ်ကျနော့် အမေပုံနဲ့ Cover pic ရယ်ဒါပဲရှိပါတယ်….

ကျန်တဲ့ Personal info တွေလည်း ဘာတစ်ခုမှမရှိတာနဲ့ သူ့ ProfileProfile Pic ကို download လုပ်ပြီး Google Search မှာရှာမိတော့ အဲ့လူက George နာမည်နဲ့မဟုတ်ပဲ အခြားနာမည်နဲ့ တကယ့်လူတစ်ယောက်ဖြစ်နေပါတယ်….သူမှာလည်း လက်ရှိအိမ်ထောင်နဲ့ ကလေးတွေနဲ့ အမေကျနော့်ကိုပြတဲ့ သူဆုရထားတဲ့ ဓာတ်ပုံတွေလည်း တန်းစီတွေ့လိုက်ပါတယ်…. အဲ့အချိန်မှာ ကျနော် အရမ်းလန့်သွားပြီး ” အမေ !!!!! အဲ့တာ Acc အတုကြီး….. အမေ့ကို လိမ်စားသွားတာ…. ပုံအစစ်တွေနဲ့ လူလိမ်လုပ်သွားတာ…..!!!!! ” ဆိုပြီး ကျနော်က အသားတွေ တစ်ဆက်ဆက်တုန်နေချိန်မှာ သူ့မှာတော့ စိုးရိမ်စိတ်တောင်မပြပါဘူး…. ” အဲ့လိုမျိုး ရှိလို့လား…. ငါနဲ့စကားပြောနေတာ အကောင်းပါပဲ…. နင်မှားတာနေမှာပါ ….” ဆိုပြီး ကျနော့်ကို အသည်းယားအောင်တောင် ဖြေလိုက်ပါတယ်….

အဲ့အချိန်မှာ Leo က ” အန်တီ အလိမ်ခံလိုက်ရပြီ…. အခုလို Online မှာလိမ်စားနေတဲ့ လူတွေအများကြီးပဲ….အစထဲက Russell ကိုတိုင်ပင်သင့်တယ်…. ” ဆိုတော့ ကျနော့်မှာ ခေါင်းထဲရှိတာက ကျနော်တို့ ကိုယ်ပိုင် ပိုက်ဆံမဟုတ်တဲ့ သူများပိုက်ဆံ သိန်း ၁၀၀ ပါပဲအချိန်ကလည်း ည ၁၂နာရီနီးနေပြီ…. ” မနက်က ငွေလွှဲတဲ့နေရာကိုဖုန်းဆက်မယ်….ဖုန်းနံပါတ်ပေး…”ဆိုတော့ ” ဟာ…..ဒီအချိန်သူများတွေ အိပ်နေပြီ…. မနက်ကျမှ ဆက်…. ” ဆိုတာနဲ့ ကျနော်က ” မရဘူး….!!!! အခုချက်ချင်း ဆက်မယ် !!!! ဖုန်းနံပါတ်ပေး !!!!!!!! ” ဆိုပြီး ကျိမ်းမောင်းတော့မှ သူက ဖုန်းခေါ်ပေးပါတယ်… ဖုန်းခေါ်တော့ သူက ကိုင်ပြီး ကျနော်က ဖြစ်ကြောင်းကုန်စဉ်ပြောပြလိုက်တော့မှ အဲ့လူကပြောတာက ” ကျနော်လည်း အမကြီးကိုပြောပါတယ်…. ဘာ ph no. Address. မှတ်ပုံတင် မှ မရှိတဲ့ Account ကို ၇၇သိန်းလုံးပို့မှာ သေချာရဲ့လားဗျာ…???? ” လိုမေးတော့ အမေက ” သေချာတယ်….ပို့လိုက်ပါ…. ” လို့ပြောပါတယ်…. အဲ့လိုနဲ့ ကျနော်က ” အခု ပိုက်ဆံတွေ ပြန်လိုချင်လို့…. အကို ကျနော့်ကို ကူညီပေးပါ…. ” ပြောတော့မှ ” မနက်စောစော ၉ နာရီလောက်လာခဲ့ပါ… ကျနော် ရသလောက် ကူညီပေးမယ်…. ” ဆိုတာနဲ့ ချက်ချင်းနောက်နေ့မနက် ကျနော် ၈နာရီထဲက သွားစောင့်နေပါတယ်…. ကံကောင်းချင်တော့ ပို့လိုက်တဲ့ပိုက်ဆံတွေက Indonesia ဆီမရောက်သေးပဲ Bankgok ကသူတို့ရုံးခွဲ Account မှာပဲရှိနေသေးတော့ ကျနော်မှာ ပျော်သွားတဲ့အပျော်က ဘာနဲ့မှလဲလိုရမယ် မထင်ပါဘူးဗျာ….. ငွေတွေပြန်ထုတ်တော့ ငွေအပြောင်းအလဲနဲ့ ၄သိန်းလောက်ဆုံးသွားပါတယ်… ၇၃သိန်းပြန်ရလည်းမနည်းဘူး…ဆိုပြီး အဒေါ်ကိုသွားပေးပြီးတာနဲ့ ကျနော် တွေးနေတာက သိန်း၁၀၀ ထဲက အဒေါ့်ကိုပေးရမယ့် ၂၇ သိန်းကိုတော့ ဖြေးဖြေးချင်းဆက်သွားမယ်ပေါ့…. အဒေါ်ကလည်း ” အတိုးမယူဘူး….ရရင်ရသလိုလာဆပ်နော် ” ဆိုလို့ ကျနော့်မှာ အလုံးကြီးကျသွားချိန်မှာ အမေ့ဆီက ထပ်ကြားရတဲ့ စကားကြောင့် သတ်သေချင်စိတ်ပေါက်သွားပါတယ်….

အဲ့တာကတော့ အဲ့ George ဆိုတဲ့ကောင်ကို ကျနော်တို့မသိခင် ၆လပိုင်းထဲက အဲ့ကောင်က လစဉ်ပုံမှန် ပိုက်ဆံတွေတောင်းနေတာတဲ့ဗျာ…..၆ လပိုင်းတုန်းက ၂၂ သိန်း၇ လပိုင်းတုန်းက ၂၅ သိန်း၈ လပိုင်းတုန်းက ၂၂သိန်း ပေါင်း ၆၉ သိန်း လူသုံးယောက်စီမှာ ပတ်ပြီးချေးထားပါတယ်တဲ့….ကျနော်ရူးပြီလေဗျာ….. သီချင်းတစ်ပွဲဆိုရင် ၅သောင်း ၁သိန်းထက်ပိုမရသေးတဲ့အချိန်မှာ ကိုယ်တောင်မသိလိုက် မြင်တောင်မမြင်လိုက်ရတဲ့ ၉၆ သိန်းကို ကျနော်ဘယ်ကနေ ဆပ်ရမှာလဲ…. ပြီးတော့ သူကလွယ်လွယ်လေးပြောတယ် ” အိမ်ရောင်းမယ်…. အခန်းငှားနေမယ် ” ဆိုတော့ ဒီခေတ်ကြီးမှာ အခန်းငှားနေရတာ ဘယ်လောက်ခက်လဲဆိုတာ ကျနော်အသိဆုံး….ဘယ်လိုနည်းနဲမှ အိမ်တော့အရောင်းမခံနိုင်ဘူး ရအောင်ဆပ်မယ်ဆိုပြီး အားတင်းရင်းနဲ့….. ငိုလိုက် စိတ်ဓာတ်တွေကျလိုက် ရူးမလိုဖြစ်လိုက် သေချင်လိုက်နဲ့ ကျနော်ဆုံးဖြတ်ချက်ချလိုက်တယ်….
ဖြစ်ပြီးတာတွေလည်း ပြီးပြီ…. သူ့ကိုလည်း နောက်နောင်ဒီလိုကိစ္စတွေထပ်မဖြစ်ဖို့ ကတိပေးပါ…ရအောင်ဆပ်ပေးမယ်… ဘယ်လိုနည်းနဲ့ပဲဖြစ်ဖြစ် ရအောင်ရှာမယ်…. လို့ဆုံးဖြတ်ချက်ချရင်းနဲ့ပဲ သီချင်းတွေဆိုလိုက် Mc တွေလုပ်လိုက် ကြော်ငြာလေးပြေးရိုက်လိုက်နဲ့ပဲ ဒီနေ့တော့ ရှိသမျှအကြွေးများ လုံးဝကြေသွားပါပြီ….သူလည်း လုံးဝမှတ်သွားပါပြီ….မမှတ်လည်းမရတော့တဲ့ အခြေအနေပါ….

ကျနော်ပြောချင်တာက အခုလိုကိစ္စတွေဖြစ်ပြီးတဲ့နောက်မှာ အခုလိုပဲ ဖြစ်ရပ်တွေအများကြီးရှိတယ်ဆိုတာပါပဲ…. အနုပညာအသိုင်းအဝိုင်းထဲက လူကြီးပိုင်းတွေလည်းပါတယ်ပြောကြတယ်….တစ်ချို့ဆို အိမ်တွေခြံတွေ ပိုင်ဆိုင်မှုတွေပါ ရောင်းပြီး အိမ်ငှားနေရတဲ့ဘဝ ရောက်သွားကြတယ်…. ကျနော်က ဒီလောက်နဲ့ပဲမို့ တော်သေးတယ်ပြောရမယ်….ဒါကရှက်စရာမဟုတ်ပါဘူး…. အသက်ကြီးတဲ့လူတွေကို ပစ်မထားကြပါနဲ့…. အထူးသဖြင့် Social media မှာအထူးသတိထားပါ…. ဖြစ်နိုင်ရင် Password တွေသိအောင်လုပ်ပါ…. ကိုယ်တိုင် Superviseလုပ်ပေးပါ….အချိန်လွန် အသက်ကြီးမှ ဒုက္ခရောက်မယ့်အဖြစ်မျိုး မကြုံရပါစေနဲ့လို့ဆုတောင်းရင်း အဆုံးသတ်လိုက်ပါတယ်…..”ဆိုတဲ့စာလေးနဲ့ မိခင်ကြီးအကြွေးတွေကိုအကြေဆပ်ပေးခဲ့ကြောင်းပြောပြခဲ့တာပါ။ CeleGabarပရိသတ်ကြီးရေ သားလိမ္မာလေးRussellကတော့ တကယ့်ကိုချီးကျူးစရာလူငယ်တစ်ယောက်ပါပဲနော်။

Koe -CeleGabar
Source- Russell
Zawgyi Font ဖြင့်ဖတ်ရန်

” မိခင္ႀကီးမဆုံးခင္က သိန္းရာခ်ီအလိမ္ခံခဲ့ရတဲ့အေႂကြးေတြကိုအေက်ဆပ္ၿပီးခဲ့ၿပီျဖစ္ေၾကာင္း နဲ႔ မိခင္ႀကီးလိုအလိမ္မခံရဖို႔အသက္ႀကီးတဲ့လူေတြကို ပစ္မထားသင့္ေၾကာင္း ေျပာျပလာတဲ့Russell”

CeleGabarပရိသတ္ႀကီးေရ Russell ကေတာ့ မၾကာေသးမီက ခ်စ္ရတဲ့မိခင္ႀကီးကိုဆုံးရႈံးခဲ့ရသူပဲ ျဖစ္ပါတယ္။ သူ႔အေနနဲ႔မိခင္ႀကီးကိုလြမ္းဆြတ္ေၾကာင္း အၿမဲတင္ကာ သတိရလ်က္ရွိေနခဲ့တာပါ။ မိခင္ႀကီးနဲ႔ေပ်ာ္ေပ်ာ္႐ႊင္႐ႊင္အမွတ္တရေတြအျပင္ မေမ့ႏိုင္တဲ့ခက္ခဲပင္ပန္းမႈအမွတ္တရေတြရွိခဲ့​ေၾကာင္းကိုဒီေန႔မွာပရိသတ္​ေ​တြကို ေျပာျပခဲ့တာပါ။မိခင္ႀကီးမဆုံးခင္က ႀကဳံေတြ႕ခဲ့ရတဲ့ လိမ္လည္မႈကို သူ႔ရဲ႕မိခင္ႀကီးလို အျခားေသာ အသက္ႀကီးသူေတြအလိမ္မခံရေစဖိူ႔ေျပာျပခဲ့တာပါ။ ”Edit : အခု အေမလည္း ဆုံးသြားၿပီဆိုေတာ့ …. လူႀကီးေတြ သိရေအာင္ ျပန္တင္ေပးလိုက္ပါတယ္ …. အဆင္မေျပရင္ ေက်ာ္သြားလိုက္ပါေနာ္ 🙏”

ဒီ Post ကို ကြၽန္ေတာ္ မ Share ပဲေနမလို႔ စည္းစားပါေသးတယ္…. မရေတာ့တဲ့ အေျခအေနမို႔ အမ်ားသိေစရန္ ရင္နာနာနဲ႔ပဲ Share လိုက္ပါတယ္ ခင္မ်….ျဖစ္ပုံက ၂၀၁၅ October ေလာက္က ပါ…. အဲ့တုန္းက ေရႀကီးၿပီး လူအမ်ားစု အလႉခံေတြထြက္ေနတဲ့ အခ်ိန္ပါ…. ကြၽန္ေတာ္လည္း အမ်ားနဲ႔အတူ အိမ္မက္ဆုံရာက ေဘာ္ဒါေတြနဲ႔ အလႉခံထြက္ၿပီး Gandama Wholesale မွာလႉမယ့္ပစၥည္းေတြ သြားဝယ္မလို႔ သြားေနပါတယ္… အခ်ိန္ကေတာ့ မနက္ ၁၀:၀၀ ေလာက္ျဖစ္မယ္ထင္တယ္…. Taxi ထဲမွာ အိမ္မက္ဆုံရာက Leo လည္းပါပါတယ္….

အဲ့အခ်ိန္မွာ အေမ့ရဲ႕ ၄ေယာက္ေျမာက္ညီမ ( အေမက ေမာင္ႏွမငါးေယာက္ထဲ အႀကီးဆုံး ) ကကြၽန္ေတာ့္ကိုေျပာပါတယ္…. သူက စိုးရိမ္တႀကီးနဲ႔ ဖုန္းထဲမွာေျပာပါတယ္…. ” သား….ဖိုးဥာဏ္…. သားအေမ အခုပဲ သိန္းတရာေခ်းသြားလို႔….. သူ႔ၾကည့္ရတာ အေရးတႀကီး လိုေနပုံပဲ….လာမယ့္ Sunday ျပန္ဆက္မယ္ေျပာတယ္…. ” ( အဲ့ေန႔က ဗုဒၶဟူး ေန႔ပါ )….အဲ့မွာ ကြၽန္ေနာ္က အံ့အားသင့္သြားၿပီး…. ” သိန္း ၁၀၀ ????? အန္တီ…. ေမႀကီးက ဘာလို႔ ေခ်းရတာလဲ….. က်ေနာ္လဲဘာမွ မသိရပါလား??? ဘာအတြက္လို႔ေျပာလဲ…. အန္တီ ??? ” လို႔ေမးလိုက္ေတာ့ သူက ” မႀကီးက စီးပြားေရး လုပ္ဖို႔ေျပာတာပဲ…. ႏိုင္ငံျခား ကုမၸဏီတစ္ခုနဲ႔ စီးပြားေရးလုပ္ဖို႔ အရင္းအႏွီးလိုတယ္….တဲ့…. သိပ္မၾကာဘူး ျပန္ဆပ္မယ္ေျပာတယ္…. အဲ့တာ ေမးၾကည့္လိုက္ပါဦးဟယ္…. ငါ့မွာလဲ ဘဏ္ထဲရွိတာအကုန္ပဲ ေပးလိုက္တာ….မၾကာဘူးျပန္ေပးမယ္ေျပာလို႔….. “…

အဲ့အခ်ိန္မွာ က်ေနာ္စဥ္းစားမိတာက အေမက အဲ့အလုပ္ကိစၥနဲ႔ ပါတ္သတ္ၿပီး တစ္ခါမွ မေျပာဘူးပါဘူး… အစိုးရဝန္ထမ္း ဆိုေတာ့ စီးပြားေရးလည္း သူမကြၽမ္းက်င္ဘူးေလ…. က်ပ္ ၁၀၀၀ ရင္းၿပီး ၁၀၀ ေတာင္ျမတ္ေအာင္မလုပ္တတ္သူပါ…. ကိုယ့္အေမအေၾကာင္း ကိုယ္သိေနေတာ့ စိုးရိမ္သြားၿပီး ခ်က္ခ်င္းဖုန္းဆက္ၾကည့္ေတာ့သူက…. ” အခုႏိုင္ငံျခား ကုမၸဏီတစ္ခုနဲ႔ အလုပ္လုပ္ေနတယ္….အိမ္ေရာက္မွ ေျပာျပမယ္….” ဆိုၿပီးဖုန္းခ်သြားေလရဲ႕….. ဒါနဲ႔ ထပ္ဆက္ၾကည့္ေတာ့ သူကစိတ္မရွည္စြာနဲ႔ “ငါႏိုင္ငံျခားနဲ႔ အလုပ္လုပ္ေနတယ္…. ဝင္မပါနဲ႔….အခ်ိန္တန္ရင္ သိရမယ္… ” ဆိုၿပီးဖုန္းခ်လိုက္ပါတယ္…. ဖုန္းကမက်ပဲ အသံေတြဆက္ၾကားေနရေတာ့ က်ေနာ္က Speaker ဖြင့္ၿပီး နားေထာင္လိုက္ပါတယ္… သူေျပာေနတာက ႏိုင္ငံျခား Bank account တစ္ခုကို ပိုက္ဆံလႊဲဖို႔အမ်ိဳးသားတစ္ဦးနဲ႔ ေျပာေနတာပါ….. အေမးအေျဖေတြလုပ္ေနရင္းနဲ႔ ဖုန္းက်သြားတယ္…. က်ေနာ္လည္း ပရဟိတကိစၥနဲ႔ ေလာေနတာမို႔ ေမ့သြားၿပီးေတာ့ အိမ္ေရာက္ေတာ့ ပင္ပန္းတာနဲ႔ တန္းအိပ္ေပ်ာ္သြားတာပါပဲ….

ဒီလိုနဲ႔ ည ၁၁ ေလာက္က်ေတာ့ က်ေနာ္ႏိုးလာပါတယ္…. ႏိုးလာေတာ့ ခ်က္ခ်င္းအေမ့ကို သတိရသြားၿပီး လွမ္းေခၚလိုက္ပါတယ္….သူက အိမ္ခန္းထဲကေန ဖုန္းတစ္လုံးနဲ႔ ထြက္လာပါတယ္…. က်ေနာ္နဲ႔မ်က္ႏွာခ်င္းဆိုင္ ဆိုဖာေပၚမွာထိုင္လိုက္ၿပီး သူကၿပဳံးၿပဳံးႀကီးနဲ႔ၾကည့္ၿပီး ေမးတယ္…. ” ကဲ…ေျပာ… ” ….အဲ့တာနဲ႔ က်ေနာ္က “အေမ… မနက္က သိန္း ၁၀၀ ကိစၥ ေျပာဦး… ဘာစီးပြားေရး အတြက္လဲ…. ?” ဆိုေတာ့ သူက ၿပဳံးၿပီးေျဖတယ္…. “ငါေနာက္အိမ္ေထာင္ျပဳေတာ့မယ္….. “တဲ့…

အဲ့အခ်ိန္မွာ ညအိပ္လာေစာင့္ေပးတဲ့ Leo ရယ္က်ေနာ္ရယ္ တစ္ေယာက္မ်က္ႏွာတစ္ေယာက္ၾကည့္ၿပီး ၿပဳံးစိစိျဖစ္သြားပါတယ္…. ( အမွန္အတိုင္းေျပာရရင္ သူ႔ကိုေနာင္အိမ္ေထာင္ျပဳတာ မျပဳတာထက္ သူေပ်ာ္ဖို႔အဓိက ဆိုတာပဲ ရင္ထဲရွိတာပါ… ) ….အဲ့တာနဲ႔ ” ဘယ္သူလဲ…??? ဘယ္ကလဲ ???? ဘာအလုပ္လုပ္လဲ??? ဘယ္လိုသိၾကတာလဲ ??? ” ေမးခြန္းေတြေမးျမန္းရတာေပါ့… အဲ့တာနဲ႔သူက ” သူ႔နာမည္က George ( ဆိုပါေတာ့ ) ….. သူက American Army က ဗိုလ္ခ်ဳပ္ႀကီး General တစ္ေယာက္….တစ္ခုလပ္…. သားသမီးေတာ့ရွိတယ္…. ဆုေတြလည္းအမ်ားႀကီးရထားတယ္…. fb သုံးရင္း ဆုံၾကတာေပါ့…. Fb မွာခင္ေနတာၾကာၿပီ….သူက အခု Propose လုပ္ထားတယ္…. လာမယ့္ December က်ရင္ ရန္ကုန္လာမယ္…. ငါ့ကို One million Dollar နဲ႔လာတင္ေတာင္းမယ္ ေျပာတယ္…. ငါကလည္းလက္ခံလိုက္တယ္…. နင္လည္း Us visa ေတြဘာေတြ လုပ္ထားဦး….အဆင္ေျပရင္ အားလုံးဟိုမွာ ေအးေဆးေန႐ုံပဲ…. ” ဆိုတာနဲ႔ က်ေနာ္ ေခါင္းႀကီးသြားပါတယ္…. ” အေမ မနက္က သိန္း ၁၀၀ ကိစၥကေရာ….? ” ဆိုေတာ့ သူက ” အခု George က Indonesia မွာအေျခက်ေနတယ္…. စစ္တပ္ကလႊတ္ထားတာ…. အခု Case တစ္ခုေၾကာင့္ၾကာေနတာ…. သူ႔ Visa card ကလည္းပ်က္ေနေတာ့ သူ႔မွာ Hotel ခ ေတြရွင္းဖို႔ အခက္အခဲျဖစ္ေနတယ္….အဲ့တာေၾကာင့္ ဒီကေန Hotel ခေတြလွမ္းပို႔ေပးေနရတာ…. December က်…သူလာလို႔ရွိရင္ George တင္ေတာင္းမယ့္ One million Dollar ထဲက ဆပ္လိုက္႐ုံပဲ…. ” လို႔ေျပာလိုက္တာနဲ႔ က်ေနာ္ထပ္ေမးလိုက္ပါတယ္…. ” အခုအဲ့သိန္း ၁၀၀ ေရာ ???? ” ဆိုေတာ့ ” ၉လပိုင္းတုန္းက မ** ဆီက ၂၃သိန္း ေခ်းၿပီး ပို႔ထားတာ….အခုသူက ေလာေနလို႔ သိန္း ၁၀၀ ထဲက ဆပ္လိုက္တယ္…. ” က်ေနာ္က ” အာ့ဆိုက်န္တဲ့ ၇၇ သိန္းေရာ….အေမ…. ” ဆိုေတာ့ ” Indonesia bank account ကိုအကုန္ပို႔လိုက္ၿပီ ” လို႔ေသြးေအးေအးနဲ႔ေျဖပါတယ္…. အဲ့တာနဲ႔ အဲ့ George ဆိုတဲ့လူရဲ႕ Fb Account ကိုယူၾကည့္မိေတာ့ သူ႔မွာ – ဝါးတားတား Profile pic ရယ္- ၂၀၁၃ ကတင္ထားတဲ့ ေလယာဥ္ပ်ံပုံ ရယ္က်ေနာ့္ အေမပုံနဲ႔ Cover pic ရယ္ဒါပဲရွိပါတယ္….

က်န္တဲ့ Personal info ေတြလည္း ဘာတစ္ခုမွမရွိတာနဲ႔ သူ႔ ProfileProfile Pic ကို download လုပ္ၿပီး Google Search မွာရွာမိေတာ့ အဲ့လူက George နာမည္နဲ႔မဟုတ္ပဲ အျခားနာမည္နဲ႔ တကယ့္လူတစ္ေယာက္ျဖစ္ေနပါတယ္….သူမွာလည္း လက္ရွိအိမ္ေထာင္နဲ႔ ကေလးေတြနဲ႔ အေမက်ေနာ့္ကိုျပတဲ့ သူဆုရထားတဲ့ ဓာတ္ပုံေတြလည္း တန္းစီေတြ႕လိုက္ပါတယ္…. အဲ့အခ်ိန္မွာ က်ေနာ္ အရမ္းလန္႔သြားၿပီး ” အေမ !!!!! အဲ့တာ Acc အတုႀကီး….. အေမ့ကို လိမ္စားသြားတာ…. ပုံအစစ္ေတြနဲ႔ လူလိမ္လုပ္သြားတာ…..!!!!! ” ဆိုၿပီး က်ေနာ္က အသားေတြ တစ္ဆက္ဆက္တုန္ေနခ်ိန္မွာ သူ႔မွာေတာ့ စိုးရိမ္စိတ္ေတာင္မျပပါဘူး…. ” အဲ့လိုမ်ိဳး ရွိလို႔လား…. ငါနဲ႔စကားေျပာေနတာ အေကာင္းပါပဲ…. နင္မွားတာေနမွာပါ ….” ဆိုၿပီး က်ေနာ့္ကို အသည္းယားေအာင္ေတာင္ ေျဖလိုက္ပါတယ္….

အဲ့အခ်ိန္မွာ Leo က ” အန္တီ အလိမ္ခံလိုက္ရၿပီ…. အခုလို Online မွာလိမ္စားေနတဲ့ လူေတြအမ်ားႀကီးပဲ….အစထဲက Russell ကိုတိုင္ပင္သင့္တယ္…. ” ဆိုေတာ့ က်ေနာ့္မွာ ေခါင္းထဲရွိတာက က်ေနာ္တို႔ ကိုယ္ပိုင္ ပိုက္ဆံမဟုတ္တဲ့ သူမ်ားပိုက္ဆံ သိန္း ၁၀၀ ပါပဲအခ်ိန္ကလည္း ည ၁၂နာရီနီးေနၿပီ…. ” မနက္က ေငြလႊဲတဲ့ေနရာကိုဖုန္းဆက္မယ္….ဖုန္းနံပါတ္ေပး…”ဆိုေတာ့ ” ဟာ…..ဒီအခ်ိန္သူမ်ားေတြ အိပ္ေနၿပီ…. မနက္က်မွ ဆက္…. ” ဆိုတာနဲ႔ က်ေနာ္က ” မရဘူး….!!!! အခုခ်က္ခ်င္း ဆက္မယ္ !!!! ဖုန္းနံပါတ္ေပး !!!!!!!! ” ဆိုၿပီး က်ိမ္းေမာင္းေတာ့မွ သူက ဖုန္းေခၚေပးပါတယ္… ဖုန္းေခၚေတာ့ သူက ကိုင္ၿပီး က်ေနာ္က ျဖစ္ေၾကာင္းကုန္စဥ္ေျပာျပလိုက္ေတာ့မွ အဲ့လူကေျပာတာက ” က်ေနာ္လည္း အမႀကီးကိုေျပာပါတယ္…. ဘာ ph no. Address. မွတ္ပုံတင္ မွ မရွိတဲ့ Account ကို ၇၇သိန္းလုံးပို႔မွာ ေသခ်ာရဲ႕လားဗ်ာ…???? ” လိုေမးေတာ့ အေမက ” ေသခ်ာတယ္….ပို႔လိုက္ပါ…. ” လို႔ေျပာပါတယ္…. အဲ့လိုနဲ႔ က်ေနာ္က ” အခု ပိုက္ဆံေတြ ျပန္လိုခ်င္လို႔…. အကို က်ေနာ့္ကို ကူညီေပးပါ…. ” ေျပာေတာ့မွ ” မနက္ေစာေစာ ၉ နာရီေလာက္လာခဲ့ပါ… က်ေနာ္ ရသေလာက္ ကူညီေပးမယ္…. ” ဆိုတာနဲ႔ ခ်က္ခ်င္းေနာက္ေန႔မနက္ က်ေနာ္ ၈နာရီထဲက သြားေစာင့္ေနပါတယ္…. ကံေကာင္းခ်င္ေတာ့ ပို႔လိုက္တဲ့ပိုက္ဆံေတြက Indonesia ဆီမေရာက္ေသးပဲ Bankgok ကသူတို႔႐ုံးခြဲ Account မွာပဲရွိေနေသးေတာ့ က်ေနာ္မွာ ေပ်ာ္သြားတဲ့အေပ်ာ္က ဘာနဲ႔မွလဲလိုရမယ္ မထင္ပါဘူးဗ်ာ….. ေငြေတြျပန္ထုတ္ေတာ့ ေငြအေျပာင္းအလဲနဲ႔ ၄သိန္းေလာက္ဆုံးသြားပါတယ္… ၇၃သိန္းျပန္ရလည္းမနည္းဘူး…ဆိုၿပီး အေဒၚကိုသြားေပးၿပီးတာနဲ႔ က်ေနာ္ ေတြးေနတာက သိန္း၁၀၀ ထဲက အေဒၚ့ကိုေပးရမယ့္ ၂၇ သိန္းကိုေတာ့ ေျဖးေျဖးခ်င္းဆက္သြားမယ္ေပါ့…. အေဒၚကလည္း ” အတိုးမယူဘူး….ရရင္ရသလိုလာဆပ္ေနာ္ ” ဆိုလို႔ က်ေနာ့္မွာ အလုံးႀကီးက်သြားခ်ိန္မွာ အေမ့ဆီက ထပ္ၾကားရတဲ့ စကားေၾကာင့္ သတ္ေသခ်င္စိတ္ေပါက္သြားပါတယ္….

အဲ့တာကေတာ့ အဲ့ George ဆိုတဲ့ေကာင္ကို က်ေနာ္တို႔မသိခင္ ၆လပိုင္းထဲက အဲ့ေကာင္က လစဥ္ပုံမွန္ ပိုက္ဆံေတြေတာင္းေနတာတဲ့ဗ်ာ…..၆ လပိုင္းတုန္းက ၂၂ သိန္း၇ လပိုင္းတုန္းက ၂၅ သိန္း၈ လပိုင္းတုန္းက ၂၂သိန္း ေပါင္း ၆၉ သိန္း လူသုံးေယာက္စီမွာ ပတ္ၿပီးေခ်းထားပါတယ္တဲ့….က်ေနာ္႐ူးၿပီေလဗ်ာ….. သီခ်င္းတစ္ပြဲဆိုရင္ ၅ေသာင္း ၁သိန္းထက္ပိုမရေသးတဲ့အခ်ိန္မွာ ကိုယ္ေတာင္မသိလိုက္ ျမင္ေတာင္မျမင္လိုက္ရတဲ့ ၉၆ သိန္းကို က်ေနာ္ဘယ္ကေန ဆပ္ရမွာလဲ…. ၿပီးေတာ့ သူကလြယ္လြယ္ေလးေျပာတယ္ ” အိမ္ေရာင္းမယ္…. အခန္းငွားေနမယ္ ” ဆိုေတာ့ ဒီေခတ္ႀကီးမွာ အခန္းငွားေနရတာ ဘယ္ေလာက္ခက္လဲဆိုတာ က်ေနာ္အသိဆုံး….ဘယ္လိုနည္းနဲမွ အိမ္ေတာ့အေရာင္းမခံႏိုင္ဘူး ရေအာင္ဆပ္မယ္ဆိုၿပီး အားတင္းရင္းနဲ႔….. ငိုလိုက္ စိတ္ဓာတ္ေတြက်လိုက္ ႐ူးမလိုျဖစ္လိုက္ ေသခ်င္လိုက္နဲ႔ က်ေနာ္ဆုံးျဖတ္ခ်က္ခ်လိုက္တယ္….
ျဖစ္ၿပီးတာေတြလည္း ၿပီးၿပီ…. သူ႔ကိုလည္း ေနာက္ေနာင္ဒီလိုကိစၥေတြထပ္မျဖစ္ဖို႔ ကတိေပးပါ…ရေအာင္ဆပ္ေပးမယ္… ဘယ္လိုနည္းနဲ႔ပဲျဖစ္ျဖစ္ ရေအာင္ရွာမယ္…. လို႔ဆုံးျဖတ္ခ်က္ခ်ရင္းနဲ႔ပဲ သီခ်င္းေတြဆိုလိုက္ Mc ေတြလုပ္လိုက္ ေၾကာ္ျငာေလးေျပး႐ိုက္လိုက္နဲ႔ပဲ ဒီေန႔ေတာ့ ရွိသမွ်အေႂကြးမ်ား လုံးဝေၾကသြားပါၿပီ….သူလည္း လုံးဝမွတ္သြားပါၿပီ….မမွတ္လည္းမရေတာ့တဲ့ အေျခအေနပါ….

က်ေနာ္ေျပာခ်င္တာက အခုလိုကိစၥေတြျဖစ္ၿပီးတဲ့ေနာက္မွာ အခုလိုပဲ ျဖစ္ရပ္ေတြအမ်ားႀကီးရွိတယ္ဆိုတာပါပဲ…. အႏုပညာအသိုင္းအဝိုင္းထဲက လူႀကီးပိုင္းေတြလည္းပါတယ္ေျပာၾကတယ္….တစ္ခ်ိဳ႕ဆို အိမ္ေတြၿခံေတြ ပိုင္ဆိုင္မႈေတြပါ ေရာင္းၿပီး အိမ္ငွားေနရတဲ့ဘဝ ေရာက္သြားၾကတယ္…. က်ေနာ္က ဒီေလာက္နဲ႔ပဲမို႔ ေတာ္ေသးတယ္ေျပာရမယ္….ဒါကရွက္စရာမဟုတ္ပါဘူး…. အသက္ႀကီးတဲ့လူေတြကို ပစ္မထားၾကပါနဲ႔…. အထူးသျဖင့္ Social media မွာအထူးသတိထားပါ…. ျဖစ္ႏိုင္ရင္ Password ေတြသိေအာင္လုပ္ပါ…. ကိုယ္တိုင္ Superviseလုပ္ေပးပါ….အခ်ိန္လြန္ အသက္ႀကီးမွ ဒုကၡေရာက္မယ့္အျဖစ္မ်ိဳး မႀကဳံရပါေစနဲ႔လို႔ဆုေတာင္းရင္း အဆုံးသတ္လိုက္ပါတယ္…..”ဆိုတဲ့စာေလးနဲ႔ မိခင္ႀကီးအေႂကြးေတြကိုအေၾကဆပ္ေပးခဲ့ေၾကာင္းေျပာျပခဲ့တာပါ။ CeleGabarပရိသတ္ႀကီးေရ သားလိမၼာေလးRussellကေတာ့ တကယ့္ကိုခ်ီးက်ဴးစရာလူငယ္တစ္ေယာက္ပါပဲေနာ္။

Koe -CeleGabar
Source- Russell

Check Also

” Youtube Channel မှာ Subscribersအယောက်၁သိန်းပြည့်သွားခဲ့တာကြောင့် Youtubeကပေးတဲ့ Creator Awardလေး ရရှိခဲ့ကြောင်း ဝမ်းသာစွာ ပြောပြလာတဲ့ ယွန်းမြတ်သူ”

CeleGabar ပရိသတ်ကြီးရေယွန်းမြတ်သူကတော့လတ်တလောမှာ ပရိသတ်ပါးစပ်ဖျားမှာရေပန်းအစားဆုံး သီချင်းရဲ့ပိုင်ရှင်လို့ဆိုရမှာပါ။ ပထမCovidကာလမှာလည်း သူမရဲ့အဆင်ပြေမနေပါဘူးသီချင်းဟာ ပရိသတ်တွေအတွက် ရေပန်းစားခဲ့ပြီး အခုဒုတိယ Covidကာလမှာဆိုရင်လည်း သီချင်းမထွက်ခင်ကတည်းကသူမရဲ့ ”နင်လမ်းတွေ့ခဲ့ရင်”သီချင်းဟာ ပရိသတ်တွေပါးစပ်ဖျားနေရာယူထားခဲ့တဲ့သီချင်းဖြစ်ခဲ့တာပါ။ လက်တလောမှာလည်းအသစ်စက်စက်ထွက်ရှိထားတဲ့𝘽𝙍𝘼𝙄𝙉𝙇𝙀𝙎𝙎 Music …

x